သတင်းတို

ပေါင်းတည်မြို့နယ်တွင်း အလှည့်ကျစနစ်နဲ့ ဆည်ရေမရလို့ နွေစပါးစိုက်ဧက ၇၀၀၀ ခန့် လျော့ကျ

“ကျနော်တို့ကတော့ လုံးဝမစိုက်ရတဲ့ ရွာတွေထဲမှာပါတာပေါ့။ ပေါင်းတည်အနောက်ခြမ်းပိုင်းကဒီနှစ်မစိုက်ရဘူး။ ဆည်မြောင်းက ပြောတာတော့ စီမံကိန်းမပါလို့ ဆည်ရေမလုံလောက်ဘူး အလှည့်ကျစနစ်သွားမယ်ပေါ့။ အရှေ့ခြမ်းတလှည့်အနောက်ခြမ်းတလှည့်၊ ပထမတုန်းကကျတော့ ခုနှစ်စိုက်ရမယ်လို့ပြောသေးတယ်၊ နောက်ကျမှ မပါတော့ဘူး ဖြစ်သွားတာ။”

ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

"သူတို့တွေက ရဲစခန်းတိုက်ခံရတဲ့ နေ့ကစပြီးနေ့တိုင်းရွာတွေကို ဝင်မွှေ၊ လမ်းပိတ်ပြီး ဖမ်းတာ။ အဓိက ရွာအုပ်ကြီးတွေနဲ့ သူတို့သတင်းပေးတွေက သတင်းပေးလို့ လိုက်ရှာဖမ်းတဲ့သဘောမျိုးပါ။ ဖမ်းခံရတဲ့သူတွေထဲမှာ ဆိုင်ပိတ်ရတာမျိုး၊ သားကိုမမိလို့ ဖအေကိုဖမ်းတာမျိုးတွေလည်းရှိနေတယ်"

ညောင်လေးပင်-မဒေါက်လမ်းပိုင်းက တံတား ၁ စင်း မိုင်းခွဲခံရလို့ ပျက်စီး

"အဲဒီတံတားက လမ်းသွားလမ်းလာတွေ အသုံးပြုများတဲ့တံတားလို့ ပြောရမှာပေါ့။ လမ်းမကြီးပေါ်က တံတားပါ။ တံတားကတော့ ပေ ၁၂၀ ကျော်တယ်။ ခုတံတားမိုင်းခွဲခံရတော့ လောလောဆယ် သွားမရတော့ဘူးလို့ သိရတယ်" လို့ ပြောပါတယ်။

ကန့်ဘလူနယ်က စစ်ရှောင်စခန်းတွေမှာ ဆေးဝါးပစ္စည်းတွေ လိုအပ်နေ

"ရာသီဥတုအပြောင်းအလဲကြောင့် ရာသီတုပ်ကွေးလို ဖျားနာတာတွေဖြစ်တယ်၊ နှာစေးချောင်းဆိုး တာလည်း ရှိတယ်ဗျ၊ နာတာရှည်ဆီးချို၊သွေးတိုး ရောဂါတွေလည်းပါတယ်၊ ရေမြေအပြောင်းအလဲရှိတော့ ဝမ်းပျက်ဝမ်းလျောအတွက်ဆေးတွေ လိုတာဗျ၊ ရှိတဲ့ဆေဝါးတွေနဲ့တော့ ပဏာမ ကုသပေးနေတယ်"လို့ ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ CDM သူနာပြုဆရာမတဦးက ပြောပါတယ်။

မြင်းခြံမှာ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး ၅ ဦးဒဏ်ရာပြင်းထန်ဟုဆို

"ကျနော်တို့ဝင်တိုက်တာ ၁ နာရီလောက်ကြာမယ်။ ရန်သူ့ဘက်က အရာရှိအပါ ၈ ယောက်သေတယ်၊ ဒဏ်ရာရတာများတယ်၊ ၅ ယောက်ကပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။ တပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိခဲ့ပါဘူး" လို့ ပြောပါတယ်။

