သတင်းတို

ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ဦး သေနတ်ထိမှန်

" အဲ့ဒီပစ်ခတ်မှုကြောင့် ငဖဲမြို့နယ် ကုန်းသာရွာက စျေးလာဝယ်တဲ့ ပြည်သူ အမျိုးသား ၂ဦးနဲ့ ပဒါန်းက အမျိုးသမီး ၁ဦး စုစုပေါင်း ၃ဦးမှာ အမျိုးသား ၂ဦးက ခြေသလုံး ကျည်ထိတယ် အမျိုးသမီးကတော့ ခြေဖနောင့်ထိပြီး မင်းဘူးဆေးရုံကို လွှဲလိုက်ပြီး ဆေးဝါးကုသနေရတယ်၊ ပဒါန်းမှာ ရှိမရှိမသိရဘူး "

သေဆုံးသွားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်ကိုပါ စစ်ကောင်စီ ချိတ်ပိတ်

" သူ့မိသားစုက လက်ရှိအိမ်ငှားပြီး နေနေရတယ် သားလေးရယ် သမီးလေးရယ် အမျိုးသမီးရယ်ပေါ့၊ သူတို့က အရမ်းကြောက်နေကြတယ်"

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ ရေစကြိုက ကံပွင့်ပလက်စတစ်စက်ရုံ ဖောက်ခွဲ မီးရှို့ခံရ

" PDF က Light Truck ကားနဲ့လာပြီး အလုပ်သမားတွေအကုန်ထွက်ခိုင်းပြီး စက်ရုံဖောက်ခွဲပြီး မီးနဲ့ ရှို့ပစ်လိုက်တာ ၊ကံပွင့်ပိုင်ရှင်က ရှင်မတောင်ဆရာတော်၊ ပျူစောထီးအဖွဲ့ စစ်တပ် နဲ့ ဦးစိုးမောင်တို့ကိုအဓိကပံ့ပိုးသူဖြစ်နေတာ၊ တမြို့လုံးလည်းသိပါတယ်၊တနိုင်ငံလုံးလည်းသိတယ်၊ စစ်တပ်ဆိုရင် ကံပွင့်ပိုင်ရှင်က ခါးပိုက်ဆောင်လိုထားတာ"

ကျောက်ထု အမြောက်တပ်မှာ ပဌာန်းရွတ်ပြီး PDF ရန်ကို ကာကွယ်နေ

" သူတို့ နေ့ရောညရော ပဌာန်းတွေရွတ်တယ်၊ တူးထားတဲ့ ကျင်းတွေထဲမှာ အမြဲတမ်းကင်းစောင့်တယ်၊ ပတ်ပတ်လည်မှာလည်း ကျင်းတွေတူးထားတာရှိတယ် ၊ ကျင်းတွေထဲမှာ အချိန်ပြည့်ကင်းစောင့်ပြီးတော့ PDF ကလာတိုက်မယ်ဆိုတဲ့ သတင်းမှားရပြီး သူတို့ဘက်က အမြဲတမ်း အဆင်သင့်ဆိုတဲ့ ပုံစံမျိုး"

ပြည်မြို့ တွင် လမ်းလျှောက်သင်္ကြန်နှင့်ဖျော်ဖြေရေးမဏ္ဍပ်များပါကျင်းပရန် စစ်ကောင်စီပြင်ဆင်

" နာမည်ကြီးမဏ္ဍပ်တခုကတော့ ညဈေးတန်းမှာ ဆောက်ဖို့ ပြင်ဆင်နေတယ်။ လူကြီးသားသမီးတွေ၊ စစ်ထောက်ခံတဲ့သူတွေ လူမိုက်တွေ စီးပွားလုပ်ငန်းရှင်တွေရဲ့သားသမီးတချို့လည်းပါဝင်တဲ့အဖွဲ့ပေါ့။ ဗဟိုမဏ္ဍပ်ကတော့ စာတိုက်တန်းလမ်းကိုပိတ်ပြီး ဆောက်မယ်။"

