အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း
အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း
အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း
ဒေသတွင်းလှုပ်ရှားမှုတွေ လုပ်ဆောင်ရာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မုခ်ဦးမှာ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြတာ၊ မြောင်မြို့နယ်မှာ သပြေပန်းနဲ့ ကြိုဆိုထောက်ခံတာ၊ ပုလဲမြို့နယ်မှာလည်း သပြေပန်းနဲ့ တခဲနက်ထောက်ခံကြတာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ် ရွာတရွာက စေတီမှာ အသံတိတ်ဆန္ဒပြလှည့်လည်တာတွေအပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့မှာလည်း လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
"ပြည်သူလူထုက သွေးမအေးကြသေးဘူး။ မဟာမိတ်တပ်ဖွဲ့တွေနဲ့ PDF တွေကို ကြိုဆိုထောက်ခံတာကို ပြည်သူတွေက တက်ကြွလှုပ်ရှားစွာနဲ့ပါဝင်တာကို ပြသတဲ့အနေနဲ့ လုပ်ခဲ့တာပါ"
" ပွဲကိုအင်အားပြဖို့ ထောင်ဂဏန်းတက်တယ်ဆိုပြီး စာရင်းယူသွားတယ်။ တက်တဲ့သူက ကလေးကစားကွင်း တ၀က်တောင်မပြည့်ဘူး။ စစ်တပ်အစောင့်တွေနဲ့ လုပ်ရတာ။ အချိန်ပိုင်းလေးပဲ။ စစ်တပ်ကို အားပေးထောက်ခံကြောင်းနဲ့ PDF အလိုမရှိကြောင်း အော်ရတယ်"
ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီခွဲခန့်မှာ ရေစကြိုမြို့နယ်၊ နံ့သာဟေဝန်ပန်းခြံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကအနီးကပ်သွားရောက်ပစ်ခတ်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၄ နာရီကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
၁၁၁၁ လှုပ်ရှားမှုက ၁၀၂၇ စစ်ရေးနဲ့အတူ ဟန်ချက်ညီလှုပ်ရှားမှုတခုဖြစ်လို့ သွေးလန့်နေတဲ့ စစ်ကောင်စီရဲ့ သက်ဆိုးရှည်နေခြင်းကို အဆုံးသတ်ဖို့ဆောင်ရွက်နေကြတဲ့ လူထုလှုပ်ရှားမှုတွေထဲက ထိရောက်တဲ့ လှုပ်ရှားမှုတခုဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။
"ဒီ ၁၇ ရက်နေ့ကို ဝေါကို PDF တွေဘက်က ဝင်တိုက်မယ်လို့ ဘယ်သူတွေက သတင်းဖြန့်ထားလဲ မသိဘူး။ စကစဘက်က အင်အားတွေ တိုးချနေတယ်။ စစ်တပ်က အကောင်ကြီးပိုင်းတယောက်တောင် ထွေအုပ်ရုံးမှာ ကွပ်ကဲဖို့ ရောက်နေတယ်။"
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ မြေပြင်တပ်တွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က မြို့ကို ဆက်လက်ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ ကျနော်တို့က မြေပြင်အနေအထားကြည့်ပြီး မိုင်းရာကျော်ခင်းထားတာ။ အရေအတွက်ကတော့များတယ်။ ထိခိုက်ဒဏ်ရာရတာက ၂၀ လောက်နဲ့ သေတာက ၃၀ လောက်ကြားတယ်။ စလင်းတပ်က စစ်ကြောင်းမှူးကတော့ မိုင်းထိပြီး ပေါင်ဘယ်ဘက်အခြမ်း ပြတ်ထွက်သွားတယ်သိရတယ်”
" နေကလည်းပူတော့ အပြင်ထွက်ကြတယ်။ ထွက်ရင် ကျနော်တို့က စနိုက်ပါနဲ့ပစ်တာ။ ခေါင်းထွက်ရင် ခေါင်းကိုပစ်တယ်။ လက်ထွက်ရင်လက်ကို ပစ်တယ်။ ဒါကြောင့် သူတို့လုံးဝမထွက်ရဲတော့ မုံရွာဘက်က တွဲဒိုးတစီးခေါ်ပြီး ထွက်ပြေးသွားကြတာ"
"ကျည်က အစာအိမ်နဲ့အူမကို ဖောက်သွားတာ။ ခွဲစိတ်မှုလည်း လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အသက်မရှင်ခဲ့ဘူး"
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာမှာနေတဲ့ ပျူစောထီးတွေရှိတဲ့ နေရာကို လက်လုပ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rain Sky Brothers LPDF-Depeyin အဖွဲ့ဆီက သိရပါတယ်။
"မြို့ကိုသူတို့(စကစ) ပြန်ရချင်တာပါ။ ပြည်သူတွေကတော့ ရှောင်နေရတယ်"
“၁၀၂၇ စစ်ဆင်ရေးလှိုင်းဟာ ကျနော်တို့ အညာလူထု သွေးအေးနေတာကို နိုးကြားတတ်ကြွလာဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေတယ်။ ဒီစိတ်ဓာတ်ခွန်အားတွေနဲ့အတူတူ လက်နက်ကိုင်တော်လှန်ရေး၊ လက်နက်မဲ့တော်လှန်ရေး အတူတကွ သွားမယ်ဆိုရင် အခုတော်လှန်ရေးက မကြာတော့ပါဘူး”
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဥ်ဖြင့် နိုဝင်ဘာ ၁၀ ရက်က လာရောက်တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့သလို လူတချို့ ဒဏ်ရာရခဲ့တယ်လို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM ထံက သိရပါတယ်။