သတင်းတို

မြင်းခြံထောင်က နိုင်ကျဉ်း ၃ ဦးကို စစ်တပ်ကအင်အားသုံးခေါ်ထုတ်သွား၊ အဆက်အသွယ်ပြတ်နေပြီး အသက်အန္တရာယ်စိုးရိမ်နေရ

“ကိုကျော်မင်းနိုင်နဲ့ကိုသက်မောင်မောင်က ဖောက်ခွဲ ၅ နဲ့ ထောင်ကျနေတာ။ ကိုစိုင်းလည်းနိုင်ငံရေးပုဒ်မပဲ။ ခုလိုအဖြစ်က အရင်ကမရှိဖူးဘူး၊ တော်တော်များများကတော့ လန့်နေကြတယ်"

ပဲခူးကို မင်းအောင်လှိုင်လာမယ်လို့ သတင်းထွက်၊ လမ်းဘေးဈေးဆိုင်အချို့ ပိတ်ခိုင်းပြီး မြို့ကိုသန့်ရှင်းရေးလုပ်

"မအလ လာမယ်လို့တော့ သိရတယ်။ လုံခြုံရေးတွေကတော့ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက ချထားတယ်။ ဒီနေ့တော့ အများဆုံးပဲ။ ဆိုင်ကယ်တွေကိုတော့ အစစ်ဆေးများတယ် ဖမ်းဆီးတာတွေလည်းရှိတယ်။ ပဲခူးခန်းမမှာလည်း ပြင်ဆင်ထားပြီး စကစနဲ့ဌာနဆိုင်ရာက အကြီးပိုင်းတွေ ရောက်နေတာလည်းရှိတယ်။ နေရာစုံမှာတော့ အင်အားတော်တော်များတယ်"

ပုလဲနယ်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့လမ်းတံတားတွေကို တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြုပြင်

"မိုးတအားများတော့လမ်းတွေ ရေတိုက်စားပြီးပျက်စီးကုန်တာ။ လမ်းပျက်တာရွာ ၂၀ ကျော်ရှိတယ်။ ပြည်သူတွေသွားလာတာ အဆင်ပြေဖို့လုပ်ကြတာပါ။ လိုအပ်တဲ့ပစ္စည်းတွေကိုပြည်သူတွေလှူတဲ့ငွေနဲ့ ဝယ်ပြီးတော့ပြုပြင်ခဲ့တာဖြစ်တယ်"

နေပြည်တော်-မကွေးလမ်းမှာ ဟိုက်ဂျက်နဲ့ မန္တလာမင်းကား ခေါင်းချင်းဆိုင်တိုက်လို့ ၅ ဦးသေဆုံး

မေလ ၂၁ ရက်ဒီကနေ့မနက် ၁၀ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မကွေးဘက်ကိုမောင်းနှင်လာတဲ့ ဟိုက်ဂျက်ယာဥ်နဲ့ မျက်နှာချင်းဆိုင်ယာဥ်ကြောကနေလာတဲ့ မန္တလာမင်းခရီးသည်တင်ယာဥ်တို့ ခေါင်းချင်းဆိုင်တိုက်မိတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

PDF ရဲဘော်သေဆုံးခြင်း ၁ လပြည့် ဆွမ်းကျွေး ပရိတ်တရားတော်နာပြုလုပ်

“မနေ့ကဆိုရင် ရဲဘော် စောလေး ကျဆုံးခဲ့တာ တလပြည့်ခဲ့တာ၊ တလပြည့်ပေမဲ့ သူ့ကို ကျနော်တို့မမေ့ဘူး၊ သူ့အတွက် ဂလဲ့စားချေဖို့ အဆင်သင့်ရှိနေတာကို သိလည်းသိစေချင်တယ်၊ ဘဝကူသွားတဲ့ ကျနော်တို့ရဲဘော်အတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးခဲ့တာ” လို့ Myingyan Black Tiger – MBT မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပခုက္ကူမှာ ခရီးသည်တင်ယာဉ် မိုင်းထိလို့  ၁ ဦးဒဏ်ရာရ

