သတင်း

သာစည်မှာ စစ်ကောင်စီအဖွဲ့၀င် ၄ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ၃ ဦးသေ၊ အရပ်သား ၁ ဦးကိုပါ စစ်အုပ်စုက ပစ်သတ်ခဲ့

"ကင်းလှည့်လာတဲ့ စကစတပ်သား ၄ ယောက်ကို လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တာ။ တကောင်က နေရာမှာ တင်သေတယ်။ အဲဒီထဲက နှစ်ကောင်က နောက်မှသေတယ်။ ပြန်ပစ်လို့ သေနတ်လည်း မကောက်နိုင်ခဲ့ဘူး"

၂ နှစ်ကြာတဲ့အထိ အော်တိုသေနတ်မကိုင်နိုင်သေးတဲ့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ (ရုပ်/သံ)

စစ်ကောင်စီအဖွဲ့တွေကို တော်လှန်ဖို့ လူ ၁၀ ဦးလောက်နဲ့စတင်ကာ ရရာလက်နက်စွဲကိုင်ပြီးတိုက်ပွဲဝင်ခဲ့ပေမယ့် သေနတ်အစစ်တွေမကိုင်နိုင်လို့ စစ်ကောင်စီတပ်ရင်းနဲ့စခန်းတွေကို သိမ်းနိုင်တဲ့အခြေနေထိမရှိသေးဘဲ အဝေးကနေသာ စမ်းသပ်တီထွင်ထုတ်လုပ်ထားတဲ့ လက်လုပ်စိန်ပြောင်း၊ လက်နက်ကြီး၊ မိုင်းတွေနဲ့သာ တိုက်ခိုက်နေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းနယ်က ရွာမရွာကို စစ်တပ်ကမီးရှို့လို့ အိမ် ၁၀ လုံး မီးလောင်ပျက်စီး

"စက်လတ်တွေနဲ့ တရစပ်ပစ်ဝင်တာ။ အဲ့အချိန်မှာ ထွက်ပြေးကြသူတွေအထဲ အမျိုး သားတယောက်နဲ့ အမျိုးသမီးတယောက်ကို ကျည်ထိသွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး"

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုက ဒေသခံနေအိမ်တွေကို မီးဝင်ရှို့

"သူတို့ကြားဖြတ်တိုက်ခိုက်ခံရတာကို ရွာသားတွေကြောင့်ဆိုပြီး ရွာကိုမကျေနပ်လို့ မီးရှို့သွားတဲ့သဘောရှိတယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်သွားသေးတယ်"

ယင်းမာပင်က ရဲတပ်ရင်း ၂၈ ကို PDF တွေ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

“လမ်းသွားလမ်းလာတွေကို တအားဆက်ကြေးကောက်တာ များလွန်းလို့၊ နောက်ပြီး ပြည်သူတွေသွားလာနေတဲ့ ကားတွေ ဆိုင်ကယ်တွေ စစ်ဆေးမေးမြန်းလုပ်ပြီးမှ ငွေကြေးကောက်ခံတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေလို့ ကျနော်တို့ အခုလိုလုပ်ရတာပါ”

ပေါင်းတည်မှာ ကင်းလှည့်နေတဲ့စစ်ကောင်စီကို PDF က မိုင်းဆွဲတိုက်ခိုက်

"မိုင်း ၄ လုံးကို ၂ လုံးပဲ ဆွဲလိုက်ရတယ်။ အတုံးအရုံးဖြစ်ကုန်တာ။ "

ရေတာရှည်မှာ တိုက်ပွဲဖြစ်ပြီး ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦးသေ၊ လက်နက်ကြီးကျည်ထိလို့ သံဃာ ၁ ပါးပျံလွန်တော်မူ

"ရေတာရှည်လေးနဲ့ အင်းပေါက်ကုန်းကိုအလာ အင်းပေါက်ကုန်းအတက်မှာ ဖြစ်တာ။ တိုက်ပွဲက ၄၅ မိနစ်လောက် အပြန်လှန်ပစ်ကြတာ"

ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ် YRA ဆီ အလင်းဝင်

“သူအလင်းဝင်လာတဲ့ အကြောင်းကတော့ စစ်ကောင်စီအာဏာသိမ်းတဲ့နောက်ပိုင်းမှာ ပိုပြီးပိုပြီးတော့ ငြီးငွေ့လာတယ်၊ သူတို့တပ်က လုပ်တဲ့လုပ်ရပ်တွေ သူတို့အထက်အကြီးအကဲ‌တွေရဲ့ လုပ်ရပ်တွေဟာ မှားနေတယ်ဆိုပြီးတော့ သူပြောလာတယ်”

