စောကျော်ငြိမ်း

ဒီပဲယင်းတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးခန့်သေဆုံးနိုင်ပြီး PDF ၇ ဦး ဒဏ်ရာရရှိ (ရုပ်/သံ)

"ကျနော်တို့ဘက်က နေရာစုံမှာ လူခွဲစောင့်ပြီးတိုက်ခိုက်ခဲ့တယ်။ စစ်သားတွေက ရွာထဲကို လူစုခွဲခွဲပြီး ဝင်လာကြတာ။ နောက်ကဝင်လာတဲ့အဖွဲ့ကို မိုင်း ၅ လုံးပွိုင့်ခွဲခဲ့တယ်။ ၃ ဦးက မြောက်တက်သွားပြီးတော့ ၇ ဦးကလည်း လဲကျနေတာ မြင်လိုက်ရတယ်။ ၁၀ ဦးလောက်သေဆုံးပြီး ဒဏ်ရာရတာတွေလည်း များတယ်"လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။

ဒီပဲယင်းမှာ စားရေးခက်နေတဲ့ စစ်ရှောင်ပြည်သူတွေကို ရိက္ခာနဲ့ငွေကြေးထောက်ပံ့

"Camp ၅ ခုကို ထောက်ပံ့ခဲ့ပါတယ်။ ဆီ၊ ငွေ နဲ့အသီးအနှံတွေ ကူညီခဲ့တာပါ။ တချို့စစ်ရှောင်တွေဆို လူချည်းပဲပြေးလာရတာတွေရှိတယ်။ စားဖို့က အရင်ဦးဆုံးခက်ခဲနေလို့ အခုလိုကူညီထောက်ပံ့ရတာပါ။ လူတွေကတော့ စုဖွဲ့နေတာရော လမ်းဘေးမှာရောဖြစ်သလိုနေကြရတယ်" လို့ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေလယ်ကျွန်းမှာ စစ်ရှောင်ကလေးငယ် ၁ ဦးသွားကိုက်ဝေဒနာဖြစ်ရာက သေဆုံး

"ကလေးကထူထူထောင်ထောင် ရှိနေတာပါ။ဆေးခန်းလည်း တခါပြထားတယ်။ ညပိုင်း ၈ နာရီလောက်မှာ အခြေနေဆိုးလာတယ်။ အော်ဟစ်နေတာပေါ့။ ဆေးပေးခန်းကိုသွားတော့ အချိန်လွန်သွားပြီတဲ့။ မနက်ကြတော့ ကလေးမလေး ဆုံးရှာတယ်" လို့ ကူညီလုပ်ကိုင်ပေးသူတဦးက ပြောပါတယ်။

ဂန့်ဂေါနယ်မှာ မိုးများပြီး ချောင်းရေကြီးလို့ တံတားပျက်စီးကာ သွားလာရခက်ခဲနေ (ရုပ်/သံ)

၂ ရက်ဆက်တိုက် မိုးရွာသွန်းတာကြောင့် ဂန့်ဂေါမြို့နဲ့ ၁၆ မိုင်ကျော်ဝေးတဲ့ ထယ်လှော်ကျေးရွာတောင်ဘက်က တင်းလဲချောင်းနဲ့ မြောက်ဘက်က လောင်ဂတ်ချောင်း ၂ ခုစလုံးမှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။

ဂန့်ဂေါနယ်မှာ ၂ ရက်ဆက်တိုက်မိုးရွာလို့ နေအိမ်နဲ့ပစ္စည်းတွေ ချောင်းထဲမျောပါ

"တရွာလုံးစစ်ရှောင်ပြီး တောထဲနဲ့ ချောင်းကမ်းနားမှာနေကြတယ်။ တဲ ၅ လုံး၊ ဆန်၊ ဆီ၊ စပါး၊ လှည်း၊ အဝတ်အထည်နဲ့ စားစရာတွေ ရေထဲမျောပါသွားတယ်။ စားသောက်နေထိုင်ဖို့ ခက်ခဲနေကြတယ်။ တုပ်ကွေးဖျားနေကြတဲ့သူတွေလည်း များတယ်"

