ကျန်းမာရေး

ကွာရန်တင်း(Quarantine)ဆောင်တွေ လုပ်ထားရတဲ့ထိ စခန်းတွင်း ယားနာရောဂါကူးစက်မှု ပြန့်ပွားနေ

“တဖြည်းဖြည်း ကုရင်းကုရင်းသားကနေပြီးတော့ သူတို့က Infection(ရောဂါပိုး)တွေ ဝင်သွားပြီးတော့ ကူးစက်ရောဂါတွေ ဖြစ်သွားပြီး ကွာရန်တင်း ဝင်လိုက်ရတာပါ။ လူနေမှုပုံစံကလည်း PDF ထဲမှာဆိုတော့ ဖြစ်သလိုနေ ဖြစ်သလိုစား၊ အဝတ်တွေ ဘာတွေကမှအစ အဲ့လိုဆိုတော့ တယောက်နဲ့တယောက် ကူးစက်ရောဂါပိုး ဖြစ်သွားတာ။”

ဂန့်ဂေါမြို့နယ်က ယားနာရောဂါဖြစ်နေသူ ၅၀ ကျော် ဆေးဝါးလိုအပ်နေ

"ဒီရောဂါတွေက စားဆေးနဲ့လည်း မပျောက်ဘူး။ လိမ်းဆေးနဲ့လည်း မပျောက်ဘူး။ ထိုးဆေးနဲ့ပဲရတယ်။ ဆေးကလည်း ဂန့်ဂေါမြို့ပေါ် လူတိုင်းသွားမဝယ်နိုင်သလို စကစဘက်ကလည်း အင်္ဂလိပ်ဆေးတွေ သယ်ခွင့်ပိတ်ထားတာ။ အဲ့လိုအခက်ခဲတွေရှိနေတာ။ ရှိတဲ့ဆေးတွေနဲ့တော့ တအားဆိုးတဲ့သူတွေကို ထိုးပေးနေပေမယ့် လုံလောက်မှုမရှိဘူး။"

Tampon ရဲ့ ကောင်းကျိုး၊ ဆိုးပြစ် တယ်လီကျန်းမာနဲ့ အမေးအဖြေ (အင်တာဗျူး)

Tampon က တကယ်ပဲ တော်လှန်ရေးအမျိုးသမီးတွေအတွက် အဆင်ပြေနိုင်မလား၊ Tampon ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာရှိမလဲ၊ ဒါတွေနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ဖွင့်လှစ်ထားတဲ့ တယ်လီကျန်းမာအခမဲ့အွန်လိုင်းဆေးခန်းမှ အမျိုးသမီးကျန်းမာရေးနှင့် သားဖွားမီးယပ်အထူးကု ဆရာဝန်တဦးနဲ့ မြေလတ်အသံက ဆက်သွယ်မေးမြန်းချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

ပွင့်ဖြူက စစ်ရှောင် ၁၅၀ ခန့် ခူကောင်တွေကြောင့် ယားနာတွေပေါက်နေ

"တောတွေထဲမှာနေရတော့ အခုကာလက ခူကောင်ဆိုတဲ့ ဆိတ်တုတ်ကောင်ပုံစံမျိုး၊ ချုံပုတ်တွေထဲမှာနေရတော့ ခူကောင်တွေရဲ့အမွှေးတွေကျတာနဲ့ဆိုတော့ ကလေးတွေမှာ အင်ပြင်ထသလိုမျိုး အဖုအပိန့်တွေထပြီး ယားနာဖြစ်နေကြတာ။ အရေအတွက်အားဖြင့်ဆို ၁၅၀ ကျော်လောက်ရှိမယ်။"

မန္တလေးမြို့ ရပ်ကွက်တချို့မှာ ကာလဝမ်းရောဂါသတိပေးချက် မိုက်နဲ့လိုက်အော်

မန္တလေးမြို့၊ မဟာအောင်မြေ၊ အောင်မြေသာစံနဲ့ ပုသိမ်ကြီးမြို့နယ်တွေက ရပ်ကွက်တချို့မှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါသတိပေးချက်ကို အောက်တိုဘာ ၂၇ ရက် မနေ့ညနေပိုင်းကစတင်ကာ လော်စပီကာနဲ့ လိုက်အော်နေတယ်လို့ မြို့ခံတွေဆီ သိရပါတယ်။

မန္တလေးမှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူမြင့်တက်နေ

“၁ ပတ်လောက်ရှိပြီ သေတဲ့သူအရမ်းများတယ်။ ၁ ရက်ကို ၂ ယောက်လောက်သေတယ်။ ကျနော်တို့ အသင်းအနေနဲ့တော့ ပြည်သူတွေကို သတိပေးတာမျိုးတွေ လုပ်ထားပါတယ်။”

ဝင်ငွေမရှိလို့ အချိန်မီဆေးမကုလိုက်ရဘဲ စစ်ရှောင်စခန်းက ကိုယ်ဝန်သည်အပါ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ (ရုပ်/သံ)

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်ကိုင်းတိုင်း၊ ကောလင်းအရှေ့ခြမ်း စစ်ဘေးရှောင်စခန်းက အသက် ၂၃ နှစ်နဲ့ ၄၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး ငွေကြေးမတတ်နိုင်လို့ ဆေးမကုရဘဲ သေဆုံးခဲ့ပါတယ်။