မတ္တရာမြို့နယ်သံဃနာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်အပါအဝင် ဘုန်းကြီး ၂ ပါးဖမ်းဆီးခံရ

" ဆရာတော်တွေက ဘုန်းကြီးကားနဲ့ ကြားရွာကျောင်းထိုင်ဆရာတော်ရဲ့စျာပနသွားဖို့အထွက် ကျောင်းပေါက်ဝအရောက်မှာ စစ်တပ်ကလည်း ကားတွေနဲ့ရောက်လာပြီး ဖမ်းသွားတယ်။ စစ်ကြောင်းထိုးပြီးတွေ့တဲ့လူ ဖမ်းတဲ့ပုံမျိုးမဟုတ်ဘဲ ဘုန်းကြီးတွေကို သက်သက်လာဖမ်းတဲ့ပုံမျိုး "

SNA နဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ သုံးပွင့်ဗိုလ် ၁ ဦးအပါ ၁၀ ဦးသေဆုံး

"SNA နဲ့ ပျူစောထီးတွေက အရပ်ဝတ်နဲ့ ထွက်လာကြတာ။ တိုက်ပွဲမှာလည်း အရပ်ဝတ်တွေနဲ့ပဲ ထိတာ။ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ထုတယ်။ ဟောင်ဝစ်ဇာတွေနဲ့လည်း ပစ်တယ်။ ကျမတို့ဘက်က ရဲဘော်တွေကတော့ ဂန်းနဲ့ပစ်တဲ့အပြင် စက်ကလေးတွေနဲ့လည်း ပစ်ခတ်ခဲ့တယ်"

မီးဘေးသင့် အိမ်ထောင်စုတွေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၄ ဦးရဲ့ မိသားစုကို S&C ထောက်ပံ့

“ရဲဘော်တွေရဲ့ မိသားစုကအဆင်မပြေကြပါဘူး။ အခုထောက်ပံ့တာကလည်း ဘာမှ မပြောပလောက်ပါဘူး။ ဆုံးရှုံးသွားတဲ့ရဲဘော်တယောက်ကို ဘယ်လိုမှတန်ဘိုးဖြတ်လို့မရနိုင်ပါဘူး " လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က မြေလတ်အသံကိုပြောပါတယ်။

သပိတ်ကျင်းက စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

“လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အချိန် ၂ နာရီလောက်တိုက်ခိုက်ကြတာ အပြန်အလှန်ပဲ ပစ်ကြတယ်။ ထိခိုက်သေဆုံးသူတွေရဲ့သတင်းတွေနဲ့ ပတ်သက်ပြီး နယ်မြေခံတွေဆီကတဆင့် ပြန်လည်ကြားရတာ" လို့ Northern Tigers Group (NTG) အဖွဲ့တာဝန်ခံက ပြောပါတယ်။

ဂန့်ဂေါက စစ်ရှောင်စာသင်ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းနဲ့အနွေးထည် အကူအညီလိုအပ်နေ

"အဓိကလိုအပ်နေတာ စာအုပ်၊ ခဲတံ၊ ဘောပင် သင်ထောက်ကူပစ္စည်းတွေပါ။ ဆောင်းတွင်းရောက်တော့မှာမို့ အနွေးထည်နဲ့ စောင်တွေလည်း လိုအပ်နေပါတယ် "

ဝက်လက်မြို့နယ်က တစ်လေးလုံးသပိတ်

"1027 စစ်ဆင်ရေးက တော်လှန်ရေးအရှိန်ကို ပိုမြှင့်လိုက်သလိုပါပဲ။ ဒီစစ်ဆင်ရေးစလိုက်တာ ကျ‌နော်တို့အညာဘက်မှာလည်း အရင်တုန်းက မလုပ်ဖြစ်တာတွေ ပိုပြီးလုပ်ဖြစ်တယ်။ ဥပမာ - စခန်းတွေဝင်ပစ်တာမျိုးပေါ့။ ဒီစစ်ဆင်ရေးက အညာဘက်က တော်လှန်ရေးအင်အားစုတွေကိုလည်း ပိုပြီးအားဖြစ်စေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10