ပုလဲနယ်ကို စစ်ကြောင်းဝင်လို့ ရွာ ၁၀ ရွာက ဒေသခံ ၆ ထောင်ကျော် တိမ်းရှောင်ရ

"ဒီစစ်ကြောင်းက ရွာကအိမ်တွေ မီးရှို့သွားတာတော့ မရှိသေးပါဘူး။ ပျူရွာအတွက် ရိက္ခာရှာပေးဖို့လာတာ ဖြစ်ဖို့များတယ်။ နယ်မြေရှင်းလင်းရေးလုပ်တာတော့ မဟုတ်ဘူး။ အခုထိ မီးရှို့တာ၊ ဖမ်းဆီးတာ မရှိသေးပါဘူး"

ဝက်လက်က မီးဘေးရှောင်ပြည်သူတွေကို အသုံးအဆောင်ပစ္စည်းတွေထောက်ပံ့

"ကျနော်တို့ သပိတ်ကော်မတီဆိုတာ ပြည်သူမရှိဘဲနဲ့ ရပ်တည်လို့မရပါဘူး။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကျနော်တို့တတ်နိုင်တဲ့ဘက်က အကူအညီပေးရတာပါ။ သူတို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ကူညီပေးတဲ့ သဘောဖြစ်တယ်"

မုံရွာမှာ စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး အမျိုးသမီးငယ်တဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ

အဲ့ဒီစစ်ကောင်စီအဖွဲ့တွေဟာ မနေ့ညနေ ၅ နာရီလောက်က ၄၀ မမ၊ ၆၀ မမ စတဲ့လက်နက်တွေနဲ့ ပစ်ခတ်ရာ တပ်စွဲထားရာနေရာနဲ့ မီတာ ၂၀၀ လောက်ဝေးတဲ့ မအူရွာကို ကျည်ကျရောက်ခဲ့တာကြောင့် ၁၆ နှစ်အရွယ် ရွာခံအမျိုးသမီးငယ်တဦး ကျည်ထိမှန်သေဆုံးခဲ့ကာ သူရဲ့မိခင်ဖြစ်သူ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ ၅၃ နှစ်အရွယ် အမျိုးသမီးတဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရေလယ်ကျွန်းက စစ်ရှောင်တွေကို ဆန်နဲ့မိုးကာ ထောက်ပံ့

"သူတို့ ဒုက္ခရောက်နေတာကို ပစ်မထားပဲ ထောက်ပံ့ပေးတဲ့သဘောပါ။ အခက်ခဲတွေကတော့ အစားအသောက် နေထိုင်ဖို့ကအစ ခက်ခဲနေကြတယ်။ ကျနော်တို့လည်း သုံးလမှတကြိမ်ပဲ ထောက်ပံ့နိုင်တယ်" လို့ ရေစကြိုမြို့နယ် လူသားချင်းစာနာကူညီရေးအဖွဲ့ရဲ့ ရေလယ်ကျွန်းဒေသ တာဝန်ခံက ပြောပါတယ်။

စစ်သင်္ဘောလုံခြုံရေးယူပြီးပြန်လာတဲ့ စစ်သားတွေမိုင်းဆွဲခံရလို့ ၂ ဦး ဒဏ်ရာပြင်းထန်ဟုဆို

"ပခုက္ကူကနေ စစ်သင်္ဘောတက်လာတာကို ကာတဲ့အဖွဲ့ပေါ့ဗျာ။ ဆင်ချောင်းကနေတဆင့် ကမ်းပါးဘေးကို သွားကာကြတာ။ ကျနော်တို့က သူတို့အပြန်ကိုစောင့်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်** ၂ ကောင်ဒဏ်ရာရတာ ပြင်းထန်တယ်"

ပဲခူးမြေမှာ မိစ္ဆာရှင်းမယ့်ကမ်ပိန်း ထောက်ပံ့ငွေပြည့်ရန် ၄၀ ရာခိုင်နှုန်းလိုအပ်နေသေး

