သတင်း

CDM ဆရာအတတ်သင် သင်တန်းကို တိုက်ခိုက်ဖို့ ရဟတ်ယာဉ်နဲ့ ရှာဖွေထောက်လှမ်းခဲ့

“တရက်ပဲတက်ရသေးတယ်၊ သတင်းကပေါက်ကြားပြီး လေကြောင်းအန္တရာယ် ရှိတယ်ဆိုပြီး သတင်းရလို့ သင်တန်းပိတ်လိုက်ရတယ်၊ ဒီနေ့ညနေ လေကြောင်း ရောက်လာပြီးတော့ ပစ်မှတ်ရှာတယ်၊ ကျနော်တို့ကြားတာတော့ ပစ်မှတ်ကို မတွေ့သွားလို့ ပြန်လှည့်သွားတယ်ကြားတယ်” လို့ သင်တန်းတက်ရောက်နေတဲ့ ဆရာတဦးက ပြောပါတယ်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ တန့်ဆည်သားတွေက စစ်ကောင်စီကိုဆန္ဒပြ

"နှစ်ဆန်း ၁ ရက် Gunနှင့်တက် စစ်ခွေးခေါင်းတွေအကုန်ပြတ်"

မုံရွာမြို့အဝင်က စစ်ဆေးရေးဂိတ် လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံရ( ရုပ်/သံ)

ကားနဲ့ပစ်ခတ်ချိန်မှာ ရဲယူနီဖောင်းဝတ်ထားသူတဦးလဲကျသွားတာ မြင်လိုက်ရပေမယ့် သေဆုံးမှုရှိမရှိကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ဆိုပါတယ်။

ကလေးမြို့ ပင်မသပိတ် ပစ်ခတ်ဖြိုခွင်းခံရပြီး အဖွဲ့ဝင်တချို့ဖမ်းဆီးခံလိုက်ရ

“အာဏာသိမ်းထဲက သပိတ်ကရက်မပျက်ခဲ့ဘူး၊ နေ့တိုင်းထွက်နေတော့ စောင့်ဖမ်းဖို့ချောင်းတာလား၊ သတင်းပေးနဲ့တွေ့လားမသိဘူး၊ မအိစံကတော့မလွယ်ဘူး၊ အသေရရ အရှင်ရရ ပစ်ဖမ်းဖို့ ထုတ်ထားတာ၊ ** တွေက သူ့ကို ကြိမ်းထားကြတာကြာပြီ” လို့ သပိတ်အဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးစစ်သားတွေကိုပေးတဲ့ မြေကွက်တွေကို တပ်ရင်းမှူးမိန်းမက ဈေးနှိမ်ဝယ်နေလို့ မကျေမနပ်ဖြစ်နေ ဟုဆို

“တိုက်ပွဲကျသွားတဲ့သူတွေရဲ့ မိသားစုတွေကို ပေ ၄၀၊၆၀ မြေကွက်တွေ သီဟိုမြိုင်ဘက်မှာ အကွက်ရိုက်ပြီးပေးတာကို တပ်ရင်းမှူးမိန်းမက ငါပြန်ဝယ်မယ်ဆိုပြီး သိန်း ၄၀၊၅၀ လောက်တန်တဲ့မြေ ကွက်ကို အဆမတန်ဈေးဖြတ်ပြီး ၁၄၊၅ သိန်းလောက်ဘဲပိုက်ဆံပေးတာ” လို့ ပြောပါတယ်။

အောင်လံမြို့ တရားရုံးနဲ့ ယာဉ်ထိန်းရဲကင်း ဗုံးပစ်ခံရ

“တရားရုံးနဲ့ဥပဒေရုံးတွဲထားတဲ့ ခရိုင်ရုံးအသစ်နဲ့ ယာဉ်ထိန်းရဲကင်းကို နာနတ်သီးပစ်ထည့်ခဲ့တာပါ။ တရားရုံးမှာက ညစောင့်တယောက်ဘဲရှိတယ်။ ယာဉ်ထိန်းရဲကင်းမှာက လူမရှိဘူး။ အဆောက် အဦတော့ အနည်းငယ်ထိခိုက်တာရှိမယ်” လို့ ပြောပါတယ်။

အုတ်ဖိုမြို့မရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် မြို့ခံ ၆ ဦးဖမ်းဆီးခံရ

"သကြန်အကြို့နေ့ကတည်းက ကျောင်းရှေ့ကမဏ္ဍပ်ကိုပစ်ဖို့ပါ၊ ကလေးတွေရှိနေတော့ မပစ်တော့ဘူး၊ အကျနေ့ညပိုင်းကျမှ အုတ်ဖိုရဲစခန်းထဲ တိတိကျကျ ၄၀ တလုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ စစ်ကောင်စီဘက်က ချက်ချင်းပြန်ပစ်တယ်၊ ကျနော်တို့ဘက်က ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်နေပါပြီ" လို့ သတင်းတာဝန်ခံ ဗိုလ်တောက်တဲ့ က ပြောပါတယ်။

