သတင်းတို

ခင်ဦးမှာ ရွာ ၃ ရွာပေါင်းပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပညာပေးဟောပြောပွဲပြုလုပ်

"လူတိုင်း ရသင့်ရထိုက်တဲ့ မွေးရာပါ လူ့အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့အတူ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးစတဲ့ အမျိုးသမီးရေးရာ ရသင့်ရထိုက်တဲ့ တန်းတူညီမျှသော အခွင့်အရေးပိုင်းဆိုင်ရာတွေကို အကျယ်တဝင့် ရှင်းလင်းပြောဆို ဟောပြောခဲ့ကြတယ်”

စစ်ရှောင်စခန်းက ၁ လသားအရွယ် အမွှာမောင်နှမ နို့ ၁ ဗူးကို မျှစို့နေရတဲ့အထိ ကျပ်တည်းနေ

"မိဘတွေက နဂိုကတည်းက လက်လုပ်လက်စားတွေပါ။ ဆင်းရဲချို့တဲ့ ကြတယ်။ ဒီအထဲ သူတို့ရဲ့ နေအိမ်ကလည်း မီးရှို့ခံရတဲ့အထဲ ပါသွားတယ်။ ဒါကြောင့်မို့ စစ်ရှောင်စခန်းတခုမှာ လာပြီးခိုလှုံနေကြရင်း ဒီအမွှာလေးတွေကို မွေးဖွားခဲ့ကြတာ။ မိခင်က နို့မအောင်(မရ)တော့ နို့ဘူး ဝယ်တိုက်နေရတာ။ ပိုက်ဆံကမရှိတော့ ချေးငှားပြီးတော့ နို့ဘူးတလုံးနဲ့ ၂ ယောက်ကို မျှတိုက်နေရတယ်"

စစ်ကိုင်းတိုင်းက မြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိနိုင်

“အင်အားက အယောက် ၂၅ ယောက်ရှိတာ။ သူတို့က ကျောင်းဝန်းထဲမှာ ထမင်းစားနေကြတာ။ ထမင်းစားပြီးတဲ့ **၅ ကောင်က ပန်းကန်ဆေးဖို့ ၇ တန်းကျောင်းဆောင်ဘက်ကို ထွက်လာချိန် လျက်ဆားပုလင်း(ဗုံး)နဲ့ ပစ်ခတ်ခဲ့တာ။ **တွေရဲ့အနီးနားကို ကျတယ်။ ၂ ကောင်ကျတယ်။ ၃ ကောင် ဒဏ်ရာ အပြင်းအထန်ရတယ်”

SNA ကျင်းပတဲ့‌ ဘောလုံးပွဲမှာ ပစ်ခတ်မှုဖြစ်ပြီး ဘောလုံးပွဲအားပေးတဲ့ ဒေသခံ ၁ ဦး ကျည်ထိမှန်လို့ အူဖြတ်လိုက်ရ

“အဲ့မှာ SNA က လက်နက်တွေနဲ့ လုံခြုံရေးယူတယ်။ ဘောလုံးပွဲအားပေးရင်း အော်ကြဆဲကြပေါ့။ အဲ့ဒါကို အော်ပြီးအားပေးလို့ဆိုပြီး SNA က အရာရှိ စိုးလပြည့်က သူ့တပည့်ကျော် မွေးနီကို သေနတ်နဲ့ပစ်ခိုင်းတာ။ အဲ့ဒီမှာ ရွာသားတယောက် သေနတ်မှန်တာ။ ထိတော့ အပြင်ကိုထမ်းပြီး သယ်ထုတ်သွားတယ်။ ပွဲပျက်မခံဘူးလေ”

PDF စခန်းကို စီးနင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံးဟုဆို

"စခန်းမှာက ရဲဘော်တွေ မနေတာ တော်တော်ကြာပြီဗျ။ အဲဒါကို စကစတွေက ဘယ်လိုသိသွားပြီးတော့ ဝင်စီးလာတာလဲ မသိဘူး။ ကျနော်တို့က စစ်ကြောင်းထိုးလာတာကို သတင်းရလို့ စခန်းဟောင်းအနီးနားတွေမှာ မိုင်းတွေထောင်ပြီးတော့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ။ သေဆုံး၊ ဒဏ်ရာရသွားတာကို မျက်မြင်တွေ့ခဲ့တာ။ သူတို့ကို အရာတော်မြို့ထဲကို ပြန်သယ်သွားကြတယ်"

