သတင်း

ပွင့်ဖြူ-ပကဖ က ၂ မိုင်ထိ ပစ်လို့ရတဲ့ ၆၀ မမ လက်နက်ကြီး ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်း အခြေစိုက်ပြီး မြေလတ်ဒေသတလျှောက် စစ်ကောင်စီကို တော်လှန်နေတဲ့ ပွင့်ဖြူ-ပကဖ အဖွဲ့က အကွာအဝေး ၂ မိုင်အထိ ပစ်လို့ရတဲ့ ၆၀ မမ လက်နက်ကြီး ထုတ်လုပ်ခဲ့တယ်

~~~ ငါ့အတွက်တော့ မဟာတံတိုင်းကြီး ~~~

~~~ ငါ့အတွက်တော့ မဟာတံတိုင်းကြီး ~~~

PDF စခန်း စီးနင်းခံရချိန် စွန့်လွှတ်မိုင်းတွေ ကွဲလို့ စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်

“စစ်ကြောင်းထွက်ရင်းနဲ့ စခန်းနဲ့ ထိပ်တိုက်တိုးတဲ့ ပုံစံဗျ။ စခန်းစွန့်ခွာရတော့မှာမို့ စွန့်ခွာမိုင်း ထောင်ခဲ့ဖို့ကိုတော့ ပြင်ဆင်ချိန်တော့ရအောင် ကြိုးစားခဲ့တယ်။ သေဆုံးတဲ့အထိတော့ မသိရပေမယ့် သူတို့ စခန်းကို မီးရှို့ဖျက်ဆီးချိန် မိုင်းကွဲလို့ အထိအခိုက်ရှိနိုင်တယ်"

ရွှေဘိုမှာ မိုင်းထိလို့ ပျူစောထီး တဦးသေပြီး စစ်သားတဦး ဒဏ်ရာရ

"ဆိုင်ကယ်က စုတ်ပြတ်သွားပြီးတော့ ပျူကတော့ ပွဲချင်းပြီး သေသွားတယ်။ စစ်သားကတော့ ခြေတဖက် ပြတ်သွားတယ်။ သေနတ်ဖောက်သံလည်း မကြားရဘူး။ တနာရီလောက်ကြာတော့မှ အလောင်းနဲ့ ဒဏ်ရာရစစ်သားကို လာကောက်သွားတယ်"

ကနီမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟောပြောပွဲပြုလုပ်

"ဟောပြောပွဲ ကြာချိန်ကတော့ ၆ နာရီလောက် ကြာမြင့်ခဲ့တယ်။ ကလေးသူငယ်တွေ၊ မိဘတွေ စုစုပေါင်း ငါးရာလောက် တက်ခဲ့ကြတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားတဲ့အချိန်မှာ ကလေးသူငယ်အခွင့်အရေးက ရသင့်တယ်ဗျ။ စစ်ပွဲကြားနဲ့ ပဋိပက္ခကြားမှာ ကလေးသူငယ်အခွင့်အရေးတွေ မရတာရှိတယ်။ ကလေးတွေအနေနဲ့လည်း ဒီလိုအခြေအနေမှာ ငါတို့ရသင့်တဲ့ အခွင့်အရေးတွေ ရှိပါလားဆိုတာကို သိဖို့ လိုတယ်"

စစ်ကိုင်းမှာ ကိုရင် ၁ ပါး ရေနစ်သေဆုံးပြီး ဘုန်းကြီး ၁ ပါး မြစ်ထဲခုန်ချမှု ဖြစ်ပွား

"ကိုရင် ၃ ပါးက ဧမြဝတီရေဆိပ်မှာ ရေဆင်းဆော့ရင်း နစ်တာ။ အဲဒါမှာ ကိုရင် ၂ ပါးကတော့ အသက်ရှင်လျက် ပြန်ရတယ်။ တပါးကတော့ ဆုံးသွားတယ်”

ကလေးမြို့က ခိုးဆိုးလုနှိုက် လူမိုက်ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

"ခေါင်းကို သုံးချက် ပစ်ခဲ့တာပါ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ သူက အဲဒီရပ်ကွက်ကို ဘာသွားလုပ်တာလဲတော့ မသိဘူး။ သူက တယောက်တည်းသွားနေတာ"

ကောက်ရတဲ့ 79 ကျည်ဖူး ပေါက်ကွဲရာက ၁၂ အရွယ်ကလေး ၁ ဦးသေဆုံး

“ဆယ့်နှစ်နှစ်အရွယ် ကလေးငယ် တဦး နွားကျောင်းထွက်ရင်း တောတွင်းတနေရာက ရရှိလာတဲ့ 79 ကျည်ဖူးကို ကောက်ယူခဲ့ပြီး ကျေးရွာအစွန်နေအိမ်တခုမှာ ကျည်ဖူးကို အုပ်ကန်ပေါ် လွတ်ကျရာက ပေါက်ကွဲမှုဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ”

