ယင်းမာပင်မှာတိုက်ပွဲဖြစ်လို့ စစ်တပ်က ၅ဦးသေဆုံး၊ ၁၀ဦးဒဏ်ရာရှိဟုဆို
"ကျနော်တို့က သတင်းရလို့ လမ်းကနေဖြတ်တိုက်တာ။ လက်ဦးမှု ရတာပေါ့။ သေဆုံးတာနဲ့ ဒဏ်ရာ ၁၀ ကောင်ရတာကိုတော့ အတွင်းသတင်းပေးပြောလို့ အတည်ပြုခဲ့တာ"
"ကျနော်တို့က သတင်းရလို့ လမ်းကနေဖြတ်တိုက်တာ။ လက်ဦးမှု ရတာပေါ့။ သေဆုံးတာနဲ့ ဒဏ်ရာ ၁၀ ကောင်ရတာကိုတော့ အတွင်းသတင်းပေးပြောလို့ အတည်ပြုခဲ့တာ"
"မနက်ပိုင်း ၄ နာရီလောက်မှာ ထိတွေ့တိုက်ပွဲထပ်ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ သူတို့အထိုင်ချထားတဲ့ကျေးရွာကို ပြန်လည်စီးနင်း သိမ်းပိုက်နိုင်ခဲ့တာပါ" လို့ ပြောပါတယ်
“မိုးရွာထဲ ပြေးနေရတာပေါ့။ မနက်ကတည်းက ရွာတဲ့မိုးကလည်း မတိတ်ဘူး။ စွေနေတာ တနေကုန်ရွာမယ့် သဘောပဲ။ စစ်ရှောင်သုံးရွာလောက်ကလည်း အခု ကျနော်တို့ရွာဘက်ကို ပြေးလာကြတယ်။ ကျနော်တို့ရွာနဲ့ စစ်ကြောင်းက သိပ်တော့မဝေးတော့ဘူး"
" ဧပြီလကတည်းက မြို့နယ်နှစ်ခုကြားမှာ သူတို့က စစ်ကြောင်းပတ်သွားနေကြတာ။ သူတို့ကင်းပုန်းဝပ်နေတဲ့အချိန် စနိုက်ပါနဲ့ပစ်ခဲ့တယ်။ စစ်သား ၂ ယောက်လဲကျပြီး သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေရှိပေမယ့်အတိ အကျမသိရသေးပါဘူး ။ ကျနော်တို့ ဒရုန်းတစင်း Jammer ကြောင့်ပျက်စီးခဲ့ရတယ်"
"အဓိကက စစ်ရေးပြ တိုက်ခိုက်ရေးကို အဓိကသင်တယ်။ စစ်မိန့်နာခံမှုတွေ တည်ဆောက်တယ်။ တပ်မတော်တခုအနေနဲ့ တပ်ဖွဲ့ဝင်တွေကို စနစ်တကျ တည်ဆောက်နေရတာပါ။" လို့ ABSDF Column - 3ရဲ့ ချင်းတွင်းဒေသ တပ်ရင်းမှူး ရဲဘော်ဇေယျက ပြောပါတယ်။
"မိုင်တဲလ်စက်တွေ အသုံးပြုမရအောင် ပျက်စီးသွားပါတယ်။ လူနေအိမ်တွေပေါ် ကျမှာစိုးလို့ တိုင်ကိုတော့ မချိုးခဲ့ပါဘူး။ စက်မှုလယ်ယာဂိတ်မှာလည်း စစ်** တွေရှိတော့ အသက်စွန့်လုပ်ရတာပါ။ စကစနဲ့ပတ်သက်တဲ့ စီးပွားရေးထောက်တိုင်တွေကို ဖျက်ဆီးပိတ်ဆို့တဲ့သဘောနဲ့ ဖောက်ခွဲခဲ့တာ" လို့ Danger Force LPDF ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
"ရွာထဲကနေ ထွက်တဲ့ မိန်းလမ်းတခုဘဲ ထားပြီး ကျန်လမ်းတွေကို အကုန်ဖျက်ထားတယ်။ မိန်းလမ်းမှာက သူတို့ စစ်ဆေးရေးဂိတ်ရှိတယ်။ ခုက ပုဇွန်းမြောင်းအပါအဝင် အခြားရွာတွေက စကစ စစ်ဆေးရေးဂိတ်ကို မဖြစ်မနေ ဖြတ်ပြီးသွားရတော့မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ အခြားဘက်ကနေ လေးငါးမိုင်လောက် ကွေ့ပတ်ပြီး ညောင်လေးပင်မြို့ကို သွားရမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
“တချို့အိမ်တွေနဲ့ ရှေ့နေတွေက သေဆုံးကြောင်း အတည်ပြုပေးတယ်။ ၇ ဦးစလုံး အတည်ပြုချက်ယူထားပြီးပြီ။ သူတို့က အစောပိုင်းထဲက စစ်ကြောရေးအခေါ်ခံရပြီး ရိုက်နှက်ခံထားရတဲ့သူတွေ။ စစ်ကြောရေးက ပြန်ပို့ပြီး တလလောက်လည်းနေရော ထောင်ရွှေ့မယ်ဆိုပြီး ခေါ်သွားတာ။ ပြီးတော့ ကွယ်လွန်သွားတယ်ပေါ့”
“ သူ့ယာဉ်တန်းလို့ ယူဆလို့တော့ ရနိုင်တယ်ပေါ့။ ကျနော်တို့ဘက်ကတော့ အတည်ပြုနိုင်တာမျိုးတော့မရှိသေးဘူး။ စုံစမ်းနေတုန်းပါပဲ”
“စစ်ကြောင်းက နေ့လယ်မှာ ရွာကို မီးစရှို့တယ်၊ နယ်မြေခံ ကာကွယ်ရေးတပ်ကို ဖုန်းဆက်မေးတဲ့အခါ ရွာလုံးကျွတ်နီးပါးလောက် မီးရှို့ခံလိုက်ရတယ်ဆိုလို့ ရွာတဖက်ကမ်းက ပကဖကို အကူအညီတောင်းပြီး ရွာနဲ့မျက်နှာချင်းဆိုင် ရေဆိပ်ကနေ ပစ်ခဲ့တာ”
"နီးစပ်ရာတောတွေတောင်တွေ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေတာပေါ့။ အနီးဝန်းကျင်ရွာသူတွေရောပါတော့ စစ်ရှောင်ဦးရေ ၃ ထောင်လောက်ဖြစ်သွားတယ်"
“သူတို့ (စစ်ကောင်စီ)က ရွာထဲကနေထွက်သွားလိုက်၊ ပြန်ဝင်လာပြီး တပ်စွဲလိုက် အဲ့လိုမျိုးတွေ လုပ်နေတာ။ သူတို့ရွာထဲပြန်ဝင်လာပြီဆို လမ်းမှာတွေ့တဲ့လူတိုင်းကို စစ်တယ်၊ ရိုက်တယ်။ ငွေတွေ တွေ့ ရင်ယူသွားတယ်။ ဖုန်းတွေလည်း ယူသွားတယ်။ ရွာသားတွေကို ဖမ်းဆီးတာမျိုးတွေလည်း လုပ်တယ်”
“ ရေဦး EPCရုံးနဲ့လည်း နီးနေတော့ ထန်းတောရွာဘက်ကို သွယ်ထားတဲ့ မီးကြိုးမှန်သမျှ အကုန်ဖြတ်ပစ်လိုက်တယ်။ ဓာတ်မီးတိုင်တွေရှိနေပြီး မီးမရတော့ ဆိုလာတွေ၊ ဖယောင်းတိုင်တွေနဲ့ နေရတယ်။ လျှပ်စစ်ရုံးက သူတို့လက်ထဲရှိတာဆိုတော့ ဖွင့်ချင်တဲ့အချိန်ဖွင့် ပိတ်ချင်တဲ့အချိန်ပိတ်ပဲ။ ကြိုးတွေဖြတ်တာကတော့ ပထမဆုံးပေါ့”
"ကျောက်ကြီးနဲ့ ကျောက်တံခါးထဲမှာ တိုက်ပွဲအများဆုံးဖြစ်ခဲ့တယ်။ ကျန်တာကတော့ KNU ထုတ်ပြန်ချက်အတိုင်းပါပဲ။ တိုက်ပွဲတွေဖြစ်တော့ စကစဘက်ကတော့ နေ့တိုင်းလက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ပစ်နေတာရှိတယ် "
ရဲစခန်းထဲမှာ အင်အား ၃၀ကျော်လောက်ရှိတဲ့ စစ်သားတွေကို ၁၂၀၊ ၆၀ မမတွေနဲ့ ဝိုင်းပစ်ခဲ့ကြတာလို့ Pakokku Underground Force တာဝန်ခံက ဆိုပါတယ်။