ခန့်အောင်

ပေါင်းတည်မှာ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိ

“စနိုက်ပါနဲ အရင်ပစ်ပြီး တပြိုင်နက်ထဲမှာပဲ အသင့်နေရာယူထားတဲ့ နေရာတွေကနေပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ“

ဂန့်ဂေါမှာ မြေကျင်းတူးနေတဲ့ စစ်အုပ်စုဝင် ၁ ဦးသေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံး

“တယောက်ကိုတော့ မှောက်သွားအောင် ထိထိရောက်ရောက် ပစ်နိုင်ခဲ့ပါတယ်" လို့ ABSDF Column - 3 ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

မတ္တရာက စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးသူများပြားပြီး မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ဒရုန်းတစီးလည်း ဆုံးရှုံး

“ပထမအကြိမ်ချတုန်းက ပစ်မှတ်ကို တည့်တည့်ကျတယ်။ ဒုတိယအကြိမ်မှာ စစ်ခွေးတွေပစ်တဲ့ Drone Killer ထိပြီးပျက်ကျသွားလို့ ဒရုန်းပြန်ရအောင်ဆိုပြီး လက်နက်ငယ်တွေနဲ့ ဓါတ်တိုင် ၂ ခန်းကျော်လောက်ကနေအနီးကပ် ဝင်တိုက်တာ။ အဲ့မှာလည်း စစ်သားတွေထိခိုက်ဒဏ်ရာရတာတွေများတယ်"

မြိုင်မှာ PDF က မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီ ၄ ဦးသေ (ရုပ်/သံ)

အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းတောမရွာကနေ ဆုံကုန်းရွာဘက် ခြေလျင်လာ တာကို ၂ ရွာ ကြားကနေ မနက် ၁၁ နာရီလောက်မှာ ရှေ့ထွက် မိုင်း ၁၆ လုံးအပြင် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အရာတော်မှာ ပျူစောထီးတဦးရဲ့ နာရေးကျင်းပနေတာကို  PDF က တိုက်ခိုက်

ပူးပေါင်းအဖွဲ့က ငွေတွင်းကျေးရွာက ပျူစောထီးစခန်း၊ နာရေးအိမ်နဲ့ လုပ်တိုင်ကုန်း(သင်္ချိုင်းကုန်း)တို့ကို ဒရုန်းအကြီးစား ၄ စီးနဲ့ ဗုံးသီး ၁၀ လုံး၊ Shar Htoo War နည်းပညာ ဒရုန်းလေယာဉ်ငယ်နဲ့ ဗုံးသီး ၅ လုံး စုစုပေါင်း ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးငယ်တွေနဲ့လည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီက လုံခြုံရေးအပြည့်နဲ့ လူဦးရေစာရင်းကောက်နေ

"ရွာထဲမှာ လက်နက်တကားကားနဲ့ တအိမ်တက်ဆင်း လာပြီးမေးတာ။ပြီးတော့မှ မှတ်ပုံတင်နဲ့အိမ်ထောင်စုဇယားကိုယူပြီး စကစကသတ်မှတ်တဲ့ ဘုန်းကြီးကျောင်း စုရပ်ကိုသွားပြီးမှ သူတို့မေးသမျှ ဖြေရတာ။ အိမ်မှာ ဘယ်နှစ်ဦးနေလဲ၊ ဘာလုပ်လဲ၊ ဘယ်သွားလဲ အကုန်မေးတာ။ ဘာကြောင့်ကောက်ခံတယ်ဆိုတာကိုတော့ ပြောတာမရှိဘူး"

စဉ့်ကူးမြို့နယ်မှာ စစ်တပ်က နေအိမ် ၁၈ လုံးခန့်ကို မီးရှို့

“ဘာတော်လှန်ရေးအင်အားစုမှ မရှိဘဲ လာပြီးမီးရှို့ ပစ္စည်းယူပြီး ရွာသာယာရွာကိုပဲ ပြန်သွားတာပါ။ မီးရှို့ခံရတဲ့ရွာက ရွာသာယာရွာနဲ့ ၁ မိုင်လောက်ပဲဝေးတဲ့ ရွာငယ်လေးဆိုတော့ ထင်သလိုလုပ်သွားတာပါ"

လျှပ်စစ်ဓါတ်အားတိုင်တွေကို စစ်တပ်က မိုင်းခွဲဖျက်ဆီးပြီး ၅ ရက်ကြာသည်ထိ မီးမလင်းသေး

အဲဒီလိုဖျက်ဆီးခဲ့လို့ ကသာမြို့နယ်ထဲက ချောင်းဝ၊ မိုးတားကြီး၊ မြေနု၊ မိုးတားလေး၊ ရွှေပြည်သစ်၊ မဲဟင်း၊ မင်းလယ်၊ ခတက်ချောင်၊ မင်္ဂလသုခ၊ သာစည်၊ နလယ်အင်း၊ ပေါမနဲ့ နတ်လှိုင်ကျေးရွာတွေမှာ စက်တင်ဘာလ ၃၀ ရက် ဒီနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးလို့ ဒီပဲယင်းဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မိုးရေထဲမှာ ပြေးရတာဖြစ်ပြီး လမ်းတွေမှာ ဗွက်ထနေတာကြောင့် ဆိုင်ကယ်လည်း အသုံးပြုမရဘဲ ခြေလျင်ပြေးနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်းတည်နဲ့ကြို့ပင်ကောက်မြို့မှာ စစ်ကောင်စီစစ်ကြောင်းတွေ တိုက်ခိုက်ခံရ