"ကားက ပခုက္ကူမှာခရီးသည်ချပြီး ကံမဘက်ကိုဆက်မောင်းလာတဲ့အချိန် ဂိတ်ဆုံးခါနီးဆိုတော့ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပါမှ လူ ၆ ယောက်လောက်ဘဲ ပါလာတယ်။ မိုင်းထိလို့ လူနဲ့ကားထိခိုက်မှုရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မုန်တိုင်းဒဏ်နဲ့ ဆက်သွယ်ရေးခက်ခဲနေပေမယ့် ရိက္ခာအထောက်မပြတ်တဲ့ ပြည်သူတွေ (Photo news)

"ကျနော်တို့ ကျောင်းသားတပ်မတော်ကို ခက်ခဲနေတဲ့ကြား က ရိက္ခာထောက်ပို့နေတဲ့ တော်လှန်ရေးညီနောင်တွေနဲ့ တော်လှန်ရေးပြည်သူတွေကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ပျက်စီးတံတားများကို ဒေသခံပြည်သူတွေနဲ့တွဲပြီး ပြင်နေကြတယ်။ ပြန်လည်ထူထောင်ရေး ဘာမှမရကြသေးဘူး။ လောလောဆယ်တော့ ပရဟိတအဖွဲ့တွေလည်း မလာကြသေးဘူး" လို့ ABSDF Column-3 ( ကျောင်းသားတပ်မတော် စစ်ကြောင်း - ၃ )မှ ရဲဘော်ဇေယျ ကပြောပါတယ်။

ရွာကို လက်နက်ကြီးနဲ့ပစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်ငွေတောင်းသွား

"ပထမဆုံးတောင်းတာက သိန်း ၃၀ ပေးရမယ် မပေးရင်ရွာကို လက်နက်ကြီးနဲ့ပစ်မယ်ပြောတာ၊ အဲ့ဒါညှိနိုင်းရင်းနဲ့ ၂၅ သိန်းနဲ့တည့်သွားတာ၊ တအိမ်ကို ငွေ နှစ်သောင်းခွဲစီစုပြီးပေးလိုက်ရတာ၊ ရွာလူကြီးကစစ်တပ်ယာယီအထိုင်ချတဲ့ နေရာကိုသွားပေးလိုက်ရတာ၊ ငွေကိုဘယ်သူက လက်ခံယူလည်းဆိုတာတော့မသိရဘူး၊ မရှိတဲ့ကြားက ရွာပျက်မှာကြောက်လို့သွားပေးရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

မုံရွာက လူထုသပိတ် (Photo News)

“အခုရက်ပိုင်း ဖမ်းဆီးခံထားရတဲ့ရဲဘော်တွေကို သေဒဏ်ချမှတ်တာ၊ နှစ်ရှည် ထောင်ချနေတာတွေ များတဲ့အတွက် ဘယ်လောက်ပဲသေမိန့်ချချ တော်လှန်ရေးက သေမိန့်မကျဘဲ ဆက်လက်ချီတက်ကြရမယ်ဆိုတာကို ပြည်သူတွေသိအောင်ပါ” လို့ သပိတ်ပြုလုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကို အရာတော်မြို့နယ်မှ သပိတ်တက်ကြွလှုပ်ရှားသူ ကိုသက်နောင် ကပြောပါတယ်။

ရဲတွေဝိုင်းခံရချိန် အသင့်ပါတဲ့မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်လို့ ရဲ၄ဦးသေဆုံး

"ကျနော်က မစ်ရှင်လုပ်ဖို့သွားတာ။ ဗိုက်ကလဲဆာတော့ ဆိုင်မှာဝင်စားနေတာ။ အဲဒါကို စကစ ဘက်က သတင်းရလို့ ကျနော်ကိုလာဖမ်းတာ။ သူတို့က ဆိုင်ထဲမဝင်ခင် ကျနော့် ဆိုင်ကယ်ကို စစ်ဆေးနေချိန် ဆိုင်ကယ်မှာ အသက်သွင်းပြီးသား မိုင်းကလည်း ရှိနေတော့ ရီမုနဲ့ခွဲချပြီး ပြေးတာပဲ။ စကစ အဖွဲ့ကသူတွေ ဆိုင်ကယ်နားမှာ ပုံကျသွားတယ်"