မြောင်မှာ စစ်အုပ်စု ကား ၁ စီး မိုင်းဆွဲခံရလို့ စစ်သား ၂ ဦးသေဆုံး

“ ကျနော်တို့မိုင်းဆွဲတိုက်ခိုက်လိုက်တာပါ၊ မြောင်မြို့တောင်ဘက်အထွက် ဆီဆိုင် ၂ ဆိုင်ကြားထဲမှာ မိုင်းခွဲတိုက်ခိုက်လိုက်တာပါ၊ သူတို့က မြောင်ကနေ တောင်ဘက်ထွက်အလာ ညနေ ၄ နာရီလောက်မှာ ကျနော်တို့ တိုက်ခိုက်လိုက်တာပါ၊”

ရဲစခန်းအတွင်း တပ်မတော်နေ့ကျင်းပဖို့ တန်းစီနေတဲ့ စစ်အုပ်စုကို CDF ဝင်တိုက်လို့ ၂ ဦး သေဆုံး

“ ကျနော်တို့မြို့ထဲမှာတိုက်ပွဲ ၂ နာရီ နီးပါးဖြစ်တယ်၊ နေ့ခင်း ၁၂ နာရီလောက်ကစဖြစ်တာ၊ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်းပြန်ပစ်တယ်၊ မြို့ရဲ့အနောက်ဘက် ရဲစခန်းမှာပဲတိုက်ပွဲဖြစ်တာ၊ သူတို့ဘက်က‌ ၂ ယောက်ကတော့သေတာအတိအကျဖြစ်မယ်၊ “

စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ၉ နှစ်အရွယ်ကလေးငယ်အပါအဝင် သားအဖနှစ်ဦးသေဆုံး

"၂၅၈ တပ်က မနေ့ညကလက်နက်ကြီးနဲ့ရမ်းသမ်းပစ်တာ၊ ကူတုပ်ရွာကအိမ်ပေါ်ကို လက်နက်ကြီးကျည်ကျပြီး ကိုမန်းကျော် အသက် ၅၀ ဖိုးသင်္ကြန် ၉ နှစ် သားအဖ ၂ ယောက်စလုံးပွဲချင်းသေတယ်။ မိန်းမ မညိုက ကိုယ်ဝန် ၄ လနဲ့ စိုးရိမ်ဒဏ်ရာရပြီး ရေစကြိုဆေးရုံမှာတင်ထားရတယ်။ ည ၁၁ နာရီဝန်းကျင်က လှမ်းပစ်တာ"

ကလေးမြို့မှာ CDM ကျောင်းဆရာမ တဦးကို စစ်ကောင်စီဖမ်းဆီး

"မနေ့ကညနေ ၅ နာရီလောက်က ဖမ်းသွားတာ၊ သတင်းပေး အတိအကျရှိလို့ ဖြစ်မယ်၊ အင်အားက ကား ၄ စီးနဲ့လာတာ၊ အမျိုးသမီးတွေရောပါတယ်"

လေးကေ့ကော်မှာ တိုက်ပွဲဖြစ်လို့ စစ်ဘေးရှောင်တွေ ထပ်ပြီးစစ်ရှောင်နေရ

"ညနေပိုင်းမှာ တိုက်ပွဲပြင်းထန်လာပြီး စစ်ရှောင်တွေ ထိုင်းဘက်ခြမ်းစရွှေ့ပါတယ်။ ခဏပြန်ငြိမ်တော့ ထိုင်းဘက်က ပြန်ရွှေ့ပေးဖို့လာပြောတယ်၊ ပြန်ဖြစ်မှသာ ကူးလာပေါ့။ ဒီနေ့နေ့လည်လည်း တိုက်ပွဲတွေထပ်ဖြစ်နေပါတယ်၊ စစ်ရှောင်စခန်းအနီးနားမှာပါပဲ"

မုန်တိုင်းမိုးရွာသွန်းမှုကြောင့် သာယာဝတီခရိုင်ရှိ ပဲစိုက်တောင်သူတဦးလျှင် သိန်းနှင့်ချီဆုံးရှုံး

"ကျတော်ဆို နှုတ်ပြီးသား တဝက်လောက်ပဲ မိုးကာအုပ်နိုင်တယ် ဧကနှစ်ဆယ်လောက်ကျန်နေသေးတယ်။ ဆုံးရှုံးမှုက သိန်းတရာဝန်းကျင်ဆုံးရှုံးသွားတယ်။ မနှုတ်သေးဘဲ အပင်မှာတင်ရင့်မှည့်နေတဲ့ပဲတွေကြတော့ ရေစိုပြီးနေပြန်ပူတာနဲ့ ပဲတွေက အကုန်ကွဲပြီး ဘာမှမကျန်တော့ဘူး။ အထွက်နှုန်းကောင်းဈေးလည်းကောင်းနေခါမှ ဖြစ်သွားတာ"

အာဏာသိမ်းကာလအတွင်း စစ်ရှောင်ဦးရေ ၇ သိန်းကျော်ထိ ရှိလာ

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့အထိ နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၇၅၂,၅၈၉ ဦးကျော် ရှိလာပြီလို့ Institute for Strategy and Policy- Myanmar က မတ်လ ၂၃ ရက် မနေ့ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြည်-အောင်လံ လမ်းမဘေးက နေအိမ်တွေကို ဖယ်ရှားခိုင်း

"ဖျက်ပေးနေကြရတာ နှစ်ရက်သုံးရက်ရှိပြီ၊ ပြည်နဲ့ အောင်လံကြား လမ်းမဘေးက အိမ်တွေအကုန်ပါတယ်။ ဒီနေရာတွေမှာဘဲနေ လာခဲ့တာဟိုးအရင်က တည်းကကြာနေပြီ။ ခုမှဆောက်ပြီးနေတာမဟုတ်ဘူး။ လမ်းနဲ့မလွတ်လို့ ဖယ်ခိုင်းတာတဲ့။ စစ်တပ်ထောက်ခံသူတွေရဲ့ နေအိမ်တွေလဲပါတယ်"

စစ်ကောင်စီက မကွေးတိုင်းမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ထုတ်ပြန်

မကွေးတိုင်းက မြို့နယ်တွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄အရ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ပြီး ဒီနေ့ ညဦးပိုင်းမှာ စစ်ကောင်စီ လိုက်ကြေညာခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

ထောင်တွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်ဆေးပေးဖို့ တော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ပေါင်းပြီး ICRC ကို တောင်းဆို

“ ဖမ်းဆီးခံရတဲ့ပြည်သူတွေကို သူတို့က အကြမ်းဖက်နှိပ်စက်တယ်၊ သတ်ဖြတ်တယ်၊ အစာရေစာလည်း ဝအောင်မကျွေးဘူး၊ ဒါမျိုးတွေလည်း ကြုံရတယ်၊ နောက်တခုက အမျိုးသမီးတွေ၊ LGBT တွေဆိုရင် သူတို့ကလိင်ပိုင်းဆိုင်ရာကို ပိုပြီးအကြမ်းဖက်တယ်၊ ခုနောက်ပိုင်းဆို ယောင်္ကျားလေးတွေကိုလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်လာတယ်၊ ဒါက အပြင်မှာတင်မဟုတ်ပဲ ထောင်ထဲမှာတောင် အကြမ်းဖက်နှိပ်စက်တာတွေဖြစ်တဲ့အတွက် ကျနော်တို့က ICRC ကို စစ်ဆေးပေးဖို့ တောင်းဆိုရခြင်းဖြစ်တယ်၊ “

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10