”စစ်ကောင်စီစစ်ကြောင်းကထောင်ထားတဲ့ မိုင်းကွင်းကနေ မဖြတ်ဘဲ ရိုးချောင်းလေးထဲဖြတ်ဆင်းသွားတာကို ကျနော်တို့ ၂ ဖွဲ့က ဝိုင်းပစ်တာမှာ စစ်သား ၂ ယောက်ကိုယာတဲထဲ ဆွဲသွင်းသွားတာကို မြင်လိုက်ရတယ်။ သေမသေမသိရဘူး။ "

ကြက်ပျံမကျစည်ကားခဲ့ဖူးတဲ့ ပေါင်းတည်စွယ်တော်ပွဲ စစ်ကောင်စီလက်ထက် လာရောက်ဖူးမြော်သူ မရှိသလောက်နည်းသွား

“အသက်ကြီးပိုင်းအချို့နဲ့ စစ်ကောင်စီကိုထောက်ခံသူအချို့ သွားဖူးတာတွေ့တယ်။ ဖူးမြော်သူ နည်းတာကတော့ နှိုင်းပြစရာတောင်မရှိဘူး။ အရင်ကဆိုဒီလိုရက်က ကြက်ပျံမကျစည်ကားနေတာ စွယ်တော်ဖူးသူထက် လက်နက်ကိုင်စစ်ခွေးရဲခွေးနဲ့ သတင်းပေးသူတွေကပဲများနေတာလေ။ စွယ်တော်တခါဖူးဖို့အရေး ပိုက်ဆံအိတ်ကတွေက အစစ်ဆေးခံရသေးတယ်"

NUG အသိအမှတ်ပြု ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ အကူညီလိုအပ်နေ

”သင်ကြားပေးတဲ့ဆရာမတွေကို ထောက်ပံ့ကြေးပေးဖို့ ကျောင်းသားကျောင်းသူတွေ ဆီက တလကို ၂၀၀၀ ကောက်ရတယ် ကျောင်းသားတိုင်းတော့မရဘူးပေါ့ မပေးနိုင်တဲ့ကလေးတွေဆီကတော့မကောက်ပါဘူး ပုံနိပ်စာအုပ်ဆိုလည်းဒီလိုပဲ။ ဥပမာ Grade 1 အောင်သွားတဲ့ကျောင်းသားရဲ့စာအုပ်ကို Grade 1 ကိုတက်လာတဲ့ကျောင်းသားက ဆက်ကိုင်ရတယ်။ အဲ့လိုလက်ဆင့်ကမ်းသွားရတာ" လို့ စေတနာ့ဝန်ထမ်းဆရာမက ပြောပါတယ်။

မင်းလှမှာ စစ်တပ်က ပြောင်းခိုင်းလို့ ဒေသခံ ၁ ထောင်ကျော်နေရပ်စွန့်ခွာရ

“စစ်တပ်က ၃ ရက်အတွင်းပြောင်းရမယ်လို့ပြောသွားပြီး နောက်ရက်တွေမှာပြောင်းကြတာ ဒီနေ့ထိပြောင်းနေကြတုန်းပဲ။ ရွာလုံးကျွတ်ပြောင်းနေကြတာ။ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းလောက်နဲ့ ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းလည်းပြောင်းရတယ်။ ရွာသားတွေရဲ့ တောင်ယာတဲ ၃ လုံးကိုလည်း မီးရှို့သေး တယ်“လို့ ဒေသခံတဦးက ပြောပါတယ်။

ပဲခူးရိုးအစပ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံPDF ထိတွေ့တိုက်ပွဲဖြစ်လို့ ၂ ဘက်ထိခိုက်သေဆုံးမှုရှိ

“ကျနော်တို့ရဲဘော်တဦးက တိုက်ပွဲအရှိန်ကမြင့်လာတော့ သူက အားမလိုအားမရဖြစ်ပြီး လက်နက်ငယ်နဲ့ ထပစ်ရင်းကျည်ထိပြီးကျသွားတာ။ စကစဘက်ကလည်း အကျအဆုံးများလို့ အသေကောင်တွေနဲ့ ဒဏ်ရာရတဲ့ကောင်တွေကို လိုက်ထရပ်ကားနဲ့ တောင်အောက်ကိုသယ်သွားတယ်“

ပြည်မြို့နယ် NLD တိုင်းလွှတ်တော်အမတ်ကို နှစ်ရှည်ထောင်ဒဏ်ထပ်ချ စုစုပေါင်း ၃၉ နှစ်ထိရှိလာ

"အခုအမိန့်ချတာလည်း နှစ်ရှည်ထောင်ဒဏ်ပဲ အရင်အမိန့်ချတာလည်း နှစ်ရှည်ထောင်ဒဏ်ပဲ ဆိုတော့ နှစ် ၄၀ နီးပါးဖြစ်သွားပြီလေ။ လက်ရှိလည်း ပြည်ထောင်မှာပဲချုပ်နှောင်ထားတယ်။ ပါးစပ်ထဲက ဥပဒေတွေပေါ့"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10