သတင်းတို

ကြက်ပျံမကျစည်ကားခဲ့ဖူးတဲ့ ပေါင်းတည်စွယ်တော်ပွဲ စစ်ကောင်စီလက်ထက် လာရောက်ဖူးမြော်သူ မရှိသလောက်နည်းသွား

“အသက်ကြီးပိုင်းအချို့နဲ့ စစ်ကောင်စီကိုထောက်ခံသူအချို့ သွားဖူးတာတွေ့တယ်။ ဖူးမြော်သူ နည်းတာကတော့ နှိုင်းပြစရာတောင်မရှိဘူး။ အရင်ကဆိုဒီလိုရက်က ကြက်ပျံမကျစည်ကားနေတာ စွယ်တော်ဖူးသူထက် လက်နက်ကိုင်စစ်ခွေးရဲခွေးနဲ့ သတင်းပေးသူတွေကပဲများနေတာလေ။ စွယ်တော်တခါဖူးဖို့အရေး ပိုက်ဆံအိတ်ကတွေက အစစ်ဆေးခံရသေးတယ်"

ချင်းတွင်းမြစ်ထဲသွားနေတဲ့ စစ်သင်္ဘောတွေက ပစ်ခတ်လို့ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေ ထိမှန်

“လူတွေထိခိုက်တာမျိုးတော့မရှိဘူး။ မော်တော်ယာဉ်တွေဆင်းလာပြီးဆိုတာနဲ့ ရွာသားတွေက ကြိုရှောင်ထား ကြတယ်။ သူတို့ပစ်လိုက်တာ ဘုရားတွေ ပျက်စီးသွားတာမျိုးတွေရှိတယ်။ ဆင်းတုတော် ထိခိုက်တာမျိုးတွေရှိ တယ်။ တချို့ကျောင်းဆောင်တွေဆို ပေါက်ထွက်သွားတာမျိုးတွေရှိတယ်”

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီသုံးရေယာဥ်တွေ ၂ ရက်ဆက် တိုက်ခိုက်ခံရ (ရုပ်/သံ)

"စစ်သင်္ဘောက အလုံပိတ်ကြီးပါ။ သင်္ဘောပေါ်မှာ ပါလာတဲ့ အင်အားကတော့ မသိနိုင်ပါဘူး။ ၁ စီးတည်းပါ။ ထိခိုက်သေဆုံးမှုကတော့ အခုအချိန်အထိမသိရသေးဘူး။ စုံစမ်းနေဆဲဗျ။ သင်္ဘောကိုတော့ ပစ်တာထိတယ်"

ပြည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး၊ ၉ လအတွင်း ကြိုးဆွဲချသေဆုံးသူ ၁၄ ဦးထိရှိလာ

"သေဆုံးသူ အမျိုးသားရဲ့ မိန်းမက ပြည်ဆေးရုံက ဝန်ထမ်းလို့သိရတယ်။ လူမှုရေးကိစ္စ စိတ်ညစ်စရာရှိလို့ ခုလိုလုပ်လိုက်တာဖြစ်မယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဝန်းသိုက ဘုန်းကြီးစာသင်ကျောင်းကို စစ်တပ်က ဟောင်ဝစ်ဆာနဲ့ ပစ်ခတ်လို့ ကလေး ၁၈ ဦးဒဏ်ရာရ

စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၀န်းသိုမြို့ပေါ်မှာရှိတဲ့ ခမရ - ၁၀၂ တပ်ရင်းက ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ (Howitzer) လက်နက်ကြီးကျည် အမျိုးအစား ၃ လုံးဟာ ဂျိုးထောင်ကျေးရွာရဲ့ ခန္တီဝံသာရာမကျောင်းတိုက်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတ္တရာနယ်နဲ့ စဥ့်ကူးနယ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ်က စစ်ကြောင်းထိုးနေ

စက်တင်ဘာ ၂၇ ရက် မနေ့က မန္တလေးမြို့ကနေ ဆန်တက်လာတဲ့ သံခွန်သင်္ဘော ၂ စီး၊ ရှပ်ပြေးတွေဟာ မတ္တရာမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဒေါင်းကျွန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတချို့ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

မဘသ အမာခံဒါယကာ မိုးထိမိုးမိရွှေတွင်းလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

နိုင်ငံတော်ကိုပေးသွင်းရန် ရွှေပိဿာ ၁၂၉၃ ပိဿာကျန်ရှိခြင်း၊ ရွှေထုတ်လုပ်မှုရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်တွေကို မလိုက်နာခြင်းတို့နဲ့ ၂၀၁၈ ခုနှစ်မှာ တရားစွဲဆိုခံထားရတဲ့ ဦးစိုးထွန်းရှိန်ကို မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးမှာ မနေ့ကအမိန့်ချမှတ်လိုက်တာလို့ ရမည်းသင်းအကျဉ်းထောင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

မြိုင်မြို့နယ် စိုင်ဂေါင်းရွာက နေအိမ် ၂ လုံး နဲ့ ဆိုင်ကယ် ၂ စီးကို စစ်တပ်ကမီးရှို့

“အိမ်တွေကို ရွေးပြီးမီးရှို့သွားတာ၊ ဒီအတိုင်းမီးရှို့သွားတာလားဆိုတာတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး။ ရွာထဲကို ဝင်ပြီးတော့လည်း နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူးဆိုတော့လေ။ Drone နဲ့ ကြည့်တာတော့ နေအိမ်တလုံးက မီးလောင်တာကုန်သွားပြီး နောက်တလုံးက မီးလောင်နေတုန်းပဲ” လို့ နွေဦးတော်လှန်ရေးမြိုင်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"G3 တလက်ရဖို့ ဒေါင်းရင်းသွေးအဖွဲ့ ဘယ်လိုကြိုးစားခဲ့ရလဲ" (ရုပ်/သံ)

တပ်ဖွဲ့ဖြစ်လာကတည်းက ထောက်ပံ့မှုကြီးကြီးမားမား မရရှိခဲ့ပေမယ့် သူတို့မှာ ရှိတာလေးနဲ့ ရပ်တည်ခဲ့ရသလို ပြည်ပအလှူရှင်တချို့ ထောက်ပံ့တာကို ရိက္ခာအစား သူတို့အတွက် အဓိကလိုနေတဲ့ လက်နက်ခဲယမ်းကိုသာ ဝယ်ယူခဲ့ရတယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

NUG အသိအမှတ်ပြု ကိုယ်ထူကိုယ်ထ စာသင်ကျောင်းမှာ အကူညီလိုအပ်နေ

”သင်ကြားပေးတဲ့ဆရာမတွေကို ထောက်ပံ့ကြေးပေးဖို့ ကျောင်းသားကျောင်းသူတွေ ဆီက တလကို ၂၀၀၀ ကောက်ရတယ် ကျောင်းသားတိုင်းတော့မရဘူးပေါ့ မပေးနိုင်တဲ့ကလေးတွေဆီကတော့မကောက်ပါဘူး ပုံနိပ်စာအုပ်ဆိုလည်းဒီလိုပဲ။ ဥပမာ Grade 1 အောင်သွားတဲ့ကျောင်းသားရဲ့စာအုပ်ကို Grade 1 ကိုတက်လာတဲ့ကျောင်းသားက ဆက်ကိုင်ရတယ်။ အဲ့လိုလက်ဆင့်ကမ်းသွားရတာ" လို့ စေတနာ့ဝန်ထမ်းဆရာမက ပြောပါတယ်။

စစ်ကိုင်းမြို့ လူမှုဖူလုံရေးရုံးရှေ့ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီး ၂ ဦးထိခိုက်

စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်နွယ်နီလှနဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်ရီမိုးဆိုသူ ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

မင်းလှမှာ စစ်တပ်က ပြောင်းခိုင်းလို့ ဒေသခံ ၁ ထောင်ကျော်နေရပ်စွန့်ခွာရ

“စစ်တပ်က ၃ ရက်အတွင်းပြောင်းရမယ်လို့ပြောသွားပြီး နောက်ရက်တွေမှာပြောင်းကြတာ ဒီနေ့ထိပြောင်းနေကြတုန်းပဲ။ ရွာလုံးကျွတ်ပြောင်းနေကြတာ။ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းလောက်နဲ့ ခရစ်ယာန် ဘုရားကျောင်း ၂ ကျောင်းလည်းပြောင်းရတယ်။ ရွာသားတွေရဲ့ တောင်ယာတဲ ၃ လုံးကိုလည်း မီးရှို့သေး တယ်“လို့ ဒေသခံတဦးက ပြောပါတယ်။

မတ္တရာမြို့နယ် ဒေါင်းကျွန်းကျေးရွာကို စစ်တပ်က မီးရှို့၊ ဒေသခံတချို့ ဖမ်းခံထားရ

"ဒေါင်းကျွန်းက ပြည်သူတွေကို ဖမ်းထားတယ်လို့သိရတယ်။ အရေအတွက်အတိအကျမသိရသေးဘူး။"

မြိုင်မြို့နယ်အရှေ့တောင်ဘက်က ရွာတွေ ညတွင်းချင်း စစ်ရှောင်နေရ

" စစ်ကြောင်းကတော့ ကိုင်းကျေးရွာကို ဝင်စီးတာဗျာ။ ဒေသခံတွေမိတယ်လို့ကြားတယ်။ စစ်ကြောင်းက ခုလက်ရှိကိုင်းရွာထဲက မထွက်သေးတော့ အနီးနားရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ"

ချောင်းဦးက Local PDF တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စက်တင်ဘာ ၂၆ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ ငါးယှန်ကျေးရွာအနီး မုံရွာ - မန္တလေး ကားလမ်းမပေါ်မှာ မဲလက်မှတ်ရောင်းပြီး အလှူငွေကောက်ခံနေတဲ့ အဆိုပါတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်တွေက ၂ ဖက်ဝိုင်းပြီး ပစ်ခတ်ခဲ့တာလို့ Chaung U Revolution မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10