ပေါက်နယ်မှာ မုန်တိုင်းကြောင့် နှမ်းဧက ၁၆၀၀ ကျော်ပျက်စီးပြီး တောင်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့နေရ

"နှမ်းနက်တွေစိုက်တာပါ။ လေရော မိုးရော ရေပါကြီးတော့ ပိုဆိုးတာပေါ့ဗျာ။ ခုလိုလည်း တခါမှမကြုံဖူးပါဘူး။ အပင်ကြီးတွေက လဲကုန်တယ်။ ရွှံနွံတွေကပ် အပင်လဲတာနဲ့ ဘေးနားက အခင်းတွေရော ပျက်စီးကုန်တာ"

ခင်ဦးနယ်၊ ကံသစ်ရွာက နေအိမ် ၁၇၀ ကျော်ကို စစ်တပ်ကမီးရှို့

“မနေ့က ညနေပိုင်း ကံသစ်ကို မီးရှို့နေတဲ့အချိန် ခင်ဦးဒေသခံရဲဘော်တွေက ၂ ဆင့်ကွဲလက်နက်ကြီးတွေနဲ့ အဝေးကနေ လှမ်းထုခဲ့ကြတယ်။ စခ အသေအပျောက်ရှိတယ်။ ဒဏ်ရာရတဲ့ သူတွေလည်းရှိတယ်”

စစ်ကိုင်းက စစ်အုပ်စုစခန်း ဗုံးသီးချ တိုက်ခိုက်ခံရ

"ရွာကတော့ ပျူရွာပဲ။ စကစနဲ့ပျူတွေက ရွာအပြင်ဘက်မှာ သီးသန့်စခန်းချထားပြီးနေတာ။ တခုက သူတို့ရွာက ပျုကော၊ စကစအဖွဲ့တွေက အခြားရွာတွေကို ဒုက္ခပေးတာနည်းတယ်။ သူတို့ဟာသူတို့ နေတာများတယ်။ ကြွယ်ပုံ(ရွာ)ဘက်က ပျူနဲ့စကစတွေလိုတော့မဟုတ်ဘူး။ ကျနော်တို့ဘက်က ဒီထက်ပိုပြီး စကစကို တိုက်ခိုက်နိုင်ဖို့ ကြိုးစားနေတယ်။ ပြီးခဲ့တဲ့ မစ်ရှင်တခုတုန်းက ဒရုန်းတစင်းပျက်ကျခဲ့ရလို့ ပြည်သူအကူအညီတွေလည်း လိုအပ်နေပါတယ်"

ကလေးတောင်ပိုင်းက စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေတွင်းတွေ လိုအပ်နေ

“စစ်ရှောင်စခန်းတခုမှာ လူဦးရေ ထောင်ကျော်ရှိတယ်၊ တချို့ဆို ချောင်းတွေထဲမှာ မသန့်ရှင်းတဲ့ ရေတွေသုံးနေရတယ်၊ အကူညီလာတောင်းကြတော့ သေချာကွင်းဆင်းပြီး တကယ်လိုအပ်နေတဲ့ နေရာတွေကို ရေတွင်းတွေ တူးပေးဖို့လုပ်နေတယ်"

ကန့်ဘလူနယ်က ဆူးတပ်ရွာကို စစ်တပ်က ဒုတိယအကြိမ်မီးထပ်ရှို့

“နေအိမ်က ၁၅ လုံးလောက် မီးလောင်သွားတယ်လို့ကြားတယ်။ အခုချိန်ထိ ရွာထဲကို ပြန်မဝင်ရသေးဘူး၊ ဖမ်းဆီးခံရတဲ့ပြည်သူတွေ ရှိလား၊မရှိလားဆိုတာတော့ မကြားသေးဘူး၊ မနေ့ကဆူးတပ်ရွာကို မီးရှို့ပြီးပြန်ထွက်ချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်သေးတယ်။ ထိခိုက်ကျဆုံးမှုတွေတော့ မသိရဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10