မကွေးမှာ ရဲသတင်းပေးဆိုသူ အမျိုးသမီး ၁ ဦး ကွမ်းယာဆိုင်မှာ ပစ်သတ်ခံရ

“သူက ရဲ မိန်းမ။ ရဲ ၂ ယောက်ကို ယူထားတာ။ အရင်တယောက်က မရှိတော့ဘူး။ အခုနောက်ရဲတယောက်ရဲ့မယားငယ်အနေနဲ့ ယူထားတာ။ သူ့ညီမ တော်ကီကွမ်းယာဆိုင်ထဲမှာ ၃ ချက်တိတိ ပစ်ပြီးရှင်းလိုက်တာ” လို့ ပြောပါတယ်။

ကြေးနီသယ်ကား လုံခြုံရေးလာယူတဲ့စစ်တပ်က ပြည်သူနေအိမ်တွေကို မွှေနှောက်၊မီးရှို့ ပစ္စည်းတွေယူသွား

"သူတို့က လာကတည်းကိုက ကားပေါ်ကနေ လမ်းဘေးဝဲ၊ယာကို ပစ်ခတ်ပြီးလာကြတော့ ရွာသားတွေက ပြေးကြတာ။ အဲ့တော့မှ သူတို့က အိမ်တွေတက်မွှေ၊ မီးရှို့တာတွေလုပ်တာ။ ပြီးတော့ ဝမ်ပေါင်ကုမ္ပဏီထဲ ဝင်တယ်။ ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးပြီး နမခဘက် ပြန်လှည့်သွားကြတာ။ ဒေသခံတွေဆီက ယူသွားတဲ့ပစ္စည်းတွေကိုတော့ နောက်ထပ်ကားတွေနဲ့ သယ်သွားတယ်"လို့ ပြောပါတယ်။

နေအိမ် ၃၀၀ ကျော်မီးရှို့ခံထားရတဲ့ အလယ်လျှိုရွာကို စစ်တပ်က ဒုတိယအကြိမ် မီးထပ်ရှို့

"ဒီစစ်ကြောင်းက ကန့်ဘလူနယ်က ရွာတော်တော်များများကို မီးရှို့လာတဲ့စစ်ကြောင်းပါ။ တပ်နာမည်တော့ မသိရဘူး။ ဒီတကြိမ်ရှို့နေတာကတော့ ရွာလုံးကျွတ်ကို ရှို့နေတဲ့သဘော။ မီးက အခုအချိန်ထိရှို့နေတယ်။ စစ်ကြောင်းကလည်း မထွက်သေးတော့ အပျက်စီးစာရင်း မသိရသေးဘူး။ အနီးဝန်းကျင်ရွာ ၃ ရွာလောက်ကလည်း ထွက်ပြေးနေကြရတယ်" လို့ ဆိုပါတယ်။

ရေပန့်ပြင်ဖို့ ဆိုင်ကယ်နဲ့သွားတဲ့ ရဲ ၁ ဦး လမ်းမှာပစ်သတ်ခံရ

"သတင်းကြိုရလို့ ကျနော်တို့အဖွဲ့ကစောင့်နေတာ။ ဆိုင်ကယ်နဲ့တယောက်တည်းလာတာ။ လမ်းဆုံးနားအရောက်မှာ ပစ်ခတ်ကျတာ၊ ခန္ဓာကိုယ်ရဲ့ရင်ဘတ်ကိုပစ်ခဲ့တာ၊ ပွဲချင်းပြီးသေတာပဲ"

PDF အဖွဲ့ပေါင်း ၄၀ ကျော် ပေါင်းကခဲ့တဲ့ တပေါင်းလ စစ်ဆင်ရေး (ရုပ်/သံ)

ပေါင်းစည်းခြင်းရဲ့ အင်အားနဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းသွားဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တဲ့ ဒီ စစ်ဆင်ရေးကို စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တနင်္သာရီ၊ ဧရာဝတီ၊ မွန်ပြည်နယ် စတဲ့ဒေသတွေက မြေပြင်တော်လှန်ရေး အဖွဲ့တွေအပါအဝင် မြို့ပြပြောက်ကျားအဖွဲ့၊ ဝေဟင်ဒရုန်းအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်

စစ်ကိုင်းတံတားအောက် ဧရာဝတီမြစ်ထဲ ရေဆင်းကူးတဲ့ အမျိုးသား ၁ ဦး ရေနစ်သေဆုံး

"စစ်ကိုင်းမှာဒီလိုပါဘဲ မီးကမလာ ရာသီဥတုကပူတာဆိုတော့ မြစ်ဆိပ်တွေမှာ ရေဆင်းကူးနေကြပါဘဲ။ ခုလည်း အဖော်တွေနဲ့ ရေဆင်းကူးချိန်ဖြစ်သွားတာ။ လူတဦး ရေနစ်တယ်ဆိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေ ဝိုင်းရှာကြတာ၊ နေ့လည် ၁ နာရီလောက်မှာ သူတို့ရေဆင်းကူးတဲ့နေရာနားလောက်ကဘဲ အလောင်းကို ပြန်ဆယ်ရခဲ့တယ်"

စခန်းစီးနင်းမီးရှို့ခံရပြီးနောက် ရေစကြိုတောင်ပိုင်း PDF စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေ

"လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲက စားနပ်ရိက္ခာအတွက် အရေးတကြီး လိုအပ်နေတာပေါ့။ အစားအသောက်အတွက်က အမြဲလည်း ခြိုးခြံချွေတာပါတယ်။ ပြည်သူတွေ အဆင်မပြေဖြစ်နေတာလည်း သိပါတယ်။ အတော်ကိုစားဖို့အတွက်ခက်ခဲနေလို့ပါ။ NUGတို့ MODတို့ဆီကလည်း ဘာထောက်ပံ့တာမှမရပါဘူး”

ညမထွက်ရချိန်အမီ အမြန်မောင်းရာက ယာဥ်တိုက်မှုဖြစ်ပြီး ၂ ဦးသေဆုံး

"ကားပေါ်မှာက သရက်သီးအိတ်တွေနဲ့ ခရီးသည် ၇ ဦးပါတယ်။ ရွှေဘိုကို ၆ နာရီအဝင်မောင်းပြီး ညအိပ်ဖို့အစီအစဥ်နဲ့အမြန်မောင်းလာရင်း အရှိန်မထိန်းနိုင်ဘဲနဲ့ လှတောတောင်ဘက်ကွေ့နားမှာ မျက်နှာချင်းဆိုင်လာတဲ့ ဖွဲကားကို တိုက်မိပြီး ခရီးသည်အမျိုးသား၂ ဦးသေသွားတာ"

ဟုမ္မလင်းတိုက်ပွဲမှာ စစ်ကောင်စီအထိနာပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

“ယာယီပွိုင့်ကုန်းထိုးတဲ့နေရာတွေကို တပြိုင်ထဲတိုက်တာဗျ၊ သူတို့ဘက်က ၂ ယောက်ကျပြီးတော့ အလောင်းပြန်ကောက်တဲ့အချိန်မှာ နောက်တကြိမ် ထပ်ဖြစ်တယ်။ ကျတော်တို့သိထားတာ ၇ ယောက် ကျတယ်။ ၁ ယောက်ကတော့ အလောင်းလာမကောက်သေးဘူး။ မြစ်ဘယ်ဘက်ခြမ်းက တိုက်ပွဲအခြေနေကတော့ သေချာမသိရသေးဘူး။ လောလောဆယ်ဆယ်တော့ စစ်ဆိုင်ထားတုန်းပဲ။"

မီးဘေးသင့်ပြည်သူ ၇၀၀ ကျော်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မုန့်လက်ဆောင်းတိုက်ကျွေး

“မီးရှို့ခံလိုက်ရတဲ့ ကျေးရွာတွေမှာက ဘာသစ်ရိပ်ဝါးရိပ်မှ မရှိဘူး အရမ်းပူတယ်။ အညာဒေသ အပူချိန်က ၄၅ အထိ ဖြစ်နေတော့ အိမ်နဲ့နေတဲ့သူတွေတောင်မှ မနေနိုင်တဲ့အပူချိန်ဆိုတော့ ဒီလိုမျိုး သစ်ရိပ်၊ ဝါးရိပ်မရှိဘဲနဲ့ ပြန်လည်ထူထောင်ပေးထားတဲ့ တဲတွေနဲ့နေရတဲ့ သူတို့လေးတွေရဲ့အပူကို ကိုယ်ချင်းစာတဲ့အနေနဲ့ တတ်နိုင်သလောက် သွားရောက် တိုက်ကျွေးခဲ့တာပါ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10