သတင်းတို

ရွှေကျင် - ညောင်လေးပင်လမ်းပိုင်းမှာ PDF က ရှောင်တခင် စစ်ဆေးမှုများပြုလုပ်( ရုပ်/သံ)

“ကျနော်တို့စိုးမိုးနယ်မြေဖြစ်တဲ့လမ်းပိုင်းမှာ စစ်ကောင်စီကအရပ်သားအသွင်နဲ့ သွားလာလှုပ်ရှားမှုတွေ လက်နက်ခဲယမ်းသယ်ဆောင်မှုတွေ စစ်ရေးလုပ်ရှားမှုတွေရှိနေတဲ့အတွက်ကြောင့်မို့အရပ်သား ပြည်သူတွေနဲ့ရော ပြီးတော့ အဲ့လိုလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ အဓိကစစ်ဆေးတာပါ ”လို့ Royal Peacock Column အဖွဲ့တာဝန်ခံတဦးက ပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးသွားတဲ့ လူမှုကူညီရေးအသင်းယာဥ် ပစ်ခတ်ခံရလို့ အသင်းသား ၁ ဦးဒဏ်ရာရပြီး ကားပျက်စီးမှုရှိ

"ပထမက အသံအကျယ်ကြီးထွက်လာတော့ ကားဘီးပေါက်တယ်ဘဲ ထင်တာ။ နောက်မှာ အသင်းကား ပစ်ခံရတာသိတော့ မောင်းပြေးလာကြရတယ်။ ဘယ်သူကပစ်လည်းဆိုတာတော့ သေချာလည်း မကြည့်နိုင်ဘူး" လို့ ရွှေကျင်မောင်မယ် လူမှုကူညီရေးအသင်းသားတဦးက ပြောပါတယ်။

ပဲခူးမြစ်ရေ ဆက်တိုးနေလို့ ရေဘေးရှောင် ၁၅၀၀၀ ကျော်ထိရှိလာ၊ စားစရာနဲ့ရေ အကူအညီလိုအပ်

"ညပိုင်းရေတိုးတော့ ပြောင်းရွှေ့သူတွေ အရင်ရက်တွေထက် ပိုများလာတယ်။ ရေဘေးရှောင်တွေ အတွက်က ကူညီထောက်ပံတာတွေရှိပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေဆဲပါ။ လူက အရမ်းများလာတာဆိုတော့ မလောက်ငှဘူးပေါ့"လို့ ဒေသလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

ကလေး ၄ ဦးအပါ ၇ ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ ချောင်းဦးရပ်/ကျေးပကဖ တာဝန်ခံ အချုပ်မှ ထွက်ပြေး

ပြစ်မှုကျူးလွန်ခဲ့သူတွေကတော့ ကျေးရွာတရွာရဲ့ပကဖတာဝန်ခံ ရန်မျိုးအောင်၊ သူ့လက်အောက်က ရဲဘော် ဇော်ဝင်းနိုင်၊ သူရ၊ နောင်နောင် ၄ ဦးတို့ဖြစ်ပြီး ၎င်းတို့ကို NUG လက်အောက်ခံ ချောင်းဦးမြို့နယ်ပလဖအချုပ် ထဲမှာ ချုပ်နှောင်ထားတာဖြစ်ပြီး အဲဒီထဲကနေ ရန်မျိုးအောင်တဦးတည်းသာ ထွက်ပြေးလွှတ်မြောက်သွားတာ လို့ဆိုပါ တယ်။

ပြည်သူပိုင်သစ်တွေ သယ်ယူနေတဲ့ အင်အား ၁၅၀ ပါ စစ်အုပ်စုကို PDF တွေ သွားရောက်တိုက်ခိုက် (ရုပ်/သံ)

အဲဒီစစ်အုပ်စုဟာ စည်သူသံဖိုးသစ်ကွင်းက ပြည်သူပိုင်သစ်တွေကိုလည်း ဖျက်ဆီးတာ၊ ကမ်းနားဘေးမှာရှိတဲ့ ပြည်သူ့စက်လှေတွေကိုမျှောပစ်တာ၊ သစ်ခိုးထုတ်တာ၊ နေအိမ်တွေထဲက ပစ္စည်းတွေခိုးယူသလို အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတာတွေလည်း လုပ်နေတယ်လို့ BDF-Yinmarbin (Brother Defense Force) ဗိုလ်နေလအောင်က ပြောပါတယ်။

