မြင်းခြံက ကျေးရွာအုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ
"သူက အုပ်ချုပ်ရေးမှူးလည်းဖြစ် ကြံ့ခိုင်ရေး ဥက္ကဌလည်းဖြစ်တော့ ရပ်ရွာထဲမှာ စကစ အားကိုးနဲ့ ပြောဆို လုပ်ကိုင်တာတွေရှိတယ်။ သတ်တာက ဘယ်အဖွဲ့ကလုပ်လဲဆိုတာ မသိရဘူး"
"သူက အုပ်ချုပ်ရေးမှူးလည်းဖြစ် ကြံ့ခိုင်ရေး ဥက္ကဌလည်းဖြစ်တော့ ရပ်ရွာထဲမှာ စကစ အားကိုးနဲ့ ပြောဆို လုပ်ကိုင်တာတွေရှိတယ်။ သတ်တာက ဘယ်အဖွဲ့ကလုပ်လဲဆိုတာ မသိရဘူး"
“လက်နက်ကြီးပစ်တဲ့ အလုံးရေက တော်တော်များတယ်။ အရင်က လက်နက်ကြီးတွေပစ်ရင် ချောင်းဘေးတွေ လောက်ပဲကျတာ။ အခုက ရွာတွေထဲအထိ ကျတယ်။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရပါဘူး”
"ဓာတ်ပုံကမ်ပိန်းကိုတော့ မနက် ၈ နာရီကနေ တနိုင်ငံလုံးမှာရှိတဲ့ဟာတွေကို စုစည်းတယ်။ တချို့ ရဲဘော်တွေဆိုရင် အင်တာနက်အခက်အခဲကြားကနေ မနေ့ညနေကတည်းက ကမ်ပိန်းမှာပါဝင်ဖို့ဆိုပြီးတော့ ကြိုတင်ပြင်ဆင်ပြီးမှ ပို့ထားပေးတာပါ"
" တနင်္ဂနွေဆိုတော့ အလယ်တန်းနဲ့ အထက်တန်းက ကလေးတွေကို အချိန်ပိုခေါ်သင်နေတာ။ အဲ့အချိန်မှာ လေယာဥ်သံကြားလို့ ချက်ချင်းကျောင်းလွှတ်လိုက်တယ်။ ဘာဖြစ်လို့ဆိုတော့ တခြားမြို့တွေမှာ ကျောင်းတွေကို တိုက်ခိုက်တာတွေရှိလို့။ အဲ့ဒါကြောင့် ကလေးတွေ အထိအခိုက်မရှိခဲ့တာ"
“ဈေးကောင်းမရလိုက်ဘူး၊ တတင်းကို ၁ သောင်းလောက်နာသွားတယ်၊ ပစ္စည်းလှိုင်လှိုင်ပေါ်ကာမှ ဈေးကျသွားတာ၊ ကိုယ်တိုင်နှမ်းစိုက်ပြီး နှမ်းရော ဆီ ၁ ပိဿာကို တသောင်းကျော် ပြန်ဝယ် စားနေရတယ်။ ကိုယ်ပြန်ပြီးဝယ်စားရမယ့် နှမ်းဆီဈေးကတော့ ခေါင်ခိုက်နေတယ်” လို့ ပေါက်ခေါင်းမြို့နယ်က နှမ်းစိုက်ပျိုးသူတဦးက ပြောပါတယ်။
"အုတ်ဖြတ်တံတားဘက်ကနေ နေ့လယ်ပိုင်း လက်နက်ကြီးပစ်သံတွေ လေးငါးချက်လောက် ကြားရတယ်။ ခဏနေတော့ လေးအိမ်စုရွာထဲကို တလုံးကျတယ်လို့ သိရတယ်။ အိမ်ရှေ့မှာရှိနေတဲ့ သားအဖ ၂ ယောက် လက်နက်ကြီးမှန်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
ပြည်သူတွေရဲ့လုံခြုံရေးအတွက် အမှုကိစ္စတွေဖြစ်လာတဲ့အခါ တရားဥပဒနဲ့အညီ လုပ်ကိုင်နိုင်ဖို့နဲ့ မလွဲမှားဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ရဲမှူးကိုယ်တိုင် မြေပြင်လာရောက်ပြီး သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
"သေဆုံး ဒဏ်ရာရတာကိုတော့ ခိုင်မာတဲ့ ဖရဲသီးပြောလို့ အတည်ပြုနိုင်ခဲ့တာ။ ဒဏ်ရာရတဲ့ ၃ ကောင်ကတော့ ရေစကြိုဆေးရုံကြီးမှာ ဆေးကုသနေရတယ်" လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
"BHGF တပ်ဖွဲ့မှာ မောင်းပြန်တွေမရှိပါဘူး။ သူတို့စခန်း ဝင်စီးခံရတဲ့အချိန်တုန်းက လက်နက်ခဲယမ်းတွေ ဆုံးရှုံးသွားတယ်။ အဲ့ဒါကြောင့် သူတို့အဖွဲ့က အကူအညီတောင်းလာလို့ မျှဝေပေးဖြစ်တာပါ"
"အဲဒီမှာက သစ်တောကရယ် ရဲနဲ့ စစ်သားတွေ အထိုင်ချနေပြီးတော့ သစ်ခိုးထုတ်တာတွေကို ခွင့်ပြုပေးနေတာ။ အခွန်တွေကောက်ပြီး တောထဲတွေ့တဲ့ အရပ်သားတွေဆီက ပိုက်ဆံတောင်းတာတွေ၊ ဖုန်းသိမ်းတာတွေ လုပ်နေတာကြောင့်သွားတိုက်ခိုက်တာပါ"လို့ သာယာ၀တီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) မှ ရဲဘော်တဦးက ပြောပါတယ်။
“စာသင်ကျောင်းကို ဝင်စီးဖို့လာတဲ့အခါ ကျောင်းသားတယောက်က မြင်လိုက်လို့ အကုန်ထွက်ပြေးလိုက်နိုင်တယ်၊ ခြေလျင်စစ်ကြောင်းဆိုရင် အသာလေးရှောင်တိမ်းလို့ရတာပေါ့၊ ခုကျ ကားနဲ့ ရောက်လာတော့ ကပ်ကာ လွဲကာ ရှောင်တိမ်းလိုက်ရတယ်၊ ခုလောလောဆယ်တော့ စာမသင်ဘဲ ရပ်ထားရတာပေါ့။”
စစ်ခေါင်းဆောင်က တာဝန်ယူခဲ့တဲ့ ၂ နှစ်တာကာလအတွင်း နိုင်ငံအနေနဲ့ ထိုက်သင့်သလောက် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့လို့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
"တကောင်းလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ ရဲတွေက လေးငါးဦးလောက်ရှိတတ်တယ်။ စကစ အဖွဲ့တွေတော့မရှိဘူး။ အမှန်က ကျနော်တို့ဘက်က ဂိတ်ကိုပစ်ဖို့သွားတာ၊ သူတယောက်တည်း အရင်ထွက်လာတော့ သူကို ရှင်းခဲ့လိုက်တာ"
နိုင်ငံတည်ဆောက်နေတဲ့ကာလဖြစ်တာကြောင့် အလှည့်ကျအာဆီယံဥက္ကဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံထံ လွှဲပြောင်းပေးခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။
"၇ ရက်နေ့မှာ ဖိုးဝင်းတပ်ကျေးရွာအနားမှာ ထိတွေ့မှုအကြီးဆုံးဖြစ်ခဲ့တာ။ သုံးပွင့်ဗိုလ်တဦးလည်း သေတယ်။ သုံးပွင့်ဗိုလ်ကို သယ်သွားပြီး တခြားစစ်ကြောင်းနဲ့သွားပေါင်းတယ်။ သေတဲ့စစ်သားတွေကို မြှုပ်ထားခဲ့တာတွေလည်းရှိတယ်။ ၈ ရက်နေ့ ရှိမ်းမကားရဲစခန်းအနားမှာ ထိတွေ့မှုထပ်ပြီးတော့ သူတို့တပ်ဆုတ်ပြီး သံခွန်တွေနဲ့ လာခေါ်သွားတယ်"