ယင်းမာပင်ခရိုင် အမှတ် ၂၁ တပ်ရင်းက ကျဆုံးရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး
“မိုင်းစထိမှန်ကာ လက်နဲ့ခြေတွေမှာ ဒဏ်ရာရပြီးနေရာမှာပဲ ကျဆုံးခဲ့တာပါ။ ခမ်းခမ်းနားနား သင်္ဂြိုဟ်ခဲ့ပါတယ်"
“မိုင်းစထိမှန်ကာ လက်နဲ့ခြေတွေမှာ ဒဏ်ရာရပြီးနေရာမှာပဲ ကျဆုံးခဲ့တာပါ။ ခမ်းခမ်းနားနား သင်္ဂြိုဟ်ခဲ့ပါတယ်"
" NLD ပါတီဝင်တွေ ဝန်ကြီး၊ အမတ်နဲ့ ကျနော်တို့ရဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အမေဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင် တော်တော်များများကို မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့်ပေးတယ်ဆိုတာ ကျနော်တို့အနေနဲ့ မကြားရသေးဘူး။"
“အဲဒီစစ်သားတွေက ထွေအုပ်ရုံးရဲ့နောက်ကတန်းလျားမှာနေတာ။ ဘာကြောင့်လို့တော့ မသိရဘူး။ ပါးစပ်ထဲကို သေနတ်ပြောင်းဝထည့်ပြီး သူ့ကိုယ်သူပစ်သေသွားတာ။ ဘယ်ကပစတပ်ကဆိုတာတော့ မသိရဘူး“
“ကျနော်တို့က ဆိုင်ကယ်တွေနဲ့သွားပြီး အနီးကပ်တိုက်ခိုက်ခဲ့တာပါ။ မျက်မြင်တွေ့ရတာတော့ စစ်သား ၂ ဦး လဲကျသွားတယ်။ တိုက်ခိုက်မှုအပြီးမှာ ပတ်ဝန်းကျင်ကို ရှာဖွေမှုတွေပြုလုပ်ပြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်”
ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ နဲ့ အ.ထ.က ကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂ တို့ပူးပေါင်းကာ ကြို့ပင်ကောက်မြို့နယ် တနေရာတွင် "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့" စာသားပါဘန်နာကို ချိတ်ဆွဲခဲ့ကြတာ ဖြစ်ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ကံတင်ဘီးလင်းဆည်အတွင်း နေထိုင်တဲ့ ပြည်သူတွေကို စစ်ကောင်စီက နှင်ထုတ်ပြီး ပြည်သူပိုင် စက်လှေအချို့ကို သိမ်းယူနေလို့ ပြောင်းရွှေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့တောင်ဘက်အနီးက ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “ဟမွန်း” (HAMOON)ဟာ အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေတာကြောင့် မြန်မာနိုင်ငံဒေသအလိုက် ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒက အောက်တိုဘာ ၂၅ ရက် ဒီမနက် ၇ နာရီက သတင်းထုတ်ပြန်ထားပါတယ်။
“မိုးရွာသွန်းမှုများပြီး မြေပြိုကျနေလို့ ခရီးသွားတွေ လမ်းပိတ်နေလို့ ပြည်သူ့အကျိူးပြုအနေနဲ့ လမ်းရှင်းပေးတာပါ။ ပြည်သူတွေလည်း လူအား၊ ငွေအား ပါဝင်ပါတယ်"
“ဆီထွက်သီးနှံစိုက်ပျိုးပြီးရင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေ၊ Local ကာကွယ်ရေးအဖွဲ့တွေနဲ့ နွမ်းပါးတဲ့ ပြည်သူတွေဆီကို ဆီတွေထောက်ပံ့သွားဖို့ အဓိကစိုက်ပျိုးခဲ့တာပါ “
“နောက်ကျန် ၃ ကောင်ကိုအပိုင်ဝင်တွယ်တာ။ အဲ့မှာ ပစ်ကြတော့ ကျန်တဲ့ ၂ ယောက်က အဝေးကနေပဲလှမ်းပစ်ပြီး ပြေးသွားတော့ တယောက်ထဲကျန်ခဲ့တာ။ အရှင်ဖမ်းမလို့ကို ပြန်ခုခံလို့ အသေဖမ်းလိုက်ရတာ “
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် PDF တွေဆီကို အသီးသီး CDM ဝင်သွားတဲ့ ဆင်ဦးစီးမိသားစုဝင် ၄၀ လောက်နဲ့ ဆင် ၁၃ ကောင်ကို ပြန်ရဖို့ စစ်ကောင်စီကြိုးစားနေပါတယ်။
ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းမှာ ရှိနေတဲ့ ခလရ ၅၄ က စစ်အုပ်စုအင်အား ၅၀ ဦးလောက်ကို မနေ့မနက် ၆ နာရီခွဲလောက်မှာ ဒရုန်းနဲ့ဗုံးသီး ၁၉ လုံးချတိုက်ခိုက်ပြီး နေ့လယ် ၁ နာရီလောက်မှာ ဗုံးသီး ၁၇ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
”ကင်းလှည့်သွားရင်းတိုးလို့ လက်ဦးမှုယူပြီး လက်နက်ငယ်နဲ့ပစ်တာမှာ စစ်သားတဦး အရုပ်ကြိုး ပြတ်လဲကျသွားတယ်“
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ အောက်တိုဘာ ၂၂ ရက် မနေ့ တရက်တည်းမှာပဲ မီးလောင်မှုတွေဖြစ်ပွားလို့ နေအိမ် ၄ လုံး ဆုံးရှုံးခဲ့တယ်လို ဒေသခံတွေထံက ပြောပါတယ်။
"သူတို့ဆန္ဒနဲ့ CDM ဝင်လာတာကို နတ်တလင်းထွေအုပ်တို့၊ သစ်တောတို့က PDF တွေက ဆင်စခန်းကို PDF တိုက်လို့ ပါသွားတာဆိုပြီး အထက်ကိုလိမ်ပြီးတင်တာ။ အဲ့ဒါကို အထက်က လူကြီးဆိုသူတွေ ရောက်လာပြီး ပြန်ရဖို့ စည်းဝေးလုပ်တာ။ စစ်တပ်ဘက်က ဘယ်လိုလုပ်မယ်ဆိုတာတော့ မသိရသေးဘူး“