ယောဒေသက စစ်ရှောင် ၄၀၀ ကျော်ကို YPDF က အခမဲ့ဆေးကုသပေး (ရုပ်/သံ)

အောက်တိုဘာ ၁ ရက်မှ၂၁ ရက်အထိ စစ်ရှောင်ပြည်သူဦးရေ ၄၀၀ ကျော်ကို အခမဲ့ဆေးကုသပေးခဲ့ပြီး သက်ကြီးပိုင်းနဲ့ အမျိုးသမီးတွေကို ဆေးကုသပေးရတာ ပိုမိုများပြားတယ်လို့ ဆေးကုသရာမှာပါဝင်တဲ့ CDM သူနာပြုဆရာမတဦးက ပြောပါတယ်။

ဘုတလင်နယ်ရှိ စစ်ဘေးရှောင်တွေကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး

ဘုတလင်မြို့နယ်တွင်းက ကျေးရွာတချို့ကို စက်တင်ဘာ ပထမပတ်က စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်ချိန် စစ်ဘေးရှောင်နေကြတဲ့ ဒေသခံပြည်သူတွေကို ဆေးဝါးကုသမှုပေးနေတာလို့ သိရပါတယ်။

ပြည်မြို့က ခရီးသွားအမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါသံသယတွေ့လို့ ခေါ်ယူစစ်ဆေးထား

“သေချာအောင် အနာရဲ့ အရည်ကိုယူပြီး စစ်ဆေးဖို့ပို့ထားပါတယ်။ အဖြေထွက်မှ အတည်ပြုမယ်။ တခြားရောဂါတွေလည်း ဖြစ်နိုင်သေးတယ်။ အဖြေကိုစောင့်ကြည့်နေပါတယ်။”

မြောင်နယ်က စစ်ရှောင်စခန်းတခုမှာ အရေပြားနဲ့ ဂေါက်ရောဂါအဖြစ်များနေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း မြင်းခြံနယ်၊ ရန္တပိုရွာမှ လာရောက်စစ်ရှောင်သူ ၂၅၀ ခန့်ထဲမှာ ကျန်းမာရေးချို့တဲ့သူတွေရှိနေပြီး ဆေးကုသဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်ပြည်သူတဦးဆီက သိရပါတယ်။

ဆုံးရှုံးနေတဲ့ကာကွယ်ဆေးထိုးခွင့်နဲ့  အရွယ်မတိုင်ခင်အသက်ဘေးကြုံရတဲ့ ပဋိပက္ခကြားက ကလေးငယ်တွေ

“ကာကွယ်ဆေးမထိုးတဲ့ကာလ ဒီထက်ပိုပြီးကြာလာမယ်ဆိုရင် ရောဂါတွေတဖန်ခေါင်းပြန်ထောင်လာပြီးတော့ နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်း၊ ကလေးတွေရဲ့ ကျန်းမာရေးအဆင့်အတန်းကစပြီး အကုန်ဆိုးဆိုးဝါးဝါး ထိခိုက်လာနိုင်တယ်။ ဒါ့ကြောင့် ကာကွယ်ဆေး ထိုးလုပ်ငန်းတွေကို အာရုံထားပြီးတော့မှ ပိုပြီးတော့အားစိုက်ပြီး လုပ်ပေးစေချင်တယ်။”

စစ်ပွဲကြားက အသက်ကို ရင်းထားရတဲ့ ကိုယ်ဝန်ဆောင်သည်များ (ဆောင်းပါး)

ဒါပေမဲ့ မနက် ၅ နာရီကတည်းက ရွာကထွက်လာတဲ့ မသက်မာဟာ လမ်းတလျှောက် စစ်ကောင်စီတပ်ဂိတ်တွေရဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် နေ့လယ် ၁၁ နာရီလောက်မှ မုံရွာမြို့ကို ရောက်ခဲ့ပါတယ်။ ဆေးရုံရောက်ပြီး ၁ နာရီခန့်အကြာမှာတော့ မသက်မာဟာ မီးမဖွားနိုင်ဘဲ ကလေးနဲ့အတူ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သူ့ရဲ့ညီမဖြစ်သူက ပြောပါတယ်။

ရွှေဘိုခရိုင် PDF က ဒုတိယမြောက်ဆေးခန်းထပ်ဖွင့်

ဆေးရုံဆေးခန်းသွားဖို့ဝေးတဲ့နေရာမှာ ဖွင့်ပေးရတာဖြစ်တဲ့အတွက် ပြည်သူတွေပျော်ရွှင်တာမြင်ရင် ဝမ်းသာပိီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

ရိုးမပေါ်ကစစ်ရှောင်တွေနဲ့ ဒေသခံအရှိုချင်းတိုင်းရင်းသားတွေမှာ ယားနာပေါက်သူတွေ များနေ

ရာသီဥတုအခြေအနေနဲ့ နေထိုင်စားသောက်ရတဲ့ အခြေအနေတွေကြောင့် တောင်ပေါ်နေ လူ ၁၀၀ မှာ ၅၀ ကျော်ဟာ နှင်းခူနဲ့ အခြားယားနာရောဂါတွေကို ခံစားနေရတာ ဖြစ်တယ်လို့ ဆေးကုသပေးနေတဲ့ Swallow PDF - Magway မှ တာဝန်ရှိသူက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10