သတင်း

အရာတော်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၄ ဦးခန့်သေဆုံးဟုဆို

"စစ်ကြောင်းခြေလျင်လာတာကို ကင်းထောက်တွေကသတင်းပေးလို့ ကျနော်တို့သွားစောင့်နေခဲ့တာပါ။ သေဆုံးမှုက ၄ ယောက်သေပြီး၊ ၃ ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။ မြို့ခံတွေ၊ တပ်တွင်းဖရဲသီးတွေနဲ့ စောင့်ကြည့်ကင်းထောက်တွေဆီက ပြန်သိရတာပါ"

ပဇီကြီးကျေးရွာ သွေးကြွေးအတွက် မုံရွာမှာ ဆန္ဒပြ (ရုပ်/သံ)

သင်္ကြန်ဆိုတာ စိတ်ပျော်ရွှင်စရာလို့ သတ်မှတ်ထားပြီး အပျော်တွေဘက်ကို စိတ်အားထက်သန်နေကြရင်း တော်လှန်ရေးမှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့လျှော့မသွားကြဖို့ နဲ့ ပြည်သူတွေ သွေးမအေးကြဖို့ကို အသိပေးနိုးဆော်ရင်း မုံရွာတော်လှန်လူငယ်တွေနဲ့ ပြည်သူတွေက ဧပြီလ ၁၄ ရက်မနက်မှာ ဆန္ဒပြခဲ့ကြတာ

ပဇီကြီးရွာအတွက် သွေးကြွေးတောင်းတဲ့အနေနဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်လို့ သေဆုံးမှုများနိုင်

“ဝေဟင်ပစ်မရဘူး၊ ဂျန်ဘာတွေရှိတယ်ဆိုလို့ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခဲ့တာ။ သေဆုံးမှုက များနိုင်တယ်ဗျ၊ ပထမဆုံး ၆၀ မမ တလုံးက ‌ကင်းစောင့်တဲ့ ကင်းတဲထဲကိုကျတယ်။ နောက်ထပ်က သူတို့အိပ်တဲ့နေရာနားကို ၆ လုံးဆက်တိုက်ကျတယ်၊ အဲ့တာကြောင့် သေဆုံးကတော့များနိုင်ပါတယ်"

နွားထိုးကြီး လဝကနဲ့ထွေအုပ်ရုံး ဒရုန်းဗုံးချခံရလို့ ထိခိုက်သေဆုံးမှုရှိ

"အဲ့ဒီနားက စုပေါင်းရုံးတွေလိုဖြစ်နေတာ၊ လူနေအိမ်နည်းပြီးရုံးတွေဘဲများတယ်။ လဝကရုံး ချတဲ့အချိန်မှာ ရုံးအရှေ့ဘက်နားက စကစတွေနေတဲ့နေရာနားကျပြီး သေတာရှိတယ်။ ထွေအုပ်ရုံးနားချတဲ့ အချိန်မှာ ရုံးနားကျပြီးတော့ ရဲမိသားစုတွေ ထိခိုက်သေဆုံးတာရှိတယ်"

သင်္ကြန်အကျနေ့ လုံခြုံရေးယူနေတဲ့ရဲတွေ အဝေးထိန်းမိုင်းခွဲခံရလို့ ဒဏ်ရာရသူတွေရှိ

"ဒေသအခေါ် ၃၆ ပင်းချောင်းတံတားပေါ့၊ အဲ့ဒီပေါ်မှာ လုံခြုံရေးစောင့်နေတဲ့ ရဲတွေကို အဝေးထိန်းမိုင်းအကြီးစား ၁ လုံးခွဲတိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ ပြန်ဆုတ်တဲ့အချိန်မှာ သူတို့က နောက်လိုက်ပစ်တာတော့ရှိတယ်။ ရဲတွေ သေဆုံးတာတော့မရှိဘူး၊ ဒဏ်ရာရတဲ့အဆင့်ပဲရှိတယ်”

စစ်ကောင်စီရဲ့ အင်ပင်ဂိတ် ဒရုန်းနဲ့ဗုံးချခံရလို့ ၄ ဦးဒဏ်ရာရဟုဆို

"ဒီကောင်တွေ တပ်စွဲထားတဲ့နေရာမှာက ဂျန်ပါတွေထောင်ထားတော့ မီးပျက်ချိန်ကို သွားချတာ။ ဗုံးတွေကတော့ သူတို့ဂိတ်အရှေ့နားဝန်းကျင်တွေကို ကျရောက် ပေါက်ကွဲတာတွေရှိခဲ့တယ်။ ဒီတပတ်ထဲမှာကို ၃ ကြိမ်လောက်ရှိပြီ သွားပစ်တာ။ ရှေ့ခေါက်တွေကတော့ ထိခိုက်တာမသိရဘူး။ ခုတခေါက်တော့ ဒရုန်းဗုံး ကျပေါက်တာတောင် ပြန်ပစ်တာမျိုးတွေ မရှိခဲ့ဘူး။ မူးနေလို့ဘဲ ပြန်မပစ်တာလား တော့ မသိရဘူး"

ခလရ ၁ တပ်သင်္ကြန်ကို မဏ္ဍပ်အပြင်မထုတ်ရဲဘဲ တပ်တွင်းဝင်၊ထွက်ခွင့်ပိတ်ထားပြီး ပြုလုပ်

"အဓိက က PDF ဗုံးကို ကြောက်တာပေါ့။ တပ်ထဲမှာက လူလည်း သိပ်မရှိတာရယ်။ နောက်ပြီး အရင်လို တပ်ပြင်ထွက် မဏ္ဍပ်ထိုးလည်း ဘယ်သူမှ မလာလောက်ဘူးဆိုတာ သိလို့နေမှာ။ တပ်ထဲကလူလည်း အပြင်မထွက်ခိုင်းဘူး။ အပြင်ကလူလည်း ဘယ်သူမှ အထဲမခေါ်ခိုင်းဘူးလို့။ ဒါတောင် သူတို့ သင်္ကြန်သာ လုပ်နေတာ ဒရုန်းကြောက်လို့အပေါ်ကို တကြည့်ကြည့်နဲ့ ကနေကြတာ"

သင်္ကြန်ကျင်းပနေတဲ့ ခလရ ၂၅၇ တပ်ထဲ လက်နက်ကြီးနဲ့ပစ်ခံရလို့ ထိခိုက်သေဆုံးရှိနိုင်

"အဲဒီတပ်က တပ်မ ၁၀၁ လက်အောက်ခံတပ် ဖြစ်တယ်။ လက်နက်ကြီးတွေနဲ့ အချက်ရေ တော်တော်များများ ပစ်ခဲ့တယ်။ ထိခိုက်သေဆုံးရှိနိုင်ပေမယ့် တပ်တွင်းအခြေအနေဖြစ်တော့ အတိအကျ မသိရသေးဘူး။ သူတို့တပ် ပစ်ခံရတော့ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်"

ကြို့ပင်ကောက်မှာ အမျိူးသား ၁ ဦးရေနစ်သေဆုံး ၁ လကျော်တွင်း ၆ ဦးမြောက်သေဆုံးခြင်းဖြစ်

"သူနေတဲ့ အေးသန်းဆန်စက်ဝန်းထဲက ရေကန်ကြီးထဲမှာ ညအချိန်မတော် ရေဆင်းချိုးရင်း ဖြစ်တာပါ။ ရာသီဥတုကလည်း ပူတာလည်း ပါတာပေါ့။ ညတွင်းချင်းပဲ ဆယ်ယူခဲ့ပါတယ်''

စစ်ကင်းစခန်းတခု တိုက်ခိုက်ခံရလို့ ၃ ပွင့်ဗိုလ်အပါ ၃ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"တိုက်ပွဲချိန်က ၁ နာရီခွဲလောက် ကြာတယ်။ စစ်ကောင်စီဘက်က ပြန်ပြီးပစ်ခတ်နိုင်တာ မရှိခဲ့ဘူး။ ကျနော်တို့ဘက်က ၆၀ မမ လက်နက်ကြီးနဲ့အဖူး ၃၀ ကျော် ပစ်ခတ်ခဲ့တယ်။ အဲဒီစခန်းမှာ သေဆုံးတာက ၃ ယောက်ရှိပြီး ၁ ယောက်က ၃ ပွင့်ဗိုလ်သေတယ်"

အောင်လံက လောင်းကစားဝိုင်းကို အသံဗုံးနဲ့ သတိပေးဖောက်ခွဲ

“ကျနော်တို့မြို့မှာက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတာ၊ မြို့ပေါ် ၉ ရပ်ကွက်မှာ တလတကြိမ် ပွဲရှိတယ်။ မြို့နယ်အတိုင်းတာမှာဆိုရင်တော့ တလလုံး မပျက်ဘူး။ ကျေးရွာတွေကို လှည့်လုပ်တာ၊ ခုဖောက်ခွဲခံရတဲ့ဝိုင်းက အရပ်သား လောင်းကစားဒိုင်ကိုင်တာ၊ အခုကတော့ ဝိုင်းတွေမရှိတော့ဘူး။ သင်္ကြန်ရက်ကြောင့် နားတာလည်း ဖြစ်နိုင်တယ်။ ဖောက်ခွဲခံရလို့ နားတာလည်း ဖြစ်နိုင်တယ်”

စစ်အာဏာရှင်ကို ဆန္ဒပြရင်း တော်လှန်သံချပ်တွေနဲ့ ပြည်သူကိုဖျော်ဖြေ (Photo News)

"စစ်တပ်စီးပွား ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာတန်းနဲ့အတူ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းရဲ့ ၇၆၄ ရက်မြောက်နေ့အဖြစ် ပြုလုပ်ခဲ့ရာ မြို့နယ်တွင်းက သပိတ်အင်အားစုတွေက လာရောက်ပူးပေါင်းခဲ့တယ်

သင်္ကြန်မှာ ကျဆုံးခဲ့တဲ့ ရဲဘော် (၁၀) ဦးရဲ့ ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

"ဒီနေ့နံနက် ၇ နာရီမှာစပြီး ၇ ခွဲမှာပြီးတယ်ဗျ။ လမ်းမကြီးပေါ်မှာပါ လုံခြုံရေးအရမို့ပါ။ မုံရွာ-ယာကြီး-ကလေးဝ လမ်းက မဟာဗျူဟာကျတဲ့ လမ်းကြီးဆိုတော့ အချိန်ကြာကြာလုပ်ဖို့က အဆင်မပြေလို့ပါ။ အရင်နှစ်ကလည်း အောက်မေ့ဖွယ်အခမ်းအနားကို ပြုလုပ်ပေးပါတယ်"

ရွှေဘိုမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သေနတ် ၃ ချက်ပစ်ခံရပြီး သေဆုံး

"သိရသလောက်က သူက ဘုရားဝင်းအတွင်း ဇောင်းတန်းမှာထိုင်ပြီး အခြားသူတွေနဲ့စကားပြောနေချိန် လာဝင်ပစ်သွားတယ်လောက်ပဲ သိရတယ်။ ကျည်ထိတာတော့ ၃ ချက်။ နေရာမှာပဲ သေသွားတယ်"

မကွေးအခြေစိုက် PDF တဖွဲ့က သင်္ကြန်ကာလအတွင်း ရွာသားတွေကို စတုဒီသာကျွေး

"ကျနော်တို့ ပထမရက် မုန့်ဟင်းခါးချက်တဲ့နေ့ကဆိုရင် မနက် ၆ နာရီကထဲက ပြင်ဆင်လိုက်တာ ၈ နာရီထိကြာသွားတယ်။ အရည်အတွက်လည်းများတာကို၊ ချက်ပြုတ်ပြီးတော့ ရွာသားတွေကို တအိမ်တက် တအိမ်ဆင်း လိုက်ဝေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10