ထောက်ပို့ငွေကျပ်သိန်း ၅၀၀၀ ရရှိပါက ပြည်ခရိုင်တပ်ရင်း ၃၆၀၁၊ ၃၆၀၂၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ ၃၈၀၂၊ တောင်ငူခရိုင်တပ်ရင်း ၃၅၀၁၊ ၃၅၀၂ နဲ့ ပဲခူးခရိုင်တပ်ရင်း ၃၇၀၁၊ ၃၇၀၂ စတဲ့ တပ်ရင်း ၁ ရင်းစီအတွက် နိုင်ငံခြားထုတ် ၄၀ မမ ၂ လက်၊ ပြည်တွင်းထုတ် ၄၀ မမ ၁၀ လက်စီကို ဖြည့်ဆည်း တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပေါက်မှာ ပျူစောထီးရန်ကြောက်လို့ ရွာမပြန်ရဲတဲ့ စစ်ရှောင် ၇၀၀ ကျော် စားသောက်ရေးခက်ခဲနေ

"ပျူရွာတွေနဲ့နီးလို့ တယောက်မှ ရွာပြန်မကပ်နိုင်ကြသေးဘူး။ စားဝတ်နေရေးက အဆင်မပြေကြဘူးလေ။ အလုပ်လည်းမရှိကြဘူး။ အသိမိတ်ဆွေတွေ ကျွေးတာပေးတာစားနေရတယ်။ ဘာမှလည်း ပါမလာကြဘူးလေ။ အကုန်မီးထဲပါကုန်ကြတာ" လို့ ချောင်းနားရွာဟောင်း ရွာသားတဦးက မြေလတ်အသံကိုပြောပါတယ်။

ပြည်မြို့မှာ ကားတစီး လမ်းဘေးသစ်ပင်ဝင်တိုက်ပြီး ယာဉ်မောင်း ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

"ကားက ဘယ်ကလာတယ်ဆိုတာ မသိရပါဘူး။ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိတာ။ ကားထဲမှာ အမျိုးသား ၃ ဦး ညှပ်ပြီး ပိတ်မိနေလို့ ဝိုင်းဝန်းကယ်ထုတ်ခဲ့ရတယ်" လို့ ပရဟိတပါရမီအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အုတ်ဖိုကကေတီဗီဆိုင်ကို ဗုံးနဲ့တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူကို UGF က တောင်းပန်စကားဆို

" အဲ့ဒီဆိုင်မှာ လောင်းကစားဝိုင်းမျိုးစုံလုပ်နေကြတယ်။ ပြည်သူတွေက တိုင်တာများလို့ စကစ ဘက်တော်သားတွေကို ဗုံးနဲ့ပစ်ခတ်တိုက်ခဲ့တာပါ။ ဘာမှမဆိုင်တဲ့ ဝန်ထမ်းကို ထိခိုက်မိလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အခုလိုတိုက်ခိုက်ရာမှာ အပြစ်မဲ့ပြည်သူတဦးဒဏ်ရာရခဲ့လို့ ကျနော်တို့အဖွဲ့ကတောင်းပန်ပါတယ်"

"ထန်းလျှော်တွေ မီးရှို့ခံရလို့ အလုပ်လက်မဲ့ဖြစ်ရတဲ့ မိရိုးဖလာတောင်းရက်သူတွေ"

ထန်းတောင်းရက်လုပ်ရာမှာ ကုန်ကြမ်းဖြစ်တဲ့ လျှော်ထန်းလက်တွေကို တနှစ်မှာတခါသာ တပေါင်းလနဲ့ တန်ခူးလတွေမှာ ချိုင်ကြတယ်လို့ ဆိုကြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထန်းတောင်းရက်လုပ်ဖို့ သိုလှောင်ထားတဲ့ လျှော်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ကုန်ကြမ်းရှားပါးမှုဒဏ်ကို ခံနေရပြီး တောင်းရက်လုပ်တဲ့သူတွေဟာ ကြုံရာကျပန်းအလုပ်မျိုးတွေ ဝင်လုပ်နေကြရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10