သတင်းတို

အချုပ်ချထားတဲ့ အမျိုးသမီးတဦးအား အဓမ္မပြုတဲ့ အချုပ်ခန်းစောင့် ၈ ဦးကို ဖမ်းဆီးစစ်ဆေးနေ

“သူတို့ ၈ ဦးကို ဖမ်းဆီးထားတယ်။ လွှတ်ထားတာမျိုးမရှိဘူး။ ပုဒ်မတပ်တာ၊ အမှုဖွင့်တာနဲ့ ပတ်သက်ပြီး ပြည့်သူကာကွယ်ရေးအဖွဲ့နဲ့ ဥပဒေရေးရာတာဝန်ခံ ဆောင်ရွက်နေပြီး ပြစ်မှုပြစ်ဒဏ်နဲ့ညီတဲ့ ပြစ်ဒဏ်ချနိုင်ရေးကို တရားရေးဌာနဘက်က အမျိုးသားညီညွတ်ရေးအစိုးရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိတယ် "

လိုင်စင်မဲ့ ပရဟိတကားတွေကို ဖမ်းပြီးသိမ်းနေလို့ ကျန်းမာရေးကိစ္စသွားလာဖို့ အခက်တွေ့နေကြ

"ပရဟိတကားတွေသွားလာရတာ မလွယ်တော့ လူနာတွေသွားလာဖို့ အခက်တွေ့နေကြတယ်။ အသင်းတွေကလည်း အဖမ်းခံရမှာစိုးလို့ မလိုက်ရဲကြဘူး။ လိုင်စင်မဲ့ကားတွေ ဖမ်းတာဖြစ်လို့ ကျနော်တို့ အသင်းလည်း လိုင်စင်နဲ့ကားမရှိလို့ နားထားရတယ်"

LPDF အဖွဲ့က သံမရှိလို့ သေနတ်ကို သတ္တုဖြင့် စမ်းသပ်ထုတ်လုပ်ရာ မအောင်မြင်

"သေနတ်ကို ၃ ချက်ပစ်ခတ်လိုက်တဲ့အခါမှာ Gas လိုင်းက မခံနိုင်တော့ကျိုးသွားတာ။ ကျနော်တို့က LPDF ဖြစ်တော့ ကုန်ကြမ်းဝယ်ဖို့ ငွေကြေးမတတ်နိုင်ဘူး။ အခုက ရဲဘော်တွေရဲ့ မိသားစုဝင်တွေဆီက ပိုက်ဆံချေးပြီး လုပ်နေရတာ"

ပခုက္ကူခရိုင် တပ်ရင်း ၁၃ ရှေ့တန်းစခန်း စီးနင်းခံရပြီး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိ ပစ္စည်းတွေ ဆုံးရှုံးဟု ဆို

"စကစ တပ်က ဖလံအိုရွာကို မီးရှို့ပြီး ကျပ်ထိုး(ရွာ)ကိုလာတယ်။ အဲ့ကနေမှတဆင့် ကျနော်တို့ဘက်ကို ရောက်လာတာ။ သူတို့လာတာသိလို့် စစ်ကြောင်းလာနိုင်တဲ့ လမ်းမှာကင်းသွားထောက်ကြတာ။ စကစ စစ်ကြောင်းပျောက်နေတာကို မသင်္ကာဖြစ်ပြီး စခန်းဆီပြန်စစ်တဲ့အချိန်မှာ အဲ့လိုဖြစ်သွားတာ"လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၃ မှ ဗိုလ်ခရေက ပြောပါတယ်။

အာဇာနည်နေ့ လှုပ်ရှားမှုလုပ်တဲ့ နိုင်/ကျဉ်း ၁၆ ဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်ရ

“ငါးဦးက တိုက်အတွင်းမှာ‌ မေ့မျောသွားလို့ ဆေးရုံပို့ပြီး ကုသနေတယ်။ ကိုသန်းတိုးအောင်ကတော့ အရေးပေါ်အခြေနေနဲ့ကို ဆေးကုမပေးဘဲ ပစ်ထားခံ‌ရတယ်၊ ဖြစ်စဉ်တွေက မှန်ကန်တယ်၊ အတည်ပြုလို့ရတယ်၊ သေဆုံးတော့ အတည်မပြုနိုင်သေးဘူး၊ ဒါပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်ရတယ်။" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဂန့်ဂေါမြောက်ပိုင်းမှာ မြို့နယ် ပအဖ၊ ပကဖအဖွဲ့ကို ဒေသခံတွေ ဆန္ဒပြ (ရုပ်/သံ)

"ရွာတွေမှာ ပကဖ စဖွဲ့တုန်းက ရပ်ရွာမှာဖြစ်တဲ့ပြဿနာပေါင်းစုံကို တာဝန်ယူဖြေရှင်းနိုင်တယ်။ နောက်ပိုင်းကျ ပအဖ အဖွဲ့၊ ဖွဲ့စည်းပြီးတော့ ဖြေရှင်းပေးနိုင်တာမျိုးမရှိတော့ဘူး။စစ်တပ်နဲ့ တိုက်ပွဲဖြစ်လို့မသေဘဲ အချင်းချင်းလုပ်ကြံခံရလို့ သေတာတွေရှိတယ်။ စာရေးပြီးအဆင့်ဆင့်တင်ပြတော့လည်း ဖြေရှင်းပေးတာမျိုးမရှိပါဘူး။ ကျနော်တို့နယ်မြေအေး ချမ်းတာ၊ တရားဥပဒေစိုးမိုးတာကိုလိုချင်လို့ အခုလို ဆန္ဒဖော်ထုတ်ရတာပါ" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဗိုလ်နေမင်းက ပြောပါတယ်။

မတ္တရာမှာ ဒေသခံတဦးကို စစ်ကားတစီးက ဝင်တိုက်လို့ ဒဏ်ရာပြင်းထန်

“ကိုအောင်စိုးကို ကားနဲ့တိုက်သွားတာတောင် အောက်ကိုဆင်းမကြည့်ဘဲ ကားအရှိန်နဲ့ဆက်မောင်းသွားတယ်။ ရွာသားတွေပဲ ဆေးရုံပို့ပေးလိုက်ရတယ်။ အပြင်းအထန် ဒဏ်ရာရရှိသွားတယ်။ သူတို့ (စစ်ကောင်စီ)ကတော့ ရွာမြောက်ဘက်ကို ဆက်မောင်းသွားတယ်”

စစ်ကောင်စီ စစ်ရေးအရ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရ

"အဲ့တံတားက စကစ ဘက်က စစ်ရေး၊ ထောက်ပို့အတွက် အမြဲတမ်းအသုံးပြုနေသလို အဲ့တံတားနားကနေပြီး KNLA ပူးပေါင်းအဖွဲ့တွေကို စကစဘက်က တိုက်ခိုက်နေတာဆိုတော့ စစ်ရေးပစ်မှတ်အနေနဲ့ လုပ်ဆောင်လိုက်တယ်လို့တော့ သိရတယ်"

ရေလယ်ကျွန်းတပ်ပေါင်းစုက ပစ်ခတ်လို့ MG 6 ပြောက်ကျားတပ်ရင်းမှူး ဗိုလ်ကျော်လင်းထွန်း ကျဆုံး

"ကျနော်တို့ MG 6 ပြောက်ကျားတပ်က မြင်းခြံတပ်ရင်းက ဧည့်သည်နဲ့ စကားပြောနေချိန် သုံးဖွဲ့ဝိုင်း ပစ်တာ။ ရေလယ်ကျွန်း‌တပ်ပေါင်းစုနဲ့ မြေတော်ကတပ်တို့ ပါပါတယ်။ ကျနော်တို့ တပ်ရင်းမှူးလုပ်ကြံခံ လိုက်ရပါတယ်။ တပ်ရင်းမှူးရဲ့ အလောင်းကိုလည်း ကောက်လို့ မရသေးပါဘူး။ တပ်ရင်းမှူးရဲ့ကားကို မောင်းပေးတဲ့သူကိုလည်း ဆက်သွယ်လို့မရပါဘူး။ ခုလိုဖြစ်နေတာတွေကို MOD, NUG အနေနဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ သိချင်ပါတယ်"

စစ်ကိုင်းတွင် စစ်တပ်နဲ့ ပျူစခန်းတချို့ ရိက္ခာပြတ်လို့ ဒေသခံတွေရဲ့ ပစ္စည်းတွေလုယူ

"စစ်တပ်ရိက္ခာပို့ဖို့ အခက်ခဲတွေရှိလာပြီ။ လမ်းကြောတွေမှာ မိုင်းဆွဲခံရတော့ ပျူရွာတွေကို ရိက္ခာ မရောက်လို့ အခု မကြာခဏဆိုသလို ရွာတွေလုယက်ခံရတယ်"

တမူး-ကလေးလမ်းပိုင်း ၂ လနီးပါးကြာ ပိတ်ထားလို့ ဒေသခံတွေ စားဝတ်နေရေး ခက်ခဲလာ

“အခုက ကြက်ဥတလုံး ၈၀၀ဖြစ်နေပြီ။ ပြီးတော့ ဒီမှာက CDM လုပ်ကြတော့ ဆရာဝန်တွေ မရှိဘူးလေ။ ကျန်းမာရေးဝန်ထမ်းလောက်ပဲရှိတာ။ အခု သက်ကြီးလူနာတွေလည်း ကျန်းမာရေးကိစ္စ အရမ်းခက်နေတယ်။ မီးဖွားရမယ့် သူတွေကလည်း သွားချင်နေပြီ၊ ဘယ်မှသွားမရဘူး၊ အခုလမ်းတွေ ပိတ်ထားတော့ အလုပ်ကိုင်တွေကလည်းမရှိ။ တချို့လက်လုပ်လက်စားသမားတွေဆို ထမင်းစားဖို့တောင် ခက်နေပြီ”

စစ်ကိုင်းမှာ ပျူစောထီးတွေစီးလာတဲ့ကား မိုင်းဆွဲခံရ

"ကားက သူတို့(ပျူ)ရွာက လူမှုရေးအသင်းကား။ ဒီကောင်တွေက အုန်းတောတပ်ကို အမြဲ သွားလာနေကျ။ ကျနော်တို့ မိုင်းဆွဲလိုက်တဲ့အချိန်မှာ ကားကလမ်းဘေးကို ထိုးရပ်သွားတယ်၊ မှန်တွေလည်း ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မသိခဲ့ရဘူး"

ကလေးမှာ မိုင်းခွဲခံရလို့ စစ်သား ၁ ဦးသေ ၂ ဦးဒဏ်ရာရဟုဆို

“မိုင်းခွဲခံရတော့ အနီးကပ်ထပ်လာပစ်မှာ ကြောက်တာနေမယ်၊ အနားက အမှိုက်ကားပေါ် ဆွဲတင်ပြီး မောင်းပြေးသွားကြတယ်၊ ခေါင်းတောင်မဖော်ဘူး၊ လာတုန်းက စစ်ကားနဲ့ပြန်တော့ အမှိုက်ကားနဲ့၊ ‌စစ်**တကောင် ပွဲချင်းပြီးသေလို့ သူတို့ဘက်က ရမ်းပစ်တာ ပြည်သူနှစ်ဦးထိတယ်။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

မြင်းမူမှာ စစ်တပ်က မန္တလေး-မုံရွာလမ်းကို လမ်းကြောင်းရှင်း၊ ဒေသခံတချို့ အဖမ်းခံထားရ

"လမ်းကြောရှိမလားမသိဘူး။ ထီးဆောင်းရွာဘက်က စစ်တပ်ကလည်း လှုပ်တယ်လို့ပြောတယ်။ ပျားစခန်းကွေ့ ဘက်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းတွေ ရှာတွေ့သွားတယ်ပြောတယ်။ အခုဖောက်ခွဲနေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ကသာမြို့နယ်မှာ စစ်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ပစ်လို့ မိန်းကလေးငယ် ၁ ဦး သေဆုံး

"ဝင်လာကတည်းက လက်နက်ကြီးနဲ့၊ စက်သေနတ်နဲ့ပစ်နေတော့ လုံခြုံရာလေး ရှောင်ပုန်းနေကြတာပေါ့။ ဝေးဝေးတော့ မပြေးကြဘူး။ လက်နက်ကြီးတလုံးက ပုန်းနေတဲ့နေရာနားကိုကျပြီး အပိုင်းအစမှန်တာလို့သိရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10