သတင်းတို

တိုက်ပွဲဖြစ်ပွားရာ ပဲခူးရိုးမနေရာများတွင်သွားလာခြင်းမပြုရန် ဘုရင့်နောင်တပ်ရင်းက ပြင်းထန်စွာတားမြစ်

"စကစ အင်အားတွေကတော့ တောင်ခြေရွာတွေမှာရှိနေတယ်။ အင်အားအလုံးအရင်းနဲ့ ဖြတ်တောက်ပိတ်ဆို့ဆိုတဲ့အနေအထားနဲ့ တပ်ဆွဲထားပြီးတော့ သတင်းထောက်လှမ်းနေတာတွေရှိတယ် အဲမှာကျတော်တို့ ၈ ရက်နေ့ နောက်ဆုံးထားချေမှုန်းