သတင်း

မြင်းခြံမှာ သံဃာတော် ၁ ပါး အသတ်ခံရ

"မနေ့က ဂွေးပင်ရိုးက ဆရာတော်ပစ်သတ်ခံရတာက ဟုတ်တယ်။ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရဘူး။ တောင်သာဘက်က လာတဲ့ စကစ စစ်ကြောင်းတွေက အဲ့ဘုန်းကြီးကျောင်းမှာ အမြဲလိုလို ဝင်နားတာနေတာတော့ ရှိတယ်။ အဲဒါနဲ့များဆက်စပ်နေမလားတော့ မပြောတတ်ဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာတဦး သေဆုံး

"သေဆုံးတဲ့အဘွားက နာတာရှည်ရောဂါဝေဒနာသည်ပါ။ ဆေးရုံကိုလည်း ၃ ကြိမ်လောက် တက်ခဲ့ရတယ်လို့သိရပါတယ်" လို့ ခေတ္တရာလူငယ်များသာရေးနာရေး ကူညီပံ့ပိုးမှုအသင်းက ပြောပါတယ်။

စားနပ်ရိက္ခာခက်ခဲနေတဲ့ စစ်ရှောင်တွေကို စစ်ကြောင်းအန္တရာယ်နဲ့ ခရီးလမ်းအခက်ခဲကြားက သွားရောက် ထောက်ပံ့

"စစ်ကြောင်းတွေဖြစ်နေတဲ့ကြားက ကုန်းလမ်းရေလမ်းနဲ့သွားခဲ့ရတယ်။ စစ်ရှောင်တွေက လှူမယ့်သူရှိမှစားရတဲ့ သဘောဖြစ်နေတယ်။ စောင်တွေနဲ့ တဲအမိုးတွေ မိုးနေရတယ်။ စားဝတ်နေရေး အတော်ကိုခက်ခဲနေကြတယ်။ အဘိုးအဘွားက ဆေးဝါးတွေလှူပေးဖို့ပြောတယ်"

မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ တပ်ခွဲအမည်သုံးပြီး လိမ်လည်ငွေတောင်းခံမှုရှိနေ

"ကျနော်တို့တပ်ရင်း၊ တပ်ခွဲအမည်တွေကို အသုံးပြုပြီး Non CDM တွေကို သတိပေးစာပို့ခြိမ်းခြောက်တယ်။ စျေးဆိုင်ခန်းတွေကို စာပို့ပြီး အလှူငွေတောင်းခံတယ်။ မထည့်ဘူးဆိုရင် ဆိုင်ကိုဖောက်ခွဲမယ်၊ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်ငွေညှစ်နေတာပါ"

သိုင်းငင်းတိုက်ပွဲကို ပစ်ကူပေးတဲ့ စစ်တပ်ရဲ့လက်နက်ကြီး ကလေးမြို့ထဲကိုကျလို့ ပြည်သူတဦး သေဆုံး

“သိုင်းငင်းစခန်းသိမ်းကို ပစ်ကူတာလေ၊ ဆက်တိုက်ပစ်တော့ ပြောင်းတွေပူပြီး အဲ့ထဲက ၂ လုံးက ဟိုမရောက်ဘဲ မြို့ထဲကျတာ၊ အမြောက်တပ်ကနေထုတော့ လက်နက်ကြီးကျည်က ရပ်ကွက်တွေ‌ပေါ်ကနေ ဖြတ်တာဆိုတော့ အိမ်ပေါ်လာကျတာ"

ကျွဲရိုင်းပြင် စစ်တောင်းမြစ်ကူးတံတားက စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံးဟုဆို

"သွားပစ်တာကတော့ သိပ်မကြာဘူး။ နာရီဝက်လောက်ပဲ။ တံတားမှာ သူတို့အင်အားများနေတာက စစ်ကြောင်းထိုးဖို့လား အရေးကြီးသတင်းရလို့လား မသိဘူး လူများနေတာ။ ခါတိုင်းတော့ အဲ့လောက်မရှိဘူး"

အမြင်အာရုံချို့ယွင်းသွားလို့ ကုသဖို့သွားတဲ့ အမျိုးသားတဦး ဆိပ်ဖြူမှာဖမ်းဆီးခံရ

"သူကရွာကနေ မင်းဘူးကို မျက်စိသွားကုဖို့ထွက်လာတာ။ ဘုန်းကြီးကား(Mark II) တစီးနဲ့ လမ်းကြုံလိုက်လာတာကို စကစတွေက ဖမ်းလိုက်တာ"

