သတင်းတို

ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာသုံးရွာကိုမီးရှို့ပြီး ပစ္စည်းတွေခိုးယူ

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေဟာ အနီးနားမှာရှိတဲ့ ကျေးရွာသုံးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ရွာထဲက ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမြန်လမ်းမှာ ကားဘီးပွင့်ပြီး လမ်းဘေးသံတန်းကို ဝင်တိုက်လို့ ၁ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

" အရှိန်ကလည်းများတယ်။ တာယာပွင့်သွားတာကနေ ဘေးတန်းကို ဝင်တိုက်ပြီးတော့ ရပ်သွားတယ်။ ကားပေါ် မှာက လူ ၁၀ယောက်ပါတယ်။ ထိခိုက်သေဆုံးသူတွေရှိတယ်"

ထောင်က ခေါ်ထုတ်ခံခဲ့ရတဲ့ ပဲခူးခရိုင်ဗကသ ဒုဥက္ကဌ သေဆုံးပြီလို့ စစ်ကောင်စီအကြောင်းကြား

"ကျိုက်စကောထောင်ကနေ ကိုခန့်လင်းနိုင်မိသားစုဆီ သေဆုံးကြောင်းစာပို့အကြောင်းကြားတာပါ။ ဘယ်နေ့က ကျဆုံးတယ်ဆိုတာမသိရဘူး။ မိသားစုက အလောင်းလည်းမတွေရသလို သင်္ဂြိုဟ်ခွင့်လည်းမရဘူး"

မြင်းမူနယ်မှာ ရွာခံသားအဖ ၃ ဦးနဲ့ PDF ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းပြီးသတ်သွား

"သားအဖ ၃ ယောက်က ရွာနားကတောမှာ ငှက်ပစ်နေကြတာ။ အဲ့ဒီမှာ စကစတွေနဲ့တွေ့လို့ ဖမ်းခေါ်ပြီး သတ်သွားတာ။ ရဲဘော်တယောက်ကတော့ သူ့တပ်ဖွဲ့နဲ့ စစ်ကြောင်းကိုသွားပစ်တာ။ စကစကပြန်ပစ်လို့ပြန်ဆုတ်တဲ့ အချိန်မှာ မျက်စိလည်လမ်းမှားပြီးကျန်ခဲ့တာကို စကစတွေက ဖမ်းပြီးသတ်လိုက်တာ"

YDF ရဲဘော်ရဲမေအများစု ငှက်ဖျားရောဂါဆိုးရွားစွာဖြစ်နေပြီး ဆေးဝါးအကူအညီလိုအပ်နေ

"ငှက်ဖျားဖြစ်တာအများစုက လေ့ကျင့်ရေးဌာနကရဲဘော်တွေမှာ ဖြစ်နေကြတယ်။ လူရာနဲ့ချီပြီး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ တပတ်ကဆိုရင် ၃၀ ကျော်ဆေးနားနေရတယ်။ တပ်ရင်းဆေးခန်းမှာ ကုသပေးနေပေမယ့် ဆေးတွေက မလုံလောက်တာမျိုး ဖြစ်နေပါတယ်။ ငှက်ဖျားဆေးတွေ အရေးတကြီး လိုအပ်နေပါတယ်"

ပဲခူးအရှေ့ခြမ်းမှာ PDF နဲ့ ပြည်သူအကြား တွေ့ဆုံပွဲတွေ ပြုလုပ်နိုင်ခဲ့

" ပြည်သူတွေထံ စည်းရုံးရေးသွားတဲ့သဘောနဲ့ သွားရောက်တွေ့ဆုံကြတာရှိတယ်။ ခုလို ပြည်သူတွေနဲ့ တွေဆုံနိုင်တာက PDF တွေရဲ့နယ်မြေစိုးမိုးလာနိုင်မှု အခြေနေတရပ်ကို ပြည်သူတွေသိအောင် လုပ် ဆောင်ပြတာပါ။ ပြည်သူတွေက ရဲဘော်တွေကိုတွေ့တော့ အားရဝမ်းသာကြိုဆိုကြပါတယ်"

ယင်းမာပင်မှာ စစ်ကောင်စီတပ်ပစ်ခတ်လို့  ၅ နှစ်အရွယ်ကလေး ၁ ဦးအပါ ၃ ဦး သေဆုံး

"ရွာသာယာ၊ ပျံလှည့်၊ ရာဇကျော်ရွာတွေက စစ်ကြောင်းထိုးလာတဲ့လမ်းတလျောက်မှာရှိတာ။ သူတို့ကို လမ်းမှာတွေ့လို့ ပစ်သတ်သွားတာလို့ သိရတယ်။ ပွဲချင်းပြီးသေသွားကြတယ်"

ပေါက်မြို့နယ်မှာ 7 July အခမ်းအနားကို ဗကသများအဖွဲ့ချုပ်က ကျင်းပ

" စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျ‌နော်တို့တတွေ (ဗကသများအဖွဲ့ချုပ်)အနေနဲ့ ဒီလိုလှုပ်ရှားမှုတွေကို ပိုပြီးလုပ်ဖို့လိုလာတယ်လို့ မြင်ပါတယ်။ ဒါဟာ လူထုကို အတိတ်သမိုင်းနဲ့ ပြန်ပြီးလှုံ့ဆော်တဲ့နည်းလို့ ခံယူထားတယ်။ ဒါ့ကြောင့်စစ်အာဏာသိမ်းပြီးနောက်ပိုင်း လှုပ်ရှားမှုတွေမှာ သေးငယ်တဲ့လှုပ်ရှားမှုဖြစ်ပါစေ (စာရွက်ကပ်၊ ပိုစတာကပ်လှုပ်ရှားမှု) ကျနော်တို့ပိုလုပ်ခဲ့ကြတယ်။"

စစ်တပ်က စွန့်ပစ်ခဲ့တဲ့ပျူစောထီးအလောင်းကို Bo Tiger အဖွဲ့က မီးသင်္ဂြိုဟ်ပေး

"အလောင်းက ပုပ်နေလို့ ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဖို့နဲ့ သေတဲ့သူကိုလည်း လူသားချင်းစာနာတဲ့ အနေနဲ့ မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်"

7 July အထိမ်းအမှတ်အဖြစ် ဒေသခံ ၆၀၀ ကျော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဆန္ဒပြ

“အဓိကရည်ရွယ်ချက်ကတော့ ဆဲဗင်းဇူလိုင် ရဲ့ ဖြစ်ပေါ်လာပုံတွေကို ပြည်သူတွေသိအောင် ပြောပြတယ်၊ ဆဲဗင်းဇူလိုင်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြည်သူလူထုတွေကို ဟောပြောပြတယ်၊ လက်ရှိအချိန်အထိ ဆန္ဒပြတိုက်ပွဲဝင်ပြီးတော့ ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်ကို ပြုတ်ကျဖို့အတွက် တဖက်တလမ်းကနေ အားဖြည့်ပြီးတော့ ဆန္ဒထုတ်ဖော်ကြတာပါ”

ပဲခူးမြို့ပေါ်မှာ PDF ရောက်နေတယ်သတင်းထွက်လို့ အရန်မီးသတ်ဗိုလ် ကိုသန့်ဦးဆောင်ပြီး ကင်းလှည့်

“လက်နက်တွေက အတိုရော၊ အရှည်တွေရော ကိုင်ထားကြတယ်။ သူတို့ကင်းလှည့်တာ စစ်သားနဲ့ ရဲတွေတောင် မပါဘူး။ ကိုသန့်ဆိုတဲ့ သူကပဲ ဦးဆောင်တယ်။ သူက ပဲခူးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆိုပြီးတော့လည်း ဖွဲ့ထားတယ်။ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဆိုလည်းဟုတ်တယ်”

ထန်းတပင်၊ လှည်းလမ်းကူးတိုက်ပွဲ စစ်တပ်က ၁၅ ဦးသေဆုံး၊ လေကြောင်းနဲ့  ၂ ကြိမ် ပစ်ကူရ

“သူတို့က ပစ်ဝင်တဲ့အခါ ကျနော်တို့ဘက်က နည်းနည်းဆုတ်ပေးလိုက်တယ်။ ပြီးတော့မှ ထိတွေ့မှုဖြစ်ကြတာ။ သူတို့ကို ပြန်ဝိုင်းတယ်။ (သူတို့)ဆုတ်လမ်းမရှိတဲ့ အချိန်ကျတော့ လေယာဉ်ပစ်ကူနဲ့ လာပစ်တယ်။ လေယာဉ်ပေါ်ကနေ ကျနော်တို့ဘက်ကို အများကြီးပစ်တယ်၊ အဓိက သူတို့လူတွေ အထိနာတယ်။ ပိတ်မိသွားတဲ့အတွက် လေယာဉ်ပစ်ကူခေါ်ပြီး ပြန်ဆုတ်သွားတာ”

မြောင်က ကျောင်သားတွေရဲ့ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှု

"စစ်တပ်ကို ပြောချင်တာကတော့ စစ်ကျွန်ပညာရေးကို မလိုလားဘူး။ ငါတို့ကျောင်းသားတွေ ညီညွတ်လာပြီ၊ စစ်အုပ်စုကိုယ်တိုင် အခိုင်အမာတည်ဆောက်ထားတဲ့ ကျွန်ပညာရေးယန္တယားကို တစတစ ဖြိုချဖျက်ဆီးပစ်မယ်။ ငါတို့ ကျောင်းသားလူငယ်တွေကို မတရားဖမ်းဆီး သတ်ဖြတ်လို့ ရကောင်းရမယ်။ ငါတို့ရင်ထဲက တော်လှန်စိတ်ကို ဖျောက်ဖျက်ပစ်လို့မရနိုင်ဘူး”

7July အထိမ်းအမှတ်အဖြစ် ပခုက္ကူ-ရေစကြိုကားလမ်းမဘေးက စစ်ကောင်စီဂိတ်ကို ဗုံးသီးချ တိုက်ခိုက်

"အဲ့ဒီဂိတ်ဖွင့်ထားတာ ဆယ့်တလလောက်ရှိပြီ။ အထိုင်ချနေတာ။ ဗုံးသီးက ဂိတ်နားကို ကျရောက်ပေါက်ကွဲခဲ့တယ်။ ထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ မသိရဘူး။ ဗုံးသီးချပြီးလို့ ခဏအကြာမှာတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သေးတယ်"

ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က ပေါက်သဲကုန်းတံတား မိုင်းခွဲခံရလို့ ပျက်စီး

"အဲ့တံတားက ကျောက်ကြီးဘက်နဲ့ ပိုနီးတယ်။ ကျောက်ကြီးမြို့ပြီးရင် သဲကုန်းရွာပြီးတာနဲ့ အဲတံတားဘဲ။ တံတားကတော့ အတိုလေးပါဘဲ။ ကျောက်ကြီး-နတ်သံကွင်းလမ်းပေါ်က တံတားတွေကတော့ ကုန်နေပါပြီ။ မရှိသလောက်ကို ဖြစ်နေပြီ" လို့ ဒေသခံတဦးကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10