စောကျော်ငြိမ်း

စစ်ရှောင်နဲ့ CDM တွေစားသုံးဖို့ S&C အဖွဲ့က သီးနှံတွေထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်တချို့မှာ စားသောက်ဖို့ခက်ခဲနေတဲ့ ပြည်သူတွေအတွက် ဇူလိုင်လအတွင်းမှာ အသီးအနှံတွေစိုက်ပျိုးထောက်ပံ့နေပြီး၊ စိုက်ခင်းထပ်မံတိုးချဲ့ဖို့အတွက်လည်း လုပ်ကိုင်နေတယ်လို့ မီးဘေး၊ စစ်ဘေးနဲ့ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ S&C ထံက သိရပါတယ်။

ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး အညာမှာ ဘာတွေလုပ်နေလဲ (ရုပ်/သံ)

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Monywa People Defence Force(MPDF) ကို ဇွန်လ ၆ ရက် ၂၀၂၁ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဗမာတစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက်ရည်ရွယ်ပြီး MPDF ကို ဖျက်သိမ်းကာ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး Burma Liberation Democratic Front - BLDF ကို တပ်ခွဲ ၆ ခုနဲ့ ၂၀၂၂ ခုနှစ်အစပိုင်းမှာ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

စလင်းပကဖ က ရဲဘော်တွေနဲ့ပြည်သူတချို့ကို သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းပေး

"ဆေးကုသဖို့ စိတ်ဝင်စားတဲ့ ရဲဘော်တွေကို ကျွမ်းကျင်အောင် သင်ပေးတာပါ။ စာတွေ့၊ လက်တွေ့ သင်ပေးတယ်။ သင်ထောက်ကူပစ္စည်းနဲ့ဆေးဝါးတွေ လိုအပ်ချက်ရှိနေပါတယ်" လို့ စလင်းပကဖ တာဝန်ခံ M ဖိုးက မြေလတ်အသံကိုပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့ တော်လှန်အနုပညာနဲ့ ရံပုံငွေရှာဖွေနေ (ရုပ်\သံ)

မေလလယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှိ့ဖျက်ဆီးခဲ့တာကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ရှောင်နေရတဲ့ ညောင်ပင်ကြီးကျေးရွာနဲ့အနီးနားက မီးဘေးသင့် ပြည်သူတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် ထောက်ပံ့ပေးဖို့ ရံပုံငွေရှာဖွေနေတာလို့ ဆိုပါတယ်။

တော်လှန်ရေးသွေးမအေးဖို့ တော်လှန်ရေးရုပ်ရှင်တွေ ပြသနေ (ရုပ်/သံ)

" စကစ ရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေက အထိနာနေပါတယ်။ ပြည်သူတွေကို အားပေးစကား ပြောရင်း ပြသရတာပါ"

နှစ် ၅၀ အတွင်းအဆိုးရွားဆုံး ပဲခူးမြို့ရေကြီးမှု နောက်ဆုံးရအခြေအနေ (ရုပ်/သံ)

နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးလို့ဆိုနိုင်တဲ့ ပဲခူးမြို့ရေကြီးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီအထိ စုံစမ်းမေးမြန်းရသမျှတွေကို မြေလတ်အသံသတင်းဌာနက စုစည်းဖော်ပြပေးမှာပါ။

ထုံးချောင်းရွာ ကမ်းပြိုလို့ အိမ်တွေ ရွှေ့ပြောင်းဖို့ အကူအညီတွေ လိုအပ်နေ (ရုပ်/သံ)

ကမ်းပါးပြိုကျနေတဲ့ ထုံးချောင်းရွာဟာ လူနေအိမ်နဲ့ ကမ်းပါးမှာ ၁၅ ပေခန့်သာ ကွာဝေးတဲ့အတွက် ရွာရဲ့အနောက်ဘက် ကိုက် ၅၀၀ ကျော်အကွာ ရွာအတွင်းပိုင်းနေရာတွေကို ပြောင်းရွှေ့ရမှာဖြစ်တယ်လို့ ဆရာတော်က ဆက်လက်မိန့်ပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၈ ဆေးတပ်ဖွဲ့က ၁ လအတွင်း စစ်ရှောင်နဲ့ပြည်သူလူနာ ၄၀၀ ကျော်ကိုဆေးကုသပေးခဲ့