မုံရွာက ကိုယ်ဝန်ဆောင်ကို သတ်တဲ့ မုံရွာကျွဲကြီးနဲ့အဖွဲ့ကို ဖမ်းဆီးထား

"အခု ပြစ်မှုကျူးလွန်တဲ့အဖွဲ့က တော်လှန်ရေးကာလရောက်မှ လက်နက်ကိုင်ပြီး တလွဲလုပ်နေတဲ့ အဖွဲ့ပါ။ သူ့အဖွဲ့နဲ့အခြားပူးပေါင်းသူတွေပါတယ်။ သူတို့ကို စစ်တော့လည်း လူသတ်ရတဲ့ အကြောင်းမယ်မယ်ရရလည်း မရှိနေဘူး။ သူတို့လုပ်တယ်ဆိုတာကိုတော့ ဖြောင့်ချက်ပေးတယ်"လို့ မုံရွာမြိုနယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ငွေကျပ် ၂၀,၀၀၀တန် ကြောင့် Zero ရဲ့ သိန်း ၂၀၀၀ ပရောဂျက် ထိခိုက်မှုရှိ (ရုပ်/သံ)

စစ်ဆင်ရေးအတွက် လိုအပ်တဲ့ လက်နက်တွေ ဝယ်ယူဖို့ ကျပ်သိန်း ၂၀၀၀ နဲ့ မူလက လျာထားပေမယ့် အခုလို ငွေကြေးရိုက်ခတ်မှုကြောင့် ဈေးနှုန်းမြင့်တက်လာလို့ လက်နက်တွေအပါအဝင် ကျည်ဆံဝယ်ဖို့ပါ လျော့နည်း သွားနိုင်တယ်လို့ ဆိုပါတယ်။

ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာခံရတဲ့ ဒေသခံနဲ့အချုပ်သား ၅၀ ခန့် ပြန်မလွတ်သေး

စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်ကတည်းက ထီးချိုင့်မြို့အချုပ်ကနေ အချုပ်သား ၂၀ ခန့်ကို ဖမ်းဆီးတင်ဆောင်လာခဲ့သလို စစ်သင်္ဘောတွေကို လုံခြုံရေးယူဖို့ လာတဲ့ မြေပြင်စစ်ကြောင်းတွေကလည်း ထီးချိုင့်မြို့ကမ်းနားကျေးရွာတွေဖြစ်တဲ့ ကလုန်ရွာက ဒေသခံ ၁၅ ဦး၊ နတ်အင်းရွာကဒေသခံ ၁၇ ဦးတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးဒေသ ပေါင်းတည်မြို့မှာ သတင်းပေးလို့ကျော်ဇောသူ ‌၂ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ပေါင်းတည်မြိုနယ်၊ ကံငယ်ရွာအုပ်စု၊ သာကဒိုးကွေ့ရွာက အသက် ၄၅ နှစ်အရွယ်ဝန်းကျင် ကိုကျော်သူအောင်နဲ့တပည့်ဖြစ်သူတို့ကို ဒီမနက် ၁၁ နာရီခွဲလောက်မှာ ရန်ကုန် - ပြည်လမ်းဘေး နတ်ပုတီးရွာ (နတ်ပုတီး - တောင်ပို့လှလမ်းထိပ်)အနီး ကုန်စုံဆိုင်မှာပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းပေါ် လေယာဉ်နဲ့ ဗုံးကြဲလို့ ၈ လအရွယ်ကလေးနဲ့ အမျိုးသမီး ၂ ဦးသေ

မြေပြင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒီနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ တလိုင်းကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စဉ့်ကိုင်ကျေးရွာကနေ လာရောက်စစ်ရှောင်နေတဲ့ ၈ လသားကလေးတဦး၊ ၂၃ နှစ်အရွယ် မိခင်တဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတဦးတို့ သေဆုံးကာ ၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုမြို့ပေါ်မှာ ပျူစောထီး ၁ ဦးကိုရှင်းလင်းရာ ကျားအင်္ဂါ သေနတ်မှန်ပြီး ဆေးရုံရောက်