ရေစကြိုမှာမိုင်းကွဲလို့ လူငယ် ၃ ဦးဒဏ်ရာရ

"အဲနားမှာက သင်္ကြန်မဏ္ဍပ်တွေ၊ ကလေးတွေ ရေကစားနေတာမရှိဘူး။ ဝင်းသူဇာအရောင်းဆိုင်ကလည်း ပိတ်ထားတာကြာပြီ။ မိုင်းပေါက်တာကလည်း ဆိုင်ရှေ့တည့်တည့်ကနေ ပေါက်တာ။ အဲ့အချိန် ကလေးတွေကလည်း သင်္ကြန်လည်ရင်း စက်ဘီးနဲ့အဲ့နားကို ဖြတ်သွားချိန်မှာ ထိသွားတာ"လို့ ပြောပါတယ်။

စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ရှေ့ မူးပြီးရန်ဖြစ်တဲ့ လူငယ်တချို့ကို စစ်တပ်က သေနတ်ပစ်ဖောက်ဖမ်းဆီး

“ဘောမမင်းထက်ဆိုတဲ့ကောင် သီချင်းတက်ဆိုနေတဲ့အချိန် အောက်မှာကနေတဲ့ကောင်တွေက ကနေရင်း ထိခိုက်မိလို့ထင်တယ်၊ ရန်ထဖြစ်တာ။ စစ်သားတွေက ပထမသေနတ်တချက် ပစ်ဖောက်ပြီးတားတာ တားမရဘူး။‌ နောက်တချက်ဖောက်ပြီး ရန်ဖြစ်တဲ့ကောင်တွေကိုဖမ်းသွားတယ်။ အောက်မှာကနေတာလည်း သူတို့လူ မြို့ထဲကဘောမတွေ များပါတယ်” လို့ ပြောပါတယ်။

သုံးဆယ်သင်္ကြန်မဏ္ဍပ် ဗုံးခွဲခံရလို့ ရဲ ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရ

"အဲ့ဒီနေရာမှာ ရဲဂိတ်ပဲရှိတာ၊ သေတာလည်းရဲပဲ၊ သင်္ကြန်မဏ္ဍပ်နဲ့လှမ်းတဲ့နေရာကိုလုပ်တာဆိုတော့ ပြည်သူလူထုတော့ မထိခိုက်ပါဘူး။ မိုင်းကလက်လုပ်မိုင်းဆိုပေမယ့် အလုံးကြီးတယ်။ ပေါက်ကွဲအားပိုပြင်းတယ်" လို့ စစ်ရေးတာဝန်ခံ ကိုဥက္ကာကပြောပါတယ်။

ဆားလင်းကြီးနယ်က မုန့်လုံးသပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်က ကျေးရွာတရွာမှာ ဧပြီလ ၁၅ ရက်ဒီမနက်ပိုင်းက ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတခုအဖြစ် မုန့်လုံးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

စခန်းရှေ့မူးပြီးကနေတဲ့ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးများဟုဆို

“ပထမ GPS စနစ်ပါတဲ့ ၈၀ မမ ဗုံးသီးနဲ့ပစ်ချတာမှာ သူတို့ကနေတဲ့ အလည်တည့်တည့်ကိုကျတယ်။ ကနေတာ ၁၈ ကောင်လောက်ရှိတယ်၊ အပစ်ခံရလို့ ဘန်ကာ ၂ ထပ်ပေါ်ကို ၈ ကောင် တက်သွားတဲ့အချိန် ၄၀ မမ၊ ၈၀ မမတွေနဲ့တပြိုင်တည်းပစ်ချတာ ထပ်ပြီးသေတယ်”

"သိကြားမင်းလည်း အသံတိတ်သပိတ်မှောက်ပြီ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပါတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ်ရဲ့ ဒီတပါတ်မှာတော့ "သိကြားမင်းလည်း အသံတိတ်သပိတ်မှောက်ပြီ "ဆိုတဲ့ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

စစ်ရုံးချုပ်ကထွက်ပြေးတဲ့ အမျိုးသမီးတပ်ကြပ်ကြီး ၂ ဦးလွတ်မြောက်နေဆဲဖြစ်ပြီး၊ တပ်ပြေးအဖြစ် ကြေငြာခံထားရ

“ဖေဖော်ဝါရီလဆန်းပိုင်းကခွင့်မဲ့စဖြစ်တာ၊ ခွင့်မဲ့ ၂၁ ရက်ဆို တပ်ပြေးကြေငြာတယ်။ တပ်ရင်းတွေမှာ ဆိုရင်တာ့ကြိတ်ရှာကြတာ ခွင့်မဲ့တော်တော်နဲ့မကြေငြာဘူး။ စစ်ရုံးထဲမို့ တန်းကြေငြာတာ။ သူတို့ကို အခုထိပြန်မိတာမျိုးတော့မကြားသေးဘူး”

စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ပေါင်းတည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

"အိမ်ထဲဝင်ပြီးအနီးကပ်ပစ်ခဲ့တာပါ၊ နေရာမှာတင်မထနိုင်ဘူး။ နားထင်တချက်၊ကိုယ်လုံးတချက် မှန်တယ်။ နားထင်တေ့ပစ်တာဆိုတော့ နေရာမှာတင်သေတယ်။ အလောင်းကိုအဂ္ဂရာပြည့်က ကားတစီးနဲ့ မှတ်တိုင်ဆေးရုံတင်သွားတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10