စစ်အုပ်စုရဲ့ ဖမ်းဆီးသတ်ဖြတ်ခံ ပြည်သူတွေနဲ့ ကျဆုံးရဲဘော်တွေအတွက် NUG က ငွေကြေးထောက်ပံ့

“NUG က ထောက်ပံ့ဖို့ပေးတာကြောင့် သွားထောက်ပံ့ပေးတာ။ ကျဆုံး ၁ ဦးကို ၁ သိန်းနှုန်းထောက်ပံပေးပြီး ဒဏ်ရာရသူ ၁ ဦး ကို ၅ သောင်းနှုန်းထောက်ပံ့ပေးခဲ့တယ်”

ပြည်ခရိုင်အတွင်း မတ်ပဲခင်းများ အပင်ဝါ(မိုဇိတ်)အဖြစ်များပြီး အထွက်နှုန်းလျော့ကျ

"လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ဖြစ်နေတာ၊ မှိုသတ်ဆေးဖြန်းတာလည်း မရဘူး။ အပင်တပင်စ နှစ်ပင်စကနေ ဖြစ်တယ်။ တရက်ပြီးတရက် ပိုများလာတယ်။ အဲ့အပင်တွေကိုနှုတ်ပစ်တာမျိုး မီးရှို့တာမျိုးတော့ လုပ်တယ်။ တခင်းလုံးကနေ နောက်ပဲခင်းတွေ ကူးတော့ တာပဲ။ တကျိုးမှ နှစ်တင်းသုံးတင်းလောက်ပဲ ရတယ်။ တဧက ဆယ်တင်းလောက်မှ မထွက် ရင် အထွက်နှုန်းကျတော့ တောင်သူက ရှုံးတာပဲ"

ဘုန်းကြီးကျောင်းကို ရေလာလှူတဲ့ကား မှောက်လို့ ၁ ဦးသေဆုံး

"အခုလို လုပ်တာက ရဲဘော်တွေကို ခဏတာ ပျော်ရွင်စေဖို့ အတွက်ပါ။ ကျနော် မကတတ်ပေမဲ့လည်း စိတ်ညစ်တဲ့အခါမျိုးတွေမှာ ဒီလိုကြံကြံဖန်ဖန် ပျော်အောင်နေရတယ်”

ခင်ဦးမှာ ပျူတွေ ဆက်တိုက်စစ်ကြောင်းထိုးနေပြီး အသက် ၉၀ အရွယ် အဖွားတဦးလည်း စစ်ရှောင်ရင်းသေဆုံး

“ကလုံရွာက အခုမှ ပထမအကြိမ် မီးရှို့ခံရတာပါ။ ရွာသားတွေကလည်း ရွာထဲမဝင်ရသေးတော့ အိမ်ခြေဘယ်လောက် မီးထဲပါသွားလဲ မသိရသေးပါဘူး”

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (ACDF) တွေကို လက်နက်အပြည့်အစုံ တပ်ပေးနိုင်ဖို့ ကြိုးစားနေ

"သင်တန်းကာလက သုံးလကြာတယ်။ အခက်အခဲတွေ အများကြီးရှိတဲ့ကြားကနေ ကိုယ်ပိုင်ရပ်တည်ဖို့ အတော်ကြိုးစားခဲ့ရတယ်။ တပ်ဖွဲ့ဝင်တွေကိုလည်း လက်နက်အပြည့်အစုံ တပ်ဆင်နိုင်အောင် ကြိုးစားနေပါတယ်။ ကျနော်တို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF)အနေနဲ့ အရှိုချင်းလူမျိုးတွေရှိတဲ့ နေရာတွေမှာ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်သွားမှာပါ"