"မပြောကောင်းတဲ့နေရာ ထိသွားတာ။ အရမ်းစိုးရိမ်ရတဲ့ ဒဏ်ရာရတော့မဟုတ်ဘူး။ ရှပ်မှန်တာလောက်ဘဲ ဒဏ်ရာရသွားတယ်။ သူကံကောင်းသွားတယ်ပြောရမှာပေါ့"လို့ ဒေသခံတဦးက ပြောပါတယ်။

မုံရွာမှာ ဓားပြတိုက်မှုဖြစ်ပြီး မွေးဖွားခါနီး ၃ ရက်အလို ကိုယ်ဝန်သည် သတ်ခံရ

"နေ့လယ်က အိမ်ထဲမှာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးအလုပ်လုပ်နေချိန် လူအင်အား ၆ ယောက်နဲ့ ဝင်ပစ်သွားတာပါ။ ဖုန်းနှစ်လုံးနဲ့ ဆိုင်ကယ်တစီးကို ယူသွားတယ်။ ဝင်ပစ်သွားတဲ့အဖွဲ့က လက်နက်ကိုင်အဖွဲ့တခုပါပဲ။ ဘယ်အဖွဲ့လဲတော့ မသိဘူး" ဟု မုံရွာဒေသခံ တဦး က ပြောပါတယ်။

ဂန့်ဂေါမှာ ဓါးစားခံ ရွာသား ၄ ဦးကို သတ်သွားသလို နေအိမ် ၁ လုံးလည်း မီးရှို့ဖျက်ဆီးခံရ

“ သူတို့တွေဘယ်လိုအဖမ်းခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရလဲဆိုတာတော့ ကျနော်တို့လည်း တိတိကျကျမသိရသေးဘူး။ ဒီနေ့လည်း မီးရှို့ခံရတဲ့ အိမ်က ဘယ်သူ့အိမ်လဲဆိုတာတော့ မသိရှိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ရှုံးရှီးရွာမှာ တညအိပ်စခန်းချမဲ့ပုံပေါ်တယ်။ အခုချိန်ထိရွာထဲကနေ မထွက်ရသေးဘူး ”

မင်းအောင်လှိုင် ယုံကြည်ရမယ့်သူ မရှိသေးလို့ ကစထ ၆ ဒုဗိုလ်ချုပ်ကြီးနေရာ လစ်လပ်နေဟု တပ် CDM များပြော

" နောက်တခုက ကစထမှူးတွေက ရုံးအမှတ် ၁ မှာ တပ်ချုပ် မင်းအောင်လှိုင်နဲ့ ဘေးချင်းယှဉ်ပြီး ရုံးတက်ရတာမျိုးဆိုတော့ ဒီနေရာကို တော်ရုံ ဗိုလ်ချုပ်ကို သူအစားမထိုးချင်တာကြောင့် သူယုံရမယ့်သူမတွေ့သေးတာကြောင့်လို့ ပြောလို့ရတယ် ။ နောက်ပြီး ကျနော်တို့သိထားတာက ဒီကာလမှာ ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးရဖို့ကို ဗိုလ်ချုပ်ကြီး ၂ ဦးကထောက်ခံမှ တိုးပေးတယ်လို့ သိရတယ် "

ချောင်းဦးမြို့နယ်အခြေစိုက် Area 71 PDF ရဲဘော် ၃၀ ကျော် တိုက်ခိုက်ရေးအထူးသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အခြေစိုက် Area 71 PDF က တပ်ဖွဲ့ဝင်အမျိုးသား၊ အမျိုးသမီး ၃၅ ဦးကို တိုက်ခိုက်ရေးအထူးသင်တန်းပို့ချနေပြီး သြဂုတ် ၉ ရက်မနက်မှတော့ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အခုအထူးသင်တန်းကို တပ်ဖွဲ့အတွင်းထဲက PDF အမျိုးသား ၂၉ ဦးနဲ့ အမျိုး သမီး ၆ ဦးရွေးချယ်ပြီး ရက်ပေါင်း ၂၀ ကျော်ကြာပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ Area 71 People Defense Force မှ ပြန်ကြားရေးတာဝန်ခံအိုတီ က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10