အင်းတော်မှာ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄၀ ဦးဝန်းကျင်သေဆုံးနိုင်
“ထီးချိုင့်လိုပဲ မီးပတ်ရှို့မယ်ကြားထားလို့ ပြည်သူတွေကိုကြိုရှောင်ခိုင်းထားတယ်။ အတတ်နိုင်ဆုံး ကျနော်တို့ကရွာနားမှာ မဖြစ်ဘူး၊ ရွာထဲမှာမဖြစ်ဘူး၊ သူတို့က တိုက်ပွဲမဖြစ်ဘဲမီးစရှို့တော့ မထူးတော့ဘူးဆိုပြီး ရွာထဲဝင်ပစ်တာ။ တိုက်ပွဲပထမဆုံးစဖြစ်တာ အင်အား၇၀ နဲ့၊ နှစ်ရက်အတွင်း အဲ့ ၇၀ က ၃၀လောက်ပဲကျန်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ ကျနော်တို့က မှန်ဘီလူးနဲ့ကြည့်နေတာပေါ့။ သူတို့က လယ်ကွင်းထဲကနေ သေတဲ့ဟာတွေကို ဂျုံးဂျုံးဂျရွာထဲကိုထမ်းသယ်နေကြတာ”