သတင်း

နတ်တလင်းက စစ်ရှောင် ၈၀၀ ကျော်ကို ငွေကြေးထောက်ပံ့

"စစ်ရှောင်နေရတာ တနှစ်ကျော်ကြာပြီ။ စစ်ရှောင်တွေမှ စားဖို့ကို အနိုင်နိုင်ဖြစ်နေကြတယ်။ နေတော့လည်း ဖြစ်သလို တဲထိုးနေကြရတယ်။ အခုမြယာကျောအဖွဲ့က လှူတာကို ငွေသားချည်း ပေးခဲ့တာပါ"လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရုံးတာဝန်ခံက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ 7 July အထိမ်းအမှတ် သပိတ်လှုပ်ရှားမှုပြုလုပ်

“ဒီနေ့ကတော့ ကျနော်တို့ ကျောင်းသားတွေကို သတ်ဖြတ်ပြီး တကသ အဆောက်အဦးကို ဖြိုခွင်းခံရတဲ့နေ့အဖြစ် မှတ်မှတ်ရရအနေနဲ့ထွက်ဖြစ်တာပါ၊ ဆက်လက်ပြီးတော့လည်း စစ်အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင် သွားမှာပါ" လို့ မုံရွာသပိတ်အင်အားစု အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်က ဆဲဗင်းဂျူလိုင် သပိတ်စစ်ကြောင်း (Photo News)

ဇူလိုင်လ ၇ ရက် ဒီကနေ့ မနက် ၆ နာရီခွဲက “၇.၆.၆၂ မမေ့ကြနဲ့” စာသားပါ ဘန်နာကိုကိုင်စွဲကာ သပိတ်စစ်ကြောင်း လှည့်လည်ခဲ့ပြီး လူထုကိုလည်း ကျောင်းသားသမဂ္ဂအကြောင်း ဟောပြောတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မင်းလှမှာ ရဲတပ်သားအချင်းချင်း သေနတ်နဲ့ပစ်သတ်

"ချစ်ထွေးကမူးပြီး ရစ်နေလို့ စစ်ကွင်းရဲက သေနတ်နဲ့ တချက်တည်းပစ်လိုက်တာမှာ ဗိုက်ပွင့်ပြီးသေတာ။ ပစ်တဲ့ရဲရဲ့အမည်နဲ့ တာဝန်တော့ မသိရဘူး"

စစ်ကူပေးပြီး ပြန်လာတဲ့ စစ်သင်္ဘောကိုတိုက်ခိုက်လို့ စစ်သားတဦးသေဆုံး

"ကျနော်တို့ဘက်က လက်နက်ကြီးလက်နက်ငယ်နဲ့ ပစ်တာပါ။ သူတို့ကလည်း ၄၀ မမတွေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ကင်းထောက်တွေရဲ့ သတင်းပေးချက်အရ စစ်သားတဦး သေဆုံးတယ်ဆိုတာသိရတာပါ"

ပိုင်ဆိုင်တဲ့ ရွှေနားကပ်နဲ့လက်စွပ်ကို တော်လှန်ရေးကျည်ဖိုးအဖြစ် ပေးခဲ့တဲ့ ရေလယ်ကျွန်းတောင်သူ

"သူ့အသက်အရွယ်နဲ့ သက်လုံပိုင်းဆိုင်ရာအရ စစ်တိုက်ဖို့ မတတ်နိုင်တော့ဘူး။ စစ်တပ်ကိုတိုက်ဖို့ သူရဲ့ရှိစုမဲ့စုရွှေကို ကျနော်တို့အဖွဲ့အတွက် ကျည်ဖိုးထောက်ပံ့ပေးခဲ့ပါတယ်။ လက်မခံဘဲ နေဖို့စဥ်းစားပေမယ့် ပြည်သူရဲ့ဆန္ဒပြည့်ဝဖို့လှူဒါန်းတာကို လက်ခံခဲ့တာပါ။ ပြည်သူတွေက စစ်**တွေကို နာကျည်းချက်တွေရှိနေကြပြီ။"

စစ်ကိုင်းက သံချပ်ကာတပ်ရင်းဂိတ် ဗုံးပစ်ခံရလို့ ၂ ဦး ထိခိုက်ဒဏ်ရာရ

"စကစ တပ်သားတွေ ဂိတ်မှာ ရှိနေချိန် ပစ်ခတ်ခဲ့တာ။ ဗုံးက ဂိတ်ထဲကျ ပေါက်ကွဲတာရှိတာ။ ကျနော်တို့လည်း ပစ်ပြီးပြန်အဆုတ် သူတို့ဘက်က ၄၀ မမ တွေနဲ့ရော လက်နက်ငယ်တွေနဲ့ရော လိုက်ပစ်တာရှိတယ်။"

ထီးချိုင့်မှာ လက်နက်ကြီးထိမှန်လို့ PDF တဦးသေဆုံး

"စကစတွေလည်း အထိအခိုက်ရှိသွားပေမယ့် အတိအကျမသိရပါဘူး။ အခုထိ နယ်မြေ မရှင်းလင်းရသေးပါဘူး။ ဒီနေ့ (ဇူလိုင် ၆)မနက်လည်း မိုင်းဆွဲ၊ တိုက်ခိုက်နေတုန်းမို့ပါ"