စစ်ကိုင်းတိုင်း၊ အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းဆေးတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့စက်တင်ဘာ တလတာအတွင်း စစ်ရှောင်နဲ့ဒေသခံ လူနာ ၄၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့ တပ်ရင်းပြည်သူ့ဆက်ဆံရေးဌာန၊ ကျန်းမာရေးဌာနခွဲဆီက သိရပါတယ်။

မင်းဘူးမှာ PDF တွေရဲ့ရိက္ခာစိုက်ခင်းမှာ ဒေသခံပြည်သူတွေက ပါဝင်ကူညီ

" စိုက်ဖို့မြေနေရာကို ပြည်သူတွေက ငှားပေးတယ်။ မျိုးစပါးရော စပါးစိုက်တဲ့အချိန်လည်းကူညီပေးတယ်။ တပ်ရင်းရိက္ခာဖူလုံဖို့ စိုက်ရတာပါ "

မြောင်မြို့နယ်မှာ  ဆရာများနေ့အဖြစ် သစ်ပင်စိုက်တာနဲ့ ဖန်တီးမှုစွမ်းရည်ပြပွဲတွေ ပြုလုပ်

"ကလေးတွေကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိစေချင်တယ်။ ဒီလှုပ်ရှားမှုကနေ ဗဟုသုတရဖို့ မျှဝေပေးရတာပါ။ သူတို့အိမ်ကယူလာတဲ့ သစ်ပင်တွေလည်း စိုက်ပျိုးဖြစ်ခဲ့တယ်"

မြိုင်နဲ့ပေါက်မြို့နယ်တွေထဲမှာ စစ်ကောင်စီက စာသင်ကျောင်းနဲ့ နေအိမ်တွေကိုမီးရှို့၊  ဒေသခံတွေကိုလည်း ဖမ်းထား

ဝက်ကျရွာထဲကို စစ်ကောင်စီတပ်က အခုလိုဝင်ရောက်မွှေနှောက်တာဟာ ၄ ကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း နဲ့ ဒေသခံတွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေတာ ဒီနေ့နဲ့ဆို ၁၀ ရက်လောက်ကြာလာလို့ အိမ်ကယူဆောင်လာတဲ့ စားသောက်စရာတွေလည်းပြတ်လပ်ကာ စားသောက်ဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဝက်ကျဒေသခံက ဆက်ပြောပါတယ်။

ကျဆုံးရဲဘော်ရဲ့ ကျန်ရစ်သူ ချို့တဲ့မိသားစုဝင် ၅ ဦးကို ထောက်ပံ့ဖို့ အကူအညီလိုအပ်နေ

"ရဲဘော်ရဲ့မိသားစုကို မထောက်ပံ့နိုင်သေးပါဘူး။ သူတို့က လက်လုပ်လက်စားတွေဆိုတော့ ချို့တဲ့ကြတယ်။ ထောက်ပံ့ပေးဖို့ အကူအညီလိုအပ်နေတာပါ"

တိုက်ပွဲနားချိန်မှာ ပြည်သူအကျိုးပြုလုပ်ငန်းတွေ ကူညီလုပ်ပေးနေတဲ့ YPDF တပ်ဖွဲ့

" ပြည်သူမှပြည်သူသို့ ဆိုတဲ့အတိုင်း ကူညီရတာပါ။ တော်လှန်ရေးမှာ ပြည်သူတရပ်လုံး ပါဝင်မှ အောင်နိုင်မယ်။ တိုက်ပွဲဝင်ရင်းနဲ့ ပြည်သူကိုလည်း စည်းရုံးရင်း နိုင်သမျှကူညီပေးဖြစ်ပါတယ် "

ပျူစောထီးမလုပ်ချင်လို့ ကာလရှည်ကြာ အိုးအိမ်စွန့်ခွါ ရှောင်တိမ်းနေသူတွေကို ငွေကြေးထောက်ပံ့

"အဝေးရိပ်အဖွဲ့က စစ်ရှောင်တွေကို ပထမဆုံးထောက်ပံ့ပေးတာပါ။ အမြဲတမ်းစစ်ရှောင်တွေက စားသောက်ဖို့ခက်ခဲနေကြတယ်။ သူတို့ကလည်း အကူအညီတောင်းထားလို့ ထောက်ပံ့ပေးလိုက်ပါတယ်"

ဂန့်ဂေါတိုက်ပွဲမှာကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးအတွက် YDF က ရက်လည်ဆွမ်းသွတ်ပြုလုပ်

"စစ်တပ်နဲ့ထိပ်တိုက်တွေ့လို့ အနီးကပ်တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်။ ရှေ့တန်းမှာပဲ သင်္ဂြိုဟ်ခဲ့ရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10