သတင်း

ULF ရဲ့ ထုတ်လုပ်ရေးစက်ပစ္စည်း မီးလောင်လို့ ကျပ်သိန်း ၅၀ ဖိုးဆုံးရှုံး

"ကာလတန်ဖိုးကျပ်သိန်း ၅၀ ခန့် ဆုံးရှုံးသွားပါတယ်။ စျေးသက်သာတဲ့ ရေနံစိမ်းကိုဝယ်သုံးရင်း အခုလို အလုပ်လုပ်နေတဲ့အချိန်မှာ မီးစက်က Error ဖြစ်ပြီး မီးလောင်ခံလိုက်ရတာပါ" လို့ Union Libratoin Front ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်ကပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ကြီးလင်မယားကို စစ်ကောင်စီတပ်သားတွေ ပြန်ဖမ်း

"အုပ်ကြီးက သူမိန်းမနေမကောင်းလို့ ညောင်လေးပင်မှာ ဆေးခန်းပြပြီး ဆိုင်ကယ်နဲ့ပြန်လာကြတာ။ ရထားလမ်းအကျော်နားက ရွှေညောင်ပင် ကွမ်းယာဆိုင်နားမှာ ဖမ်းသွားတာ။ စကစ တပ်သားတွေက မြို့အထွက်မှာ စောင့်ဖမ်းသွားတဲ့ သဘောရှိမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မုံရွာ နမခ ဌာနချုပ်ကို PDF က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်

“ကျနော်တို့ နမခ**ခြံကို သွားရောက်ပစ်ခတ်တာ အခုနဲ့ဆို ၇ ကြိမ်ရှိပါပြီ။ မနေ့ကပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရတာတွေကို စုံစမ်းနေတုန်းပါ။ သူတို့( စစ်ကောင်စီ)ဘက်ကလည်း ကျနော်တို့ကို ၆၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်”လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိ ကိုအောင်ကျော်က မြေလတ်အသံကို ပြောပါတယ်။

PDF စခန်း မီးရှို့တဲ့စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

“အင်ပင်ရွာ စစ်*ဂိတ်ကနေ ထွက်လာတဲ့စစ်ကြောင်းက ကျနော်တို့စခန်းကို ရောက်တယ်။ ကျနော်တို့က ဒရုန်းကို အသုံးပြုပြီးတော့ အီနာဂါအလုံး ၂၀ ချလိုက်တယ်။ *တွေ ဗုံးထိပြီး ပြန်အထွက်မှာ ကျနော်တို့စခန်းကို နေ့လယ် ၁၁ နာရီလောက်မှာ မီးရှို့သွားတာ” လို့ Pakokku-Special Task Force တာဝန်ခံက ပြောပါတယ်။

ဆဲဗင်းဂျူလိုင်မှာ လူထုအင်အား ၁၀၀၀ နီးပါးကို ကဗျာသရုပ်ဖော် အော်ပရာကပြခဲ့

“ပြည်သူတွေက အရင်က သိပ်မသိခဲ့ကြဘူး၊ အခု ပြဇာတ်ကိုကြည့်ပြီး ဒီတော်လှန်ရေးအစက ကျောင်းသားတွေကပဲ စတင်ခဲ့ပါလားဆိုပြီး တော်တော်လေးသိသွားကြတယ်။ သူတို့ကိုယ်တိုင် ပြဇာတ်ကိုကြည့်ပြီး အသံထွက်လာတာတွေ ကြားရတယ်” လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင် မချောစုစံက မြေလတ်အသံကို ပြောပါတယ်။

မြင်းခြံမှာ သံဃာတော် ၁ ပါး အသတ်ခံရ

"မနေ့က ဂွေးပင်ရိုးက ဆရာတော်ပစ်သတ်ခံရတာက ဟုတ်တယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရဘူး။ တောင်သာဘက်က လာတဲ့ စကစ စစ်ကြောင်းတွေက အဲ့ဘုန်းကြီးကျောင်းမှာ အမြဲလိုလို ဝင်နားတာနေတာတော့ ရှိတယ်။ အဲဒါနဲ့များဆက်စပ်နေမလားတော့ မပြောတတ်ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတဦး သေဆုံး

"သေဆုံးတဲ့အဘွားက နာတာရှည်ရောဂါဝေဒနာသည်ပါ။ ဆေးရုံကိုလည်း ၃ ကြိမ်လောက် တက်ခဲ့ရတယ်လို့သိရပါတယ်" လို့ ခေတ္တရာလူငယ်များသာရေးနာရေး ကူညီပံ့ပိုးမှုအသင်းက ပြောပါတယ်။

စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ရှောင်တွေကို စစ်ကြောင်းအန္တရာယ်နဲ့ ခရီးလမ်းအခက်ခဲကြားက သွားရောက် ထောက်ပံ့