ကမ္မက ရဲတဦးကို ရဲစခန်းအနီးမှာ ပစ်ခတ်ပြီး သေနတ်ပါသိမ်းခဲ့

“အခင်းဖြစ်တဲ့နေရာနဲ့ ရဲစခန်းက လှမ်းမြင်နေရတာ၊ မဝေးဘူး၊ ရဲစခန်းနဲ့နီးနေတော့ အချိန်အများကြီးလည်း မရဘူး၊ အဲ့ဒီအတွက်ကြောင့် တောက်လျှောက်ပစ် သေနတ်ကောက်ပြီး တောက်လျှောက်ပြန်ဆုတ်လာတာ၊ သူ့ဘက်က ပစ်ချိန်ကို မရှိလိုက်ဘူး”

သဲကုန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

"ကျောကိုတချက်မှန်တယ်။ အပစ်ခံရအပြီး အုပ်ကြီးက လမ်းဘေးက အိမ်တအိမ်ထဲဝင်သွားတော့ ဆက်မပစ်လိုက်ရဘူး။ ပစ်ခတ်မယ့်အချိန်ရွာသားတချို့ လမ်းပေါ်ရောက်နေတဲ့အတွက် ထိန်းသိမ်းပစ်ခတ်ခဲ့ရတာ"

ချောင်းဦးတိုက်ပွဲမှာ PDF ၃ ဦးသေဆုံး၊ ကား ၄ စီးလည်း မီးရှို့ခံရ

“ရဲဘော် ရဲမင်းလွင်က နှလုံးကို သေနတ်ကျည်ဆံမှန်ပြီး နှလုံးသွေးပြန်ကြော ပေါက်ပြီး သွေးထွက်လွန် ကျသွားတာ၊ ရဲ‌ဘော် ကို K ကတော့ ဆီးခုံမှန်ပြီး ကျသွားတာ၊ တပ်သား လူပျိုကြီးကတော့ ဗိုက်ပွင့်သွားတာ” လို့ တပ်ရင်းမှူး ဗိုလ်ပျံလွှားက အတည်ပြု ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ သံတောင်အထူးဒေသငြိမ်းချမ်းရေးအဖွဲ့က ဗိုလ်ကြီးနဲ့တပ်သားတဦး ပစ်ခတ်ရှင်းလင်းခံရ

“သံတောင်က ကျွန်းသစ်တွေလည်း တော်တော်များများပြုန်းနေပြီလေ၊ ဒီကောင်တွေက သူတို့ကိုယ်ကျိုးအတွက် လုပ်စားနေတာ၊ အများပြည်သူ ပြောတာလည်း များနေပြီမို့ ရှင်းလင်းရခြင်းပါ။ သူတို့က ငြိမ်းချမ်းရေးယူပြီး စကစနဲ့ ပြန်ပူးပေါင်းလက်တွဲတဲ့အဖွဲ့ပေါ့။ စကစပေးတဲ့ လစာယူတယ်၊ စကစကျွေးတာ သူတို့စားတယ်”

စဉ့်ကူးဒေသခံ ၃ ဦးကို စစ်ကောင်စီဖမ်းဆီး၊ ၁ ဦးပြန်လွတ်ပြီး ၂ ဦး စစ်ကြောရေးရောက်

"တော်လှန်ရေး အင်အားစုတွေကို သတင်းပေးလုပ်တဲ့ စွပ်စွဲမှုမျိုးနဲ့ မသင်္ကာလို့ ဖမ်းတာလို့ သိရတယ်။ ဖမ်းတုန်းက ထုံးကြီးရဲစခန်းကို ဖမ်းခေါ်သွားတာ"

စစ်ကောင်စီကို အသက်ပေးကာကွယ်မယ်ဆိုတဲ့ အုတ်ဖိုက ပျူခေါင်းဆောင်ရာအိမ်မှူးဆိုသူ ရှင်းလင်းခံရ

" ဒီနေ့မနက်အစောပိုင်းက မြင့်ဦးကို သူ့အိမ်မှာရှင်းခဲ့တာဗျ။ ဦးခေါင်းကို ၄ ချက်ပစ်ခဲ့တယ်။ အိမ်ထဲမှာသူ့မိသားစုတွေလည်းရှိတယ်။ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေလို့ပါ။ ကျနော်တို့အဖွဲ့တွေ ချက်ချင်းပြန်ဆုတ်ခဲ့တယ်"

မိုင်းထိလို့ ဆေးရုံတက်ကုနေရတဲ့ PDF ၁ ဦး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံရ

"သူက အလုပ်ကိစ္စနဲ့ ခြေလျင်သွားချိန်မှာ မိုင်းထိပြီး ဘယ်ခြေထောက်ပြတ်ဒဏ်ရာရလို့ ဆေးရုံတက်ကုနေတာ။ စကစဘက်က ဘယ်လိုသတင်းရပြီး လာဖမ်းသွားလဲဆိုတာ မသိရဘူး။ သူကိုက ကံဆိုးတာပါ။ အများပြည်သူ သွားနေတဲ့လမ်းမှာ ရွာသားတွေအများကြီး သွားလာနေကြတာ။ သူပဲ စကစ ထောင်ထားတဲ့ မိုင်းထိသွားတာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10