သတင်းတို

စစ်တပ်က ၆၀ မမနဲ့ ပစ်ခတ်မှုကြောင့် ခင်ဦးနယ်မှာ ၅ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

ရေဦးတိုင်းရင်းဆေးရုံက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ အင်းပတ်ရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ မရမ်းအင်းကျေးရွာဘက်ကို ကျရောက်ခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အဲဒီအထဲကမှ အသက် ၁၃ နှစ်အရွယ်ယောင်္ကျားလေး ဟာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

၈၈၈၈ အထိမ်းအမှတ်အဖြစ် ရေစကြိုမြို့ နယ်က ပျူစောထီးရွာကို Rocket ၃ လုံးနဲ့တိုက်ခိုက်

"၃ လုံးပစ်တာမှာ ပထမတလုံးက ရွာရဲ့တောင်ဘက်ကျတယ်။ ဒုတိယတလုံးက ရွာအလယ်တည့်တည့် ကျတယ်။ တတိယတလုံးကတော့ စကစတွေ တပ်စွဲနေတဲ့ ရွာရဲ့မြောက်ဘက်ကို ကျသွားတယ်။ အထိအခိုက်ကျတော့ မသိရသေး" လို့ COBRA ONEONE တာဝန်ခံ ဗိုလ်မြွေဟောက်က ပြောပါတယ်။

အုတ်ဖြတ်ရဲစခန်းနဲ့ အုတ်ဖြတ်တံတားဂိတ် တိုက်ခိုက်ခံရ

“အုတ်ဖြတ်ရဲစခန်းနောက်ကနေ ကြာအင်းဘက်ကို ပစ်ကူပေးနေတဲ့နေရာကို ကြဲတာ၊ လက်နက်ကြီးက တောအုပ်ထဲကနေ ပစ်ပေးနေတာ၊ အဲ့နေရာကို ဒရုန်းနဲ့ ကြဲပေးတာ၊ ကြာအင်းဘက်ကို အာရုံစိုက်နေချိန် အုတ်ဖြတ်ဂိတ် ပစ်ခံရတာ”လို့ ဒေသခံရဲဘော်တဦိးက မြေလတ်အသံကို ပြောပါတယ်။

၈၈ တုန်းက မပြီးပြတ်သေးတဲ့ တိုက်ပွဲကို ဆက်လက်တိုက်သွားမယ်လို့ HUNDRED ပြောက်ကျားတပ်ဖွဲ့ပြော

“ကျနော်တို့ရဲ့ရှေ့က တော်လှန်ရေးသမားတွေ ၈၈ မှာ တော်လှန်ခဲ့တဲ့ မပြီးသေးတဲ့တော်လှန်ရေးကို ကျနော်တို့ အဖွဲ့တွေအနေနဲ့ တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့အကြောင်းကို အများပြည်သူသိအောင် လှုပ်ရှားမှုတခုအနေနဲ့ လုပ်တာပါ”

GZ Special Task Force ရဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ လှုပ်ရှားမှု

အခမ်းအနားမှာ ဦးဆောင်သူတွေရဲ့ တော်လှန်ရေးအတွေ့အကြုံနဲ့ ရဲဘော်တွေရဲ့ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပြီး တပ်ဖွဲ့ဦးဆောင်သူ ကိုGZ က ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

နတ်တလင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၂ ဦးသေ

“သေတဲ့စစ်သား ၂ ဦးကိုတော့ အဲ့ဒီနေ့ညနေက ကွင်းကျယ်ရွာမှာ သေနတ်ပစ်ဖောက်ပြီး သဂြိုဟ်တယ်။ အဲ့ဒီစစ်ကြောင်းက အခုအချိန်(ဩဂုတ် ၈ ရက်) အထိ ကွင်းကျယ်ရွာထဲမှာပဲ ရှိနေတယ်လို့ပြောပါတယ်"

ရေစကြိုက ပြည်သူ့အခြေပြုကျောင်းတခုမှာ ရှစ်လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

အခမ်းအနားမှာ လူဦးရေ ၄၀၀ နီးပါးတက်ရောက်ခဲ့ပြီး ရှစ်လေးလုံးသမိုင်း အကြောင်းအရာတွေကို အဓိကထား ဟောပြောခဲ့ကာ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ သမိုင်းအကြောင်းအမှန်သိရှိကာ အာဏာရှင်တော်လှန်ရေးမှာ သွေးမအေးစေလိုတဲ့ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကန်နီရွာကစစ်အုပ်စု ၆ ရက်ဆက် တိုက်ခိုက်ခံရပြီး ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကန်နီရွာကို ၂ ရက်နေ့ မနက် ၈ နာရီခွဲကနေ နေ့ရောညရောပစ်တာ၊ ၇ ရက်နေ့အထိ ဒရုန်းနဲ့ဗုံးသီး ၂၈ လုံးကြဲချပြီး ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ အချက်ပေါင်း ၇၀၀ ကျော်နဲ့ ပစ်ခဲ့တာ၊ ထိခိုက်ဒဏ်ရာရတာက ၇ ဦးလောက်ရှိတယ်၊ ပျူစောထီးတွေ ထိတာများတယ်"

စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်း အနီးကပ်တိုက်ခိုက်ခံရလို့ ၁၅ ဦးခန့်သေဆုံး (ရုပ်/သံ)

"အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ ဒီအကြိမ်နဲ့ဆိုရင် ၅ ကြိမ်ရှိပြီ။ မနေ့ကတော့ အဲ့ဒီစစ်ကြောင်းနဲ့ ၃ ရွာအကြားမှာ မနက် ၉ နာရီမှာ တိုက်ပွဲစဖြစ်ခဲ့တာ။ ကျနော်တို့ MRDA ရဲဘော်တွေက အဲ့ဒီစစ်ကြောင်းမလာခင် မီတာ ၃၀၀ အတွင်းမှာ နေရာယူထားတာ။ မီတာ ၁၀၀ အတွင်းရောက်လာမှ ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်ခဲ့တယ်။"

ပွင့်ဖြူမှာ စစ်ကောင်စီတပ်က မြန်မာဘီယာနဲ့ ရူဘီဆေးလိပ်ကို ဖိအားပေးရောင်းခိုင်း

"သူတို့(စကစနဲ့ရဲ)စစ်တဲ့အကြောင်းက မြန်မာဘီယာနဲ့ Ruby ဆေးလိပ် တင်မတင် လိုက်စစ်တာအစ်ကို။ မတင်တဲ့ဆိုင်တွေကို ဖမ်းတယ်၊ သတိပေးတယ်။ တင်ဖို့ဖိအားပေးတယ်။ ဒဏ်ငွေဆိုပြီးတောင်းတယ်ဗျ"

နတ်မောက်က စစ်ကောင်စီဂိတ်ကို ၈ လေးလုံးအထိမ်းအမှတ်အဖြစ် PDF က သွားပစ်

“ပုံမှန်ဆို အဲ့ဒီဂိတ်မှာ လူအင်အား ၂၀ ကျော် ၃၀ ကျော်လောက် ရှိတယ်။ ဂိတ်ထဲမှာ ရဲတွေရော စစ်သားတွေရော ရှိတယ်။ နေ့ရောညရောဖွင့်ထားပြီး လမ်းကြေးတွေကောက်နေတာ အာဏာသိမ်းပြီး ကတည်းက။ ဒီနေ့မနက်လည်း ကျနော်တို့က သူတို့ကို ၈ လေးလုံးအထိမ်းအမှတ်အနေနဲ့ ခြောက်လှန့်တဲ့သဘော သွားပစ်ခဲ့တာပါ ”

စစ်သားတွေ တပ်စွဲထားတဲ့ ရှိမ်းမကားရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

" ကျနော့်တို့ပစ်လိုက်တာမှာ သူတို့စခန်းပေါ် တည့်တည့်ကျတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ၄ လုံးလောက်ပြန်ပစ်တယ်။ နောက်ပိုင်းကျတော့ သူတို့ဘက်က ပြန်ပစ်တာမရှိဘူး။ ထိခိုက်သေဆုံးမှုတော့ အတိအကျတော့မရသေးဘူး။ စုံစမ်းနေဆဲပါ။"

လက်ပံတန်းမြို့နယ်မှာ လေပြင်းကြောင့် နေအိမ်အဆောက်အဦ ၆၀ ကျော်ပျက်စီး

"မိုးက ရွာနေရာကနေ အသံတွေကျယ်လာတာ။ ပထမက လေယာဥ်သံထင်နေကြတာ။ ပြီးမှာ လေပြင်းတိုက်တာ သိပ်တောင်မကြာလိုက်ဘူး။ ၅ မိနစ်လောက်ပဲ ကြာမယ်။ တော်တော်ပြင်းတယ်။ မနက်ကျ အိမ်တွေတော်တော်ပျက်စီးသွားကြတာ"

ABSDF Column 3 လက်အောက်ခံ တပ်ရင်း ၂ ခုမှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနား

"ABSDF Column 3 ရဲ့ လက်အောက်မှာရှိတဲ့ တပ်ရင်း ၂ ရင်းမှာ ဒီအခမ် အနားကို ပြုလုပ်ခဲ့တာပါ။ ၈၈ စိတ်ဓါတ်ကို ကိုင်စွဲပြီး လက်ရှိနွေဦးတော်လှန်ရေးကို အားလုံးက တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ဟောပြောမှုအပြီးမှာ သံဃာတော်တွေကို နေ့လယ်ဆွမ်းလှူခဲ့ပါတယ်"

ဘုတလင်မြို့ မီးသတ်ဦးစီးဌာနက ဝန်ထမ်း ၂၀ ခန့်ကို ပကဖက ဖမ်းဆီးပြီး မီးသတ်ကား ၂ စီးပါယူဆောင်နိုင်ခဲ့

"သူတို့(မီးသတ်)က Non-CDM တွေဖြစ်လို့ ဖမ်းဆီးခဲ့တာ။ အခုတော့ အကုန်လုံးကို လွတ်မြောက်နေရာကို ပို့ဆောင်ထားလိုက်ပြီ။ ဒီအထဲက ၂ ယောက် ထွက်ပြေးသွားတယ်လို့ ကြားရပေမယ့် အတည်ပြုလို့ မရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10