မိုင်းရှင်းဖို့လာတဲ့ စစ်အုပ်စုက မုံရွာနယ်၊ မအူရွာက နေအိမ်တွေကို မီးရှို့ခဲ့

“ပြာဖြစ်သွားတာကတော့ နေအိမ် ၉ လုံး၊ တလုံးကတော့ မီးလောင်နေတုန်းပေါ့။ ရွာသားတချို့လောက်ပဲ ရွာထဲကိုဝင်တယ်။ တချို့ကတော့ အခုလိုမီးလောင်းသွားတာတွေကို မကြည့်ရက်လို့ ရွာထဲကို မဝင်ကြသေးဘူး” လို့ မုံရွာမြို့ခံတဦးဖြစ်တဲ့ ကိုအောင်အောင်က မြေလတ်အသံကို ပြောပါတယ်။

အောင်လံက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရပြီး သေဆုံး

"သေနတ်ပစ်ခံရလို့ ပွဲချင်းပြီးသေသွားတယ်လို့ ကြားသိရတယ်။ ဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာတော့ မသိရဘူး။ အလောင်းကိုတော့ စကစနဲ့ ရဲတွေလာယူသွားတယ်"လို့ အောင်လံမြို့နေ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

အရာတော်နယ်က ရွာ ၃ ရွာကို စစ်တပ်က တမနက်တည်း မီးရှို့

"အခုအချိန်ထိတော့ အိမ်ဘယ်လောက်ပျက်စီးနေလဲဆိုတာ မသိရသေးဘူး။ မလဲသာကို အရင်စရှို့တာ။ ညောင်ပင်သာ ရှို့တယ်။ ကန်ရင်းကို နောက်ဆုံးရှို့တာ။ အခုက မြေပြင်အခြေအနေက ရှုပ်ထွေးနေတယ်" လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီရဲ့စစ်ရေးအရ အသုံးပြုနေရတဲ့ တံတားကို မိုင်းခွဲ

"စကစ တပ်က ဘုရားလဟာရွာမှာ အထိုင်ချပြီး တံတားနားမှာ ပြည်သူတွေကို စစ်ဆေးတာ၊ ပြီးတော့ သူတို့ တပ်စခန်းတွေအတွက် စစ်လက်နက် ရိက္ခာသယ်တာတွေလုပ်လို့ သူတို့အသုံးပြုနေတဲ့ တံတားကို မိုင်းခွဲခဲ့တာလို့" ဖြူးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဖြူးမှာ တံတားစောင့် စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ ၄ ဦး သေဆုံးဟုဆို

"စကစ တံတားစောင့်အဖွဲ့ကို စနိုက်ပါနဲ့ ၂ ကြိမ်၊ ဒရုန်းဗုံးနဲ့ ၂ ကြိမ် သွားရောက်တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပေမယ့် ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိဘူး"

၈၄၁ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ (photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ စစ်အာဏာရှင်အလိုမရှိကြောင်း ရက်ပေါင်း ၈၄၁ မြောက်နေ့အဖြစ် နယ်မြေမတည်ငြိမ်တဲ့ကြားက လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တဦိးဆီက သိရပါတယ်။

ပေါက်မြို့နယ်၊ ပျူကျေးရွာ အတိုက်ခံရလို့ စစ်တပ်က လေကြောင်းနဲ့ ပစ်ကူပေးရ

"သတင်းကြိုပေါက်လို့လား မသိဘူး။ စစ်တပ်က အင်အားထပ်တိုးထားတယ်။ ကျနော်တို့ကလည်း ပြန်ဆုတ်ပြပြီး ဝင်တိုက်တယ်။ အထိအခိုက်တော့ မသိရသေးဘူး။ ကျနော်တို့ဘက်က ရဲဘော်နှစ်ယောက် ဒဏ်ရာရထားတယ်။ မစိုးရိမ်ရပါဘူး" လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

ဂန့်ဂေါက စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးအကူအညီလိုအပ်နေ

"အခုလို မိုးရာသီမှာ အဖြစ်များနေတဲ့ တုပ်ကွေးရောဂါအတွက် ဆေးတွေဆိုရင် အလုံအလောက်မရှိပါဘူး။ ဆေးဝါးအကူအညီ လိုအပ်နေပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10