သတင်းတို

မင်းကင်းမြို့ ကံရွာက ပျူစောထီး‌တွေတိုက်ခိုက်ခံရပြီး ၇ ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့

"မနက်အစောကြီး ရွာထဲကို ပစ်ပြီး၀င်တိုက်တာ။ တချို့လက်နက်ကိုင် ပျူတွေက ထွက်ပြေးသွားတယ်။ သေတာကတော့ ၁၀ နီးပါးလောက်ရှိတယ်။ ဒဏ်ရာရတွေလည်း မနည်းဘူး"

ဗန်းမော်မြို့က ပြန်လာတဲ့စစ်ကောင်စီသင်္ဘောက Non CDM တွေကို ခေါ်လာ

"သတင်းအတိအကျတော့ မသိရဘူး။ ရာထူးတိုးနဲ့ အပြောင်းအရွှေ့လုပ်ရသူတွေလို့လည်း သတင်းကြားတယ် "

ခင်ဦးက ထွန်တုံးတိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် (Photo News)

သြဂုတ် ၂၉ ရက် ဒီမနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လှုပ်ရှားမှုမှာ ပါဝင်သူတွေက “ပြည်သူတင်တဲ့အစိုးရ ဒို့အစိုးရ၊ NUG အစိုးရ ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည်” စတဲ့ တော်လှန်ရေးဆောင်ပုဒ်တွေကိုလည်း ကြွေးကြော်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းတော်က ၂ ရက်တာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးနဲ့ ABSDF ရဲဘော် ၁ ဦးသေဆုံး

“စစ်ကောင်စီဘက်က ပထမဆုံးနေ့မှာ အင်းတော်ကို သေတဲ့ ၂ ယောက်ပို့တယ်။ မနေ့(သြဂုတ် ၂၈)ကတော့ အနည်းဆုံး ၆ ယောက်လောက်သေတယ်၊ ဒဏ်ရာရတွေလည်း အများကြီးပဲ၊ မိုင်းတွေလည်း မိထားတာ၊ ကိုယ့်ဘက်ကျတာက ရန်သူရဲ့ ရှေ့ပွိုင့်တွေက အများကြီးကျတော့ လက်နက် သွားကောက်တာမှာ နောက်က ငါးကြင်းမြီး (စက်လတ်)နဲ့ ဆွဲလို့ ထိသွားတာ။”

ကိုင်းတောမရဲစခန်း တိုက်ပွဲမှာ တပ်မ ၁၀၁ က စစ်သား ၂ ဦးနဲ့ PDF ရဲဘော် ၁ ဦး သေဆုံး (ရုပ်/သံ)

"ကျနော်တို့ ညနေ ၅ နာရီခွဲကနေ ၆ နာရီကျော်ကျော်အထိ တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ Pakokku Underground Force က ရဲဘော် ၁ ဦးကျပြီး ‌စခ ၂ ကောင်သေဆုံးတယ်"

စစ်ကြောင်းထိုးဖို့ပြင်နေတဲ့ ညောင်ပင်ဝန်းရဲစခန်း ဒရုန်း ၆ စီးနဲ့ တိုက်ခိုက်ခံရ

"ဒရုန်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးဖို့ ရဲစခန်းထဲကို စစ်ကောင်စီတပ်တွေ ရောက်နေတဲ့အချိန်မှာ ရဲစခန်းကို ဗုံးကြဲခဲ့တာပါ။ ရဲစခန်းထဲမှာ နေရာတင် ချက်ချင်းသေတာက ရဲ ၅ ယောက်၊ ဒဏ်ရာရပြီး ဆေးရုံကားနှစ်စီးနဲ့ခေါ်သွားတဲ့ထဲက ဆေးရုံရောက်မှထပ်သေတာ အားလုံး ၁၇ ယောက်ဖြစ်တယ်"

မိုးရွာ၊ ရေတိုက်စားလို့ ပျက်စီးနေတဲ့ မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပိုင်း ပြုပြင်ဖို့ အကူညီလိုအပ်

“လမ်းပြုပြင်ရုံတင်မဟုတ်ဘူး။ တဖက်က ချောက်ဖြစ်နေတော့ ခိုင်ခံ့တဲ့ မြေထိန်းနံရံတွေပါ လုပ်ပေးမှ ရေရှည်မှာအဆင်ပြေမှာလို့ အင်ဂျင်နီယာတွေက အကြံပြုထားပါတယ်။ ဒါကြောင့် စုစုပေါင်းတွက်ချက်ရာမှာ ကျပ်သိန်း ၃၀၀ လောက် ကုန်ကျမှာဖြစ်တယ်"

ရေနံချောင်းမှာ မြစ်ရေတက်ပြီး ချောင်းကူးလမ်းရေဝင်နေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေရ (ရုပ်/သံ)

ရေနံချောင်းမြို့နဲ့ ၁၀ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ရုံးဆိပ်ကျေးရွာအနီးက ဆားတိုင်အုတ်ဖိုချောင်းမှာ မိုးရွာပြီးဧရာဝတီမြစ်ရေတွေ ဝင်လာတာကြောင့် ဒေသခံပြည်သူတွေ သွားလာရခက်ခဲနေတာလို့ ရုံးဆိပ်ရွာ ဆရာတော်က ပြောပါတယ်။

ရာထူးကဖယ်ရှားခံရတယ်လို့ သတင်းထွက်နေတဲ့ ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကို  လူမြင်ကွင်း ထုတ်ပြ (ရုပ်/သံ)

ရာထူးကနေဖယ်ရှားခံရတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ အစည်းအဝေးပွဲမှာ ခေါ်ဆောင်ပြီး လူမြင်ကွင်းကို ထုတ်ပြလာပါတယ်။ ဩဂုတ် ၂၇ ရက် မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုဂံဘုရားခရီးစဉ်နဲ့ နေပြည်တော်၊ မာရဝိဇယဘုရားနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဦးစီးပြုလုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်ခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းရုပ်သံမှာ ထုတ်လွှင့်လာတာဖြစ်ပါတယ်။

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

“သူတို့ကို RPG တလုံး Rocket ၅လုံး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ပစ်ခတ်ပြီးတော့ သူတို့တွေ ပခုက္ကူဘက်ကို ပြန်ထွက်သွားတယ်”

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ပြည်သူ ၄ ဦးဒဏ်ရာရ၊ နေအိမ် ၅ လုံးပျက်စီး

"ပိန်းဇလုပ်တပ်က လက်နက်ကြီးက နေ့တိုင်းနီးပါးပစ်နေတာ။ တနေ့ကို သုံးလေးလုံးပဲ။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာတွေကို ပစ်မှတ်ထားပစ်နေတာ။ အဲ့ဒီနေ့ကလည်း သူတို့ဘက်က ပစ်တာ၊ ရွာထဲကျလို့ ထိကြတာ"

စစ်ကြောင်းကို ကင်းထောက်နေတဲ့ ရေဦးပလဖတာဝန်ခံ လက်နက်ကြီးထိမှန် သေဆုံး

"ကျန်ရစ်သူမိသားစုဝင်တွေရဲ့ လုံခြုံရေးကြောင့် ကိုနေမျိုးအောင်ကျဆုံးခဲ့တဲ့ နေရာ၊ ကျေးရွာ၊ အချိန် တိတိကျကျဖြေလို့ မရသေးပါဘူး။ သူက ပွဲကဖို့ (စစ်ကောင်စီကို တိုက်ဖို့) ကင်းထောက်နေရင်း လက်နက်ကြီးကျည်စ ထိမှန်ပြီး နေရာချင်းကျသွားတာ။ တိုက်ပွဲမဖြစ်လိုက်ဘူး"

ဂန့်ဂေါအခြေစိုက် ခလရ ၅၀ က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတဦးသေဆုံး

“နာမည်တွေကိုတော့ ပြောလို့မရဘူး။ ဒဏ်ရာရသွားတဲ့သူတွေက သက်လတ်ပိုင်းတွေပါပဲ။ လက်နက်ကြီးထိပြီး သေဆုံးသွားတဲ့ သူကိုလည်း သင်္ဂြိုဟ်ပေးလိုက်ပါပြီ။ လက်နက်ကြီးတွေနဲ့ ၆ နာရီအထိ ပစ်နေတာ။ လက်နက်ကြီးပစ်တဲ့နေရာနဲ့ ရွာတွေနဲ့က ၅ ဖာလုံလောက်ပဲ ရှိတယ်။”

စစ်ကောင်စီတပ်တွေ အင်အားသုံးစစ်ကြောင်းထိုးနေတဲ့ ခင်ဦးနယ်က ကောက်စိုက်သပိတ် (Photo News)

ကောက်စိုက်တောင်သူ ၁၀ ဦးကျော်ဟာ သြဂုတ် ၂၇ ရက်မနေ့ မနက်ပိုင်းက ခင်ဦးမြို့နယ်ရှိ ကျေးရွာတရွာမှာ ကောက်စိုက်သပိတ် ပြုလုပ်ခဲ့တာဖြစ်ပြီး "NUG အစိုးရ ဒို့အစိုးရ၊ စစ်အာဏာရှင်စနစ် အလိုမရှိ၊ စစ်အာဏာရှင်တွေ ကျဆုံးပါစေ၊ အညာဖက်ဒရယ် အောင်ရမည်" စတဲ့ တော်လှန်ရေးဆောင်ပုဒ်တွေ ကြွေးကြော်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ဆေးရေးဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေပြီး သေနတ်နဲ့ကျည်ပါ သိမ်းနိုင် (ရုပ်/သံ)

"ဒီကောင်တွေက ဘာမှ Stand by မရှိဘူး။ ဂိမ်းဆော့တဲ့ကောင်က ဆော့။ ဆေးလိပ်သောက်တဲ့ကောင်က သောက်။ ထမင်းစားတဲ့ကောင်က စား။ ဂန်း(သေနတ်) နဲ့ လူနဲ့လည်း တခြားစီပေါ့နော်။ ဒီကောင်တွေ ောက်တလွဲလုပ်နေကြတာပေါ့။ သူတို့ကို လာလုပ်မှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ အများကြီးလျှော့တွက်ထားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10