"စစ်ကြောင်းတွေဖြစ်နေတဲ့ကြားက ကုန်းလမ်းရေလမ်းနဲ့သွားခဲ့ရတယ်။ စစ်ရှောင်တွေက လှူမယ့်သူရှိမှစားရတဲ့ သဘောဖြစ်နေတယ်။ စောင်တွေနဲ့ တဲအမိုးတွေ မိုးနေရတယ်။ စားဝတ်နေရေး အတော်ကိုခက်ခဲနေကြတယ်။ အဘိုးအဘွားက ဆေးဝါးတွေလှူပေးဖို့ပြောတယ်"

မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ တပ်ခွဲအမည်သုံးပြီး လိမ်လည်ငွေတောင်းခံမှုရှိနေ

"ကျနော်တို့တပ်ရင်း၊ တပ်ခွဲအမည်တွေကို အသုံးပြုပြီး Non CDM တွေကို သတိပေးစာပို့ခြိမ်းခြောက်တယ်။ စျေးဆိုင်ခန်းတွေကို စာပို့ပြီး အလှူငွေတောင်းခံတယ်။ မထည့်ဘူးဆိုရင် ဆိုင်ကိုဖောက်ခွဲမယ်၊ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်နေတာပါ"

သိုင်းငင်းတိုက်ပွဲကို ပစ်ကူပေးတဲ့ စစ်တပ်ရဲ့လက်နက်ကြီး ကလေးမြို့ထဲကိုကျလို့ ပြည်သူတဦး သေဆုံး

“သိုင်းငင်းစခန်းသိမ်းကို ပစ်ကူတာလေ၊ ဆက်တိုက်ပစ်တော့ ပြောင်းတွေပူပြီး အဲ့ထဲက ၂ လုံးက ဟိုမရောက်ဘဲ မြို့ထဲကျတာ၊ အမြောက်တပ်ကနေထုတော့ လက်နက်ကြီးကျည်က ရပ်ကွက်တွေ‌ပေါ်ကနေ ဖြတ်တာဆိုတော့ အိမ်ပေါ်လာကျတာ"

ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတားက စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

"သွားပစ်တာကတော့ သိပ်မကြာဘူး။ နာရီဝက်လောက်ပဲ။ တံတားမှာ သူတို့အင်အားများနေတာက စစ်ကြောင်းထိုးဖို့လား အရေးကြီးသတင်းရလို့လား မသိဘူး လူများနေတာ။ ခါတိုင်းတော့ အဲ့လောက်မရှိဘူး"

အမြင်အာရုံချို့ယွင်းသွားလို့ ကုသဖို့သွားတဲ့ အမျိုးသားတဦး ဆိပ်ဖြူမှာဖမ်းဆီးခံရ

"သူကရွာကနေ မင်းဘူးကို မျက်စိသွားကုဖို့ထွက်လာတာ။ ဘုန်းကြီးကား(Mark II) တစီးနဲ့ လမ်းကြုံလိုက်လာတာကို စကစတွေက ဖမ်းလိုက်တာ"

မိုင်းရှင်းဖို့လာတဲ့ စစ်အုပ်စုက မုံရွာနယ်၊ မအူရွာက နေအိမ်တွေကို မီးရှို့ခဲ့

“ပြာဖြစ်သွားတာကတော့ နေအိမ် ၉ လုံး၊ တလုံးကတော့ မီးလောင်နေတုန်းပေါ့။ ရွာသားတချို့လောက်ပဲ ရွာထဲကိုဝင်တယ်။ တချို့ကတော့ အခုလိုမီးလောင်းသွားတာတွေကို မကြည့်ရက်လို့ ရွာထဲကို မဝင်ကြသေးဘူး” လို့ မုံရွာမြို့ခံတဦးဖြစ်တဲ့ ကိုအောင်အောင်က မြေလတ်အသံကို ပြောပါတယ်။

အောင်လံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး

"သေနတ်ပစ်ခံရလို့ ပွဲချင်းပြီးသေသွားတယ်လို့ ကြားသိရတယ်။ ဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာတော့ မသိရဘူး။ အလောင်းကိုတော့ စကစနဲ့ ရဲတွေလာယူသွားတယ်"လို့ အောင်လံမြို့နေ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

အရာတော်နယ်က ရွာ ၃ ရွာကို စစ်တပ်က တမနက်တည်း မီးရှို့

"အခုအချိန်ထိတော့ အိမ်ဘယ်လောက်ပျက်စီးနေလဲဆိုတာ မသိရသေးဘူး။ မလဲသာကို အရင်စရှို့တာ။ ညောင်ပင်သာ ရှို့တယ်။ ကန်ရင်းကို နောက်ဆုံးရှို့တာ။ အခုက မြေပြင်အခြေအနေက ရှုပ်ထွေးနေတယ်" လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10