စစ်တပ်က လက်နက်ကြီး နေ့တိုင်းပစ်နေလို့ ခရီးသွားတွေနဲ့ဒေသခံတွေ ကျည်ထိမှာ စိုးရိမ်နေရ
"နဘားလမ်းဆုံမှာက ထမင်းဆိုင်တန်းရှိတယ်။ အင်းတော်ကိုဖြတ်မယ့် ကားတွေက ညနေ ၆ နာရီနောက်ပိုင်း နဘားလမ်းဆုံရောက်လာရင် အဲမှာပဲ ကားတွေက ညအိပ်ရတာများတယ်။ စကစ က လက်နက်ကြီးတွေ ပစ်နေတော့ ထမင်းစားတာတောင်မှ ကမန်းကတန်းစားပြီး ကျည်လွတ်မယ်ထင်တဲ့ နေရာမှာ နေနေကြရတာ။ ဘယ်အချိန် ကိုယ့်အနား လက်နက်ကြီးကျလာမလဲဆိုတာ စိုးရိမ်နေရတယ်"