ရေနံချောင်းမြို့မ ရဲစခန်း အဝေးထိန်းမိုင်းခွဲခံရလို့ ဘန်ကာတွေ ပျက်ဆီး

"ည ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မိုင်း ၂ လုံးခွဲတိုက်ခိုက်ခဲ့တာ၊ အဲဒီရေနံချောင်းမြို့မရဲစခန်းမှာ အင်အား ၃၀ လောက်ရှိမယ်။ ကျနော်တို့ ပြန်လည်ဆုတ်ခွာတဲ့အချိန်မှာ သူတို့က နောက်လိုက်ပစ်တာတော့ ရှိတယ်။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းဆဲပါ။ ပျက်စီးဆုံးရှုံးတာကတော့ ရဲစခန်းဘန်ကာအပိုင်းကို မိုင်းခွဲခဲ့တာဆိုတော့ ပျက်စီးဆုံးရှုံးမှုတော့ရှိမယ်"

စျေးထွက်ဝယ်တဲ့ စစ်သားနဲ့ ပျူတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ ၇ဦးသေဆုံး( ရုပ်/သံ)

မြိုင်မြို့ပေါ်ကို စျေးတက်ဝယ်တဲ့ ကန်နီရွာက စစ်သားနဲ့ ပျူစောထီးတွေ အပြန်မှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ပြီး မိုင်း ၂ကြိမ်ဆွဲတိုက်ခိုက်ခံရလို့ ၇ဦးသေဆုံးခဲ့တယ်လို့ မြိုင် ပကဖ ဆီကသိရပါတယ်။

စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် ကျေးရွာပကဖရဲဘော် ၅ ဦးကျဆုံး

"ဖလံဂုဏ်ရွာက မထင်မှတ်ပဲ အငိုက်ခံလိုက်ရတယ်၊ အိပ်မောကျနေတဲ့အချိန် တိတ်တဆိတ်ဝင်လာတာဗျ။ ရပ်ရွာကင်းစောင့်နေတဲ့ ပကဖအဖွဲ့ဝင် ရဲဘော် ၅ ဦးရော ပြည်သူတွေရော ပိတ်မိတယ်။ ရဲဘော် ၅ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းတေ့ပစ်သတ်ခဲ့တယ်။ စစ်တပ်ထွက်သွားလို့ မနေ့ကပဲသဂြိုလ်ပြီးပါပြီ"လို့ ပြောပါတယ်။

မိုင်းလာရှင်းတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟုဆို

"စကစတွေက ခြေလျင်လာကြတာ။ မိုင်းတွေကတော့ ကျနော်တို့နဲ့နောက်တစ်ဖွဲ့ထောင်ထားတဲ့မိုင်းတွေပါ။ အဲ့ဒါကိုသတင်းရလို့လာရှင်းတာ။ အဲဒီအချိန်မှာ ကျနော်တို့ကစောင့်ကြိုပြီးတိုက်ခိုက်ခဲ့တာ။ ကျနော်တို့ မိုင်းဆွဲလိုက်တဲ့အချိန်မှာ ၃ကောင်က ပွဲချင်းပြီးသေတယ်။ ၇ ကောင်ကတော့ သွေးသံရဲရဲထွက် ပြီးတော့ကားနဲ့တင်သွားတယ်။ သေဆုံး၊ဒဏ်ရာရတာကိုတော့ ကျနော်တို့မျက်မြင်ပါပဲ" လို့ ဆိုပါတယ်။

တပ်မ ၁၀၁တပ်သားတွေရဲ့ စစ်ဆေးရေးဂိတ် လက်နက်ကြီးနဲ့ပစ်ခံရလို့ စစ်သား ၂ ဦး သေဆုံး ( ရုပ်/သံ)

"အဲ့ဒီစစ်ဆေးရေးဂိတ်မှာ ပခုက္ကူတပ်မ ၁၀၁ က စစ်သား‌ ၁၀ ယောက်လောက်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးရေးလုပ်နေလို့ မတ်လ ၄ ရက် ညနေ ၅ နာရီကျော်မှာ လက်နက်ကြီး အချက် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

ဝက်လက်အခြေစိုက် Acid အဖွဲ့က ရိုင်ဖယ် သေနတ်ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာအခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်နေတဲ့ Acid အဖွဲ့က 7.62 Refile အမျိုးအစား သေနတ်ကို ဖေဖော်ဝါရီလကုန်မှာ ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

PDF ဆီပို့မယ့်လက်နက်တွေ ရေတာရှည်မြို့နယ်ထဲမှာ ဖမ်းဆီးခံရ

"လက်နက်တွေမိတာက ရေတာရှည်အပိုင်ထဲမှာ မိတာတော့ဟုတ်တယ်။။ ကျနော်တို့လည်း အဲ့ဒီသတင်းကြားလို့ လိုက်စုံစမ်းတော့ ဖမ်းခံရတဲ့ပစ္စည်းတွေက မကွေးဘက်ပို့ဖို့သယ်လာတာလို့သိရတယ်။ ဖမ်းခံရတဲ့ထဲမှာ ကျနော်တို့ပဲခူးအနောက်ခြမ်းကတယောက်ပါတယ်။ ကျနော်တို့အဖွဲ့တွေရဲ့ ပစ္စည်းမဟုတ်တော့ မကွေးဘယ်အဖွဲ့ကို ပို့မယ်ဆိုတာတော့သေချာမသိဘူး။ လက်နက်တွေကတော့ အဆင်ပြေသလို သယ်နေရတာပါဘဲ"လို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10