ရှေ့တန်းထွက်ဖို့ ကားမရှိလို့ နွားလှည်းနဲ့ လက်နက်ကြီးသယ်နေရ

“ကျတော်တို့မှာက ဆိုင်ကယ် ၃ စီးပဲ ရှိတယ်။ တစီးက လတ်တလော အင်ဂျင်ခွဲရမှာ။ တစီးကကျတော့လည်း တမိုင်တောင် မရောက်သေးဘူး ထိုးထိုးရပ်သွားတာ။ အရင်က ဆိုင်ကယ်နဲ့ သွားတယ်။ ခုက လုံးဝမှ ဆိုင်ကယ် အဆင်မပြေတဲ့ အချိန်မို့ဗျ။ လူနဲ့ထမ်းဖို့ကျလည်း ကြာကြာမထမ်းနိုင်တော့ နွားလှည်းနဲ့ပဲ သွားလိုက်တာ။ ရေရှည်သုံးဖို့တော့ မပြေဘူး။”

အင်းတော်စစ်ကောင်စီတပ်က ခရီးသွားတွေဆီက ဆိုင်ကယ် ၃ စီးနဲ့ ဖုန်း ၈ လုံးကို အဓမ္မသိမ်းယူ

"စကစတွေက ဖုန်းတွေကို သံသယရှိလို့ စစ်ဆေးစရာရှိတယ်ဆိုပြီး သိမ်းသွားတာ။ ဖုန်းတွေကို ပြန်မအပ်ဘဲ ဒီအတိုင်းပြန်ခိုင်းလို့ ပြန်ခဲ့ရတယ်။ ဆိုင်ကယ် ၃ စီးကိုကျတော့ လိုင်စင်မရှိလို့ဆိုပြီး အင်းတော်မြို့ကို သုံးဘီးတစီးနဲ့ တင်သွားတယ်။ လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ စကစတွေက လမ်းသွားခရီးသည်တွေကို စစ်ဆေးနေတာ ၇ ရက်လောက် ရှိပြီ။ ဆန်တွေ၊ စားစရာပစ္စည်းတွေ ပါရင်လည်း တောင်းယူကြတယ်"

ဘုတလင်မှာ ၂ ရက်အတွင်း ပြည်သူ ၅ ဦး မိုင်းထိ

"မြို့အနီးက တောတိုက်တွေနဲ့ ပြည်သူတွေ သွားလာတဲ့လှည်းလမ်းတွေ၊ တောတိုက်တွေက ခြေလျင်လမ်းတွေမှာ နင်းမိုင်းတွေ ထောင်ထားတာပါ။ အလုံးရေက ရာဂဏန်းတော့ ရှိမယ်မှန်းတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွဲမယ်ဆိုတဲ့ သတင်းထွက်ပြီးကတည်းက နင်းမိုင်းတွေ စထောင်တာ"

ရဲဘော်တွေလွတ်မြောက်ဖို့ စစ်ကောင်စီတပ်ကို ခံပစ်ရင်း အသက် ၂၀ အရွယ် PDF ၁ ဦးကျဆုံး

“မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျနော်တို့အဖွဲ့တွေ စစ်ကူသွားတဲ့အချိန် ရန်သူ့တပ်တွေရဲ့ချောင်းပစ်တာ ခံလိုက်ရတယ်။ ကျန်တဲ့ရဲဘော်တွေ အကုန်လုံးလည်း ပိတ်မိနေတာ။ ၁ နာရီနီးပါး စစ်ကောင်စီတပ်တွေ ပစ်တာခံခဲ့ရတာ။ အဲဒီရဲဘော်က ကျန်တဲ့ရဲဘော်တွေအတွက် ခံပစ်ရင်းနဲ့ ကျဆုံးသွားတာ”

PDF ထိန်းချုပ်ရပ်ကွက်ကို နယ်ကျွံလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၄ ဦး သေဆုံးဟုဆို

“ရုံးပေါင်းစုံနဲ့ ဆေးရုံမှာ တပ်စွဲထားတဲ့ကောင်တွေ စစ်ကြောင်း ၃ ကြောင်းခွဲပြီးတော့ ဝင်လာတာ။ ရေစကြို မြို့ အမှတ် ၁ ထင်းတန်းရပ်ကွက်က ကျနော်တို့အပိုင်စိုးမိုးထားတဲ့နယ်မြေ။ အဲ့ဒီစစ်ကြောင်း ၃ ခုထဲက အင်အား ၂၅ လောက်က နယ်ကျွံလာတဲ့အချိန် အသင့်ထောင်ထားတဲ့ မိုင်းကွင်းထဲ ကင်းသမားက ခွဲခဲ့တာ။ ၄ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10