သတင်း

နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခတ်ခံရ

နတ်တလင်းမြို့နယ်၊ ပွဲသာအုပ်စု၊ အုပ်ချုပ်ရေးမှူး ကိုတင်ထွန်းကို ကုန်ကလေးရွာက ဆိုင်ကယ်နဲ့ပြန်လာချိန် သပြေစမ်းရွာအနီးမှာ မနေ့ည ၇ နာရီလောက်က ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပြည်ခရိုင် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့က ပစ္စတိုနဲ့ ပစ်ခတ်ခဲ့တာ

ပြည်မြို့က စစ်ကောင်စီသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို လုံခြုံရေတင်းကြပ်စွာနဲ့ ပြုလုပ်ခဲ့

"ဗိုလ်ချုပ်ကျောက်ရုပ် မြို့လယ်ခေါင်လမ်းဆုံမှာ သူတို့ ဗဟိုမဏ္ဍပ်လုပ်ပြီး ဖွင့်ပွဲလုပ်တာ။ လမ်းတွေက ပိတ်ထားတယ်။ အစစ်ဆေးလည်း များတယ်။ လူကတော့ သူတို့လူနည်းနည်းလောက်ပဲရှိတယ်။ အခြေနေကောင်းတုန်းကဆိုရင် ဘာပြောကောင်းမလဲ ဖွင့်ပွဲနေဆို စည်ကားနေတာ တိုးမပေါက်ပဲ။ သူတို့ကတော့ မဖြစ်ဖြစ်အောင်လုပ်မှာပဲ"

မတ္တရာမှာ ကင်းပတ်နေတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ ၆ ဦးသေဆုံးဟုဆို

“အခုလိုမိုင်းဆွဲခဲ့ရတဲ့ ရည်ရွယ်ချက်က‌တော့ သင်္ကြန်ကာလ ရေမကစားစေချင်တာနဲ့ အဓိကတော့ ကန့်ဘလူ၊ ပဇီကြီးကျေးရွာမှာ ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ ကလေးငယ်တွေအတွက် စိတ်မကောင်းဖြစ်လို့ မြို့ထဲအထိ ခဲရာခဲဆစ် ဝင်ပြီးလုပ်တာ”

ပဲခူးတိုင်းအနောက်ခြမ်း ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေလုပ်နေလို့ ဒေသခံတွေ အခက်တွေ့နေ

“သဲဖြူရွာအုပ်ကြီးနဲ့ ဇလုပ်ရွာကလူမိုက်တွေ ပေါင်းပြီးလုပ်နေတာ၊ လောင်းကစားဝိုင်းက အသံတွေဖုံးအောင် စတိတ်ရှိုးလုပ်ပြီး ဆောင်းဘောက်ကြီးတွေနဲ့ ဖွင့်တယ်။ အပူရှိန်တွေက မြင့်ရတဲ့ကြားထဲ အသံတွေကြောင့် နေ့ခင်းဘက် မအိပ်ရ ညဘက် မအိပ်ရ။ သက်ကြီးရွယ်အိုတွေလည်း အနားမယူရဘူး။ ရွာကလူတွေကလည်း ဝင်ဆော့ကြတော့ ရှုံးတာပေါ့။ စီးပွားရေးတွေလည်း မပြေလည် ဖြစ်ကုန် ကြတာ”

သပိတ်ကျင်းမှာ စစ်ကောင်စီကားနှစ်စီး တရက်တည်း ၂ ကြိမ်မိုင်းဆွဲခံရ

"ကျနော်တို့က သတင်းရလို့ မိုင်းထောင်စောင့်နေတာ၊ ပထမတခါ မိုင်းသုံးလုံးဆင့် ဆွဲတော့ နောက်ကားကဖင်ရမ်းခါသွားတယ်။ ဒုတိယအကြိမ် ထပ်ဆွဲတော့ ရှေ့ကားခေါင်းပိုင်း တည့်တည့်ထိပြီး မီးလောင်တယ်။ အဲ့အချိန်မှာ ကျန်တဲ့ စစ်သားတွေက ကားပေါ်က ခုန်ချပြီးတော့ ညောင်ကုန်းရွာထဲဝင်ပြေးတယ်။ စစ်သား ၁၅ ယောက် သေတယ်။ ၅ ယောက်က ခြေလက်တွေပြတ် ဖြစ်ကုန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ မြို့ပေါ်က လူသားဒိုင်း

“လာပစ်တဲ့သူကလည်း ပစ်တဲ့အခါ ဈေးသည်တွေကို ထိသွားနိုင်တယ်ပေါ့ဗျာ။ အဲဒီလိုဆို သူတို့က စစ်ရာဇဝတ်မှုဆိုတဲ့ စကားကို သူတို့ခေါင်းဆောင် ဇော်မင်းထွန်းက အဲလိုပြောချင်တာပေါ့။ အဲဒီလိုချပြချင်လို့လည်း အခုနောက်ပိုင်း အဲဒီအစီအစဉ်တွေကို သွားနေတာ။ အခုနောက်ပိုင်းမှာ အဲဒါမျိုးတွေက ဖြစ်လာဦးမှာပဲ”

ကျေးလက်မြို့ပြ လူထုသပိတ်တိုက်ပွဲ ဖော်ဆောင်နိုင်ရေး ပေါင်းတည်မြို့နယ်ထဲမှာ စည်းရုံးဟောပြော

"သူတို့ဘယ်လောက်ပဲ အကြောက်တရားတွေကို ရိုက်ထည့်ပါစေ ကျနော်တို့မြို့ပြကျေးလက် ပြည်သူလူထုကြီးနဲ့အတူ အဝေးတနေရာရောက်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ညီညီညွတ်ညွတ် အတူတကွ တွန်းလှန်ကြဖို့ပါပဲ။ ရတဲ့နည်းနဲ့တော်လှန်ပုန်ကန်ကြပါ။ မြေပြင်သပိတ်တိုက်ပွဲတွေအတွက်လည်း လူထုကိုကျေးလက်ဒေသတွေမှာလည်း အချင်းချင်း သတင်းစကားပါး စည်းရုံးကြပါ"

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ ပကဖ ရုံးဖွင့်ပွဲ လေယာဥ်နဲ့ ပစ်ခံရမှုအပြီးတွင် ကယ်ဆယ်ရေးလုပ်နေသော မြေပြင် ရဲဘော်တဦးအား ဆက်သွယ်မေးမြန်းခြင်း (ရုပ်/သံ)

"ဘယ်လိုလူသားမှကို မမြင်နိုင် မကြည့်နိုင် မခံစားနိုင်တဲ့ဖြစ်ရပ်ကြီးဗျာ၊ ကျနော်တို့လို တော်လှန်ရေးရဲဘော် တယောက်တောင် ဒီတိုက်ပွဲတွေမှာ အမျိုးစုံတိုက်ခဲ့ဖူးတယ်ဗျာ။ ကျနော်တို့ရှေ့မှာ ခေါင်းတွေပွင့်သွားတယ်။ လက်တွေ ပြတ်သွားတယ်။ ကျနော်တို့ အများကြီး မြင်ခဲ့ဖူးတယ်။ ကျနော်တို့လို စိတ်ဓာတ်တွေ အသဲနှလုံးတွေ မာပါတယ်ဆိုတဲ့ကောင်တွေတောင် မျက်ရည်တောက်တောက် ကျရတယ်ဗျာ။ အသဲတွေအူတွေလှိုက်ပြီး တုန်ရတယ်။ အဲ့လောက်ထိ ကျနော်တို့ ခံစားခဲ့ရတယ်"

တိုက်ပွဲမှာထိခိုက်သေဆုံးများတဲ့ စစ်ကောင်စီက နေအိမ် ၁၇၀ ကျော် မီးရှို့သွား (ရုပ်/သံ)

ဧပြီလ ၁၁ ရက်နေ့ မနက် ၇ နာရီခန့်မှာ ကျောက်ဆည်လေးကျေးရွာဘက်ကနေ ကင်းရွာဘက်ကို အင်အား ၆၀ ဝန်းကျင်နဲ့ ပြန်ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့လည်း တိုက်ခိုက်ခဲ့တယ်

ပျူစောထီးဆိုသူတွေ စီးလာတဲ့ကား တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရမိ

"ထန်းပင်ကန်ရွာက ပျူကောင်တွေပါ။ သူတို့ပြန်အလာ ကျနော်ဘက်က ဆီးပစ်ကြတာဆိုတော့ ကားကဂျွမ်းပြန်သွားတယ်။ သုံးယောက်လုံး ဇောက်ထိုးတွေနဲ့ ပွဲချင်းပြီး သေတာ၊ကာဘိုင်သေနတ် သုံးလက် ရလိုက်တယ်"

ကျောက်တံခါးမှာ ပျူစောထီးဆိုသူ အမျိုးသား ၂ ဦး နေအိမ်မှာ ပစ်ခတ်ခံရလို့ ၁ ဦးသေ ၁ ဦးဒဏ်ရာပြင်းထန်

"ထန်းပင်ကန်ရွာက ပျူကောင်တွေပါ။ သူတို့ပြန်အလာ ကျနော်ဘက်က ဆီးပစ်ကြတာဆိုတော့ ကားကဂျွမ်းပြန်သွားတယ်။ သုံးယောက်လုံး ဇောက်ထိုးတွေနဲ့ ပွဲချင်းပြီး သေတာ၊ကာဘိုင်သေနတ် သုံးလက် ရလိုက်တယ်"

စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ၁၂ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

"ရဲတွေဘက်က လက်နက်ကြီး ၄ လုံးပစ်တာကို ရွာထဲကျတဲ့ ၂ လုံးထဲက ၁ လုံးက လူနေအိမ်ပေါ်ကိုကျပြီး ကလေးမလေးပွဲချင်းပြီး သေတာ၊ သူရဲ့အဘွားလည်း ဒဏ်ရာရသွားတယ်"

ကလေးမှာ ပကဖစခန်း စီးနင်းခံရလို့ ရဲဘော် ၁၀ ဦးဖမ်းခံရပြီး ၁ ဦးသေဆုံး

“သတင်းပေး ရှိလို့ပေါ့။ သာစည်ရွာက လမ်းတွေ အဲ့လောက်များတာ၊ မျက်စိတောင် လည်တဲ့ဟာကို **တွေက အလွယ်လေးဝင် အလွယ်လေးထွက်သွားတာ၊ ဘာမှကို မကြာလိုက်ဘူး။ အသိုက်ကိုလမ်းပြတဲ့ ဒလန်တခါတည်းပါမယ်လို့တောင် ထင်တယ်။ ကြားတာတော့ မသေမချင်း အရှင်လတ်လတ် ရိုက်သတ်မှာတဲ့။ စောင့်ကြည့်ရမှာပေါ့။"

ဆားလင်းကြီး ကျားတက်ရဲစခန်း တိုက်ခိုက်ခံရလို့ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

"စကစနဲ့ရဲတွေ ထမင်းစားနေတဲ့နေရာကို ဗုံးသီးတွေချခဲ့တာ။ အဲ့မှာ စကစတကောင်က ပွဲချင်းပြီး သေတယ်။ ၂ ကောင်က ဒဏ်ရာရသွားလို့ ဆေးရုံပို့လိုက်တယ်။ သေဆုံး၊ဒဏ်ရာရတာကို အတွင်းဖရဲသီးနဲ့ အနီးဝန်းကျင်က ဒေသခံတွေပြောလို့ အတည်ပြုနိုင်ခဲ့တာ"

ဘောလုံးပွဲလုံခြုံရေးယူပြီး ပြန်လာတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့ ထိခိုက်မှုရှိ

"ဒီကောင်တွေက ဆိုင်ကယ်တွေနဲ့ အရပ်ဝတ်တွေဝတ်ပြီးပြန်လာတာကို မိုင်းဆွဲခဲ့တာပါ။ ပထမရှေ့ထွက် ဆွဲပြီး ၁၀ မိနစ်လောက် ရုတ်ရုတ်သဲသဲဖြစ်နေမှ ပတ်လည်ကွဲတဲ့ မိုင်းတလုံးကို ထပ်ဆွဲတာ ၃ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ အခြားဒဏ်ရာ အနည်းငယ်ရသူလည်း ရှိတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10