စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်လို့ မအူရွာက အမျိုးသမီးတဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
“PDF အဖွဲ့ကသွားပစ်လို့ စခတွေထိပြီး ပြန်ပစ်တာ။ အဲ့ဒီ မိသားစုဝင်တွေကလည်း အိမ်မှာနေရင်း ထိကုန်တာ။ ရွာထဲက လူတော်တော်များကတော့ ထွက်ပြေးကုန်ပြီ၊ အနည်းစုလောက်ပဲ ရွာမှာကျန်ခဲ့တယ်”
“PDF အဖွဲ့ကသွားပစ်လို့ စခတွေထိပြီး ပြန်ပစ်တာ။ အဲ့ဒီ မိသားစုဝင်တွေကလည်း အိမ်မှာနေရင်း ထိကုန်တာ။ ရွာထဲက လူတော်တော်များကတော့ ထွက်ပြေးကုန်ပြီ၊ အနည်းစုလောက်ပဲ ရွာမှာကျန်ခဲ့တယ်”
"သူတို့က ပြောင်းစိုက်တောင်သူတွေပါ။ အရပ်သားတွေပါ။ PDF လုံးဝ မဟုတ်ကြပါ။ ဒီအထဲမှာ ဦးမောင်စိုး၊ ဝေလွင်ထွန်း၊ ဝေလွင်ထူးတို့ ၃ ယောက်က သားဖအရင်းတွေပါ "
“ တပ်ထဲကျပေမယ့် အထိခိုက်အကျဆုံးစာရင်းကိုတော့ မသိရသေးဘူးဗျ ။ အဲ့ဒီတပ်ကို အရင်ကလည်း သွားရောက်ပစ်ခတ်တာမျိုးတွေ ရှိပါတယ်။ အခုလိုသွားရောက်ပစ်ခတ်တာကလည်း သူတို့က ကျေးရွာကို စစ်ကြောင်းထိုးပြီး မီးရှို့နေတဲ့အတွက် သွားရောက်ပစ်ခတ်ခဲ့တာပါ”
“ကျနော့်အမြင်တော့ ကာကွယ်ရေးအဖွဲ့တွေကို ရိက္ခာဖြတ်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့၊ ကျောက်တံခါးတမြို့လုံးကို ဧည့်စာရင်းနဲ့ ဖုန်းတွေစစ်တယ်၊ မြို့အစပ်မှာလည်း ကင်းတွေချထားတယ်၊ အရင်က မရှိဘူး၊ လက်နက်ကြီးတွေလည်း ရွာတွေဘက် လှည့်ဆင်ထားတယ်။”
"အခုထိ အလောင်းမကောက်နိုင်သေးဘူး။ စကစ အင်အား ၂၅၀ ခန့်နဲ့ အခုလက်ရှိ မလဲသာ၊ ကံရင်း၊ ညောင်ပင် ၃ ရွာစလုံးမှာ နေရာယူထားတယ်"
"ငြိမ်းဇာနည်ရဲစခန်းအနီးမှာ စစ်**တွေကင်းပုန်းဝပ်တယ်လို့ ပြည်သူကသတင်းပေးလို့၊ တိုက်ခိုက်ဖို့နယ်မြေရှင်းလင်းဖို့ သွားရောက်ခဲ့ပေမယ့်၊ စစ်**တွေကိုမတွေလို့ အရင်က ပျူဒလန်နေတဲ့အိမ်ကိုမသင်္ကာလို့ ဝင်စစ်တာမှာ အခုပစ္စည်းတွေ တွေ့ခဲ့တာပါ"
"စကစ တယ်လီဂရမ်မှာက PDF ဆိုပြီးတင်ထားတာ တွေ့တယ်။ တကယ်က အဲ့ကလေးက တော်တော် ငယ်သေးတယ်။ သူဟာ စျေးဝယ်သွားပြီး အပြန်မှာ စကစ က ကားနဲ့ လိုက်ဖမ်းတယ်။ ဖမ်းခေါ်သွားပြီးမှ ပျူရွာဖြစ်တဲ့ ဆင်ချောင်းရွာနားမှာ သတ်သွားတာ"
ဇူလိုင် ၈ ရက် နေ့လယ် ၃ နာရီဝန်းကျင်လောက်မှာ စီမံကိန်းရုံးက စစ်အုပ်စုကို မိနစ် ၃၀ အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း စစ်သား ၁ ဦး၊ ပျူစောထီး ၁ ဦး ပါဝင်ကာ PDF ရဲဘော် ၁ ဦးလည်း ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်မြို့နယ် ဗိုလ်လက်ယာက ပြောပါတယ်။
" စစ်ယာဥ်တန်းကားကို မိုင်းနှစ်နေရာခွဲဆွဲတော့ ကားပေါ်ကပစ်လို့ ပြန်ဆုတ်လိုက်ရတယ်။ ကားဘယ်နှစ်စီးလည်း မသိလိုက်ပါဘူး။ အဲ့ယာဥ်တန်းပြန်အလာကို တအုံရွာနားက ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်သား ၄ ကောင်ကိုသေနတ်နဲ့ပစ်ခဲ့ကြတယ်"
"အင်အား ၂၀၀ ကျော်ထဲမှာ ကွန်မန်ဒို အယောက် ၆၀ ပါတယ်လို့ သိရတယ်။ အဲ့ဒီ စစ်ကြောင်းကို ကျနော်တို့ ပေ ၈၀၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ၆၀ မမနဲ့ ၈ ချက်ပစ်နိုင်ခဲ့တယ်။ ထိခိုက်သေဆုံးမှုကိုတော့ နယ်မြေအခြေအနေအရ စုံစမ်းလို့ မရရှိသေးဘူး။ သူတို့ဘက်က ပြန်လည်ပစ်ခတ်တာမျိုးတွေ ရှိပါတယ်"
"ဘယ်တပ်ရင်း၊ တပ်ကဆိုတာကို မသိရဘူး။ ကလေးဝကနေ မအူစခန်းကိုအသွားမှာ အိမ်တွေနဲ့ စပါးကျီကို မီးရှို့တာ။ မအူစခန်းကနေ ကလေးဝကိုအပြန်မှာတော့ ရွှေတွေနဲ့တခြား ပစ္စည်းတွေကို ခိုးယူပြီးတော့ တိရိစ္ဆာန်တွေကို ပစ်သတ်ခဲ့တာ။ ဒီနေ့ (ဇူလိုင် ၁၀) မှာတော့ ဒေသခံတွေရွာထဲ ပြန်ဝင်နေကြပြီ"
“ဒီနေ့မနက် ကလေးတွေ စာသင်နေတဲ့အချိန်မှာ ဗုံးကြဲပစ်ခတ်သွားတာ။ စာသင်ကျောင်းလည်း ထိတယ်၊ ဘုန်းကြီးကျောင်းလည်း ထိတယ်၊ စာသင်နေချိန် လာပစ်တယ်ဆိုတော့ ကလေးတွေအတွက်လည်း စိုးရိမ်နေရတယ်"
"တအိမ်တယောက် အလှည့်ကျမစောင့်မနေရ ကင်းစောင့်ခိုင်းတယ်။ ကင်းစောင့်ချိန်လက်လုပ်သေနတ်တွေလည်း ပေးထားတယ်။ စစ်သားတွေက ဦးဆောင်တာ။ မစောင့်ချင်လည်း စောင့်ရတော့ ပြည်သူတွေက စိတ်ညစ်ရတာပေါ့။ တကယ်လို့ PDF ဝင်လာလို့ ပစ်ခတ်ကြရင် မဆိုင်ဘဲထိမှာလည်း စိုးနေကြတယ်"
"သူ့အမေနဲ့စကားများပြီး အိမ်ကနေ ရေချိုးဆိပ်ဘက်သွားရင်း ရေနစ်တာ။ ဘယ်လို ရေနစ်လည်းတော့ မသိရဘူး။ သူ့အဖေပြောတာတော့ အရက်တော့ သောက်ထားတယ် ပြောတယ်"
“ မြိုင်ဘက်မှာ မနက်ဖြန် ၁၁ ရက်နေ့က စပြီး လမ်းတွေပိတ်မယ်လို့ကြားတယ်။ ဒီနေ့အထိတော့ လမ်းပိုင်းတွေပေါ်မှာသွားလို့ လာလို့ရသေးတယ်။ ဆန်တွေဘာတွေသယ်တာတွေက အရင်ထဲကကန့်သတ်တာတွေရှိတယ်။ ခုက ဖြတ်လေးဖြတ်ပုံစံမျိုးလုပ်မယ်လို့လည်း ကြားနေတယ်”