သတင်း

ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦးခန့်သေဆုံးပြီး ၄၀ နီးပါးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထီးချိုင့်တောင်ပေါ်နဲ့ မြတောင်ကတုတ်ကျင်း နေရာ ၂ ခုမှ လက်နက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ ၁၀ ဦးခန့်သေဆုံး ပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

လင်းကတောနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ် မြိုင်ပကဖဆီ အလင်းဝင်

"သူက ရခိုင်ကနေ ၂၀၂၁ ခုနှစ်၊ ၁၁ လပိုင်းက လင်းကတောနယ်မြေရဲစခန်းကို အပြောင်းကျလာတာ။ သူက သေနတ်ပါမယ်။ ကျ‌နော်တို့နဲ့ ပေါင်းချင်လို့ပါဆိုလို့ ဒီနေ့ နေ့လယ် ၂ နာရီမှာ လင်းကတောနယ်မြေရဲစခန်းရဲ့ မိတာ ၁၀၀ အကွာကနေ စောင့်ပြီး ကားပေါ်တင်ခေါ်လာခဲ့တာ"

ပခုက္ကူက စစ်ကောင်စီစခန်းတွေ Drone နဲ့ အပစ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့စခန်းကို ကာကွယ်ရေး ၏တပ်ဖွဲ့တွေက နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ Drone နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ Young Force - UG တပ်ဖွဲ့ဆီက သိရပါတယ်။

ကောလင်းတွင် ကြားကာလအုပ်ချုပ်ရေး ဖွဲ့စည်းထား၊ ဘဏ်မှသိမ်းဆည်းရရှိတဲ့ ငွေကြေးကို အပ်နှံထားသူတွေ နစ်နာမှုမရှိအောင် စီမံခန့်ခွဲနေ

ပြီးခဲ့တဲ့ နို၀င်ဘာ ၃ ရက်က စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွင် ကောလင်းမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၄ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပြီး နို၀င်ဘာ ၈ ရက်မှာ ကြားကာလဒေသန္တရအုပ်ချုပ်ရေး အရေးပေါ်ဖွဲ့စည်းလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။

မကွေးမြို့ပေါ်မှာ ညအချိန်သေနတ်ပစ်ဖောက်မှုတွေကြောင့် မြို့ခံတွေထိတ်လန့်နေ

“ ဘူတာရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကပစ်တာ။ ဘာကိုပစ်တာလဲတော့ မသိဘူး။ ဒီတိုင်း ခြောက်လှန့်ပစ်တာလို့လည်း ပြောကြတယ်။ ညဉ့်နက်မှဆိုတော့ ဘာဖြစ်တယ်ဆိုတာ သေချာမသိရဘူး”

မြင်းမူမြို့ပေါ်မှာ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စတစ်ကာကပ်လှုပ်ရှားသူတွေကို ရဲ ၂ ဦးက အကြမ်းဖက်တိုက်ခိုက်

“သူတို့(ရဲ)၂ ဦးက ဈေးလာရင်း လှုပ်ရှားမှုတွေ့တာနဲ့ ဝင်လုံးတာပါ။ မျက်နာကို ထိသွားတာပါ။ ဒဏ်ရာသက်သာပါတယ်“

ချောင်းဦး၊ အမြင့်ရဲစခန်းမှ ရဲတပ်သားတဦး PDF ဆီ အလင်းဝင်လာ

"သူ့ကိုအခု တပ်ရင်းမှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်။ သူ့မိသားစုနဲ့လည်း ဖုန်းပြောခွင့်ပေးထားတယ်။ သူတော်တော်ပျော်နေတာ။ သူ့ဆန္ဒအရ ဘယ်ကိုမှမပို့ပေးသေးဘူး"

ဆိုင်ကယ်ချင်းတိုက်မိပြီး ပြုတ်ကျရာမှ တွဲကားကြိတ်ခံရလို့ အမျိုးသမီးငယ် ၁ ဦး သေဆုံး

"ရှေ့ကသွားနေတဲ့ တွဲကားကို ကျော်အတက် တဖက်ကလာတဲ့ ဆိုင်ကယ်နဲ့တိုက်တာ။ အဲ့မှာနောက်ကစီးတဲ့ ကလေးမလေးက ဆိုင်ကယ်ပေါ်က ပြုတ်အကျ အနောက်ကနေလာတဲ့ တွဲကားကလည်း ကြိတ်မိသွားတာ"

ပုလဲနယ်မှာ နေအိမ် ၁၀ လုံးကျော်ကို စစ်တပ်ကမီးရှို့

“အိမ် ၁၆ လုံး မီးရှို့ခဲ့ကြတယ်။ တခြားစက်ပစ္စည်းတွေလည်း မီးထဲပါသွားတယ်"

မွေးနေ့ရှင်တွေ လှူဒါန်းငွေနဲ့ စစ်ရှောင်ပြည်သူတွေကို အညာပစ်တိုင်းထောင်အဖွဲ့က ခြုံစောင်ထောက်ပံ့

"မွေးနေ့ရှင်တွေက စစ်ရှောင်တွေကို ထမင်းကျွေးဖို့ လှူတဲ့ထဲက ပိုတဲ့ငွေလေးတွေကို စုပြီးထောက်ပံ့ဖြစ်တာပါ။"

ညောင်လေးပင်ခရိုင်မှာ စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အရပ်သား ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

"ရွှေကျင်မှာထိတဲ့ တစ်ယောက်ဆို သူလယ်ထဲမှာ စပါးသိမ်းနေတာ။ သူဘေးနားကို စကစ ပစ်တဲ့ လက်နက်ကြီးကျတာ။ မုန်းက သားအမိနှစ်ယောက်ဆိုလည်း နေအိမ်ထဲရှိနေချိန်ကိုထိတာ"

ကသာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးကျည် နေအိမ်ထဲကျလို့ အမျိုးသမီး ၂ ဦးသေဆုံး

"လက်နက်ကြီးကျည်က အိမ်ခေါင်မိုးကို ဖောက်ပြီးကျတာ။ အိမ်ပါ မီးလောင်သွားတယ်။ သေဆုံးသူ ၂ ယောက်က မြေးဘောင်မတွေ"

ထီးချိုင့်မှာ စစ်တပ်က လေကြောင်းကပစ်လို့ ကလေး ၃ ဦး၊ ကိုယ်ဝန်ဆောင် ၁ ဦးအပါ ပြည်သူ ၆ ဦးသေဆုံး

နိုဝင်ဘာ ၁၃ ရက် မနေ့က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ကြဲချလိုက်တဲ့ဗုံးဟာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ ၂ နှစ်ကျော်ကြာတဲ့အထိ ဖမ်းဆီးခံထားရတဲ့ ဦးထွန်းသိန်းရဲ့ နေအိမ်ကို ထိမှန်ခဲ့တာဖြစ်ပြီး ဦးထွန်းသိန်းဇနီး အပါအဝင် အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ၊ အသက် ၈ နှစ်အရွယ်အမွှာသမီး ၂ ဦးစတဲ့ မိသားစုဝင်အားလုံးကို ထိမှန်ခဲ့တာဖြစ်ပြီး သားဖြစ်သူရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ကျေးရွာပကဖ ခေါင်းဆောင်တဦးက ပြောပါတယ်။

ကြို့ပင်ကောက်မှာ ဗကသနဲ့ လူ့ဘောင်သစ်လူငယ်ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြလုပ်

" ယနေ့ပြည်သူလူထုကြီးတရပ်လုံး ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခအပေါင်းရဲ့ လက်သည်တရားခံဟာ စစ်အာဏာဏာရှင်စနစ် (စစ်အုပ်စု ၊စစ်ဗျူရိုကရက်ယန္တရား)သာဖြစ်ပါတယ်။ ဒါကြောင့် ဒီအာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ဖျက်ပြီး လူထုတရပ်လုံး လွတ်မြောက်သည်အထိ စုပေါင်းတိုက်ပွဲဝင်သွားကြပါစို့"

ရွှေထည်ပစ္စည်းတွေနဲ့ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား ၁ ဦးကို အရှင်ဖမ်းမိထား (ရုပ်/သံ)

ပေါက်-ပခုက္ကူကားလမ်းမပေါ်မှာ ကား ၈၆ စီးပါယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးဟာ အရပ်ဝတ်နဲ့ ထွက်ပြေးလာချိန် ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တိုးကာ နိုင်ဝင်ဘာ ၉ ရက်မှာ ဖမ်းဆီးခံလိုက်ရတာလို့ PDA ပြန်ကြားရေးတာဝန်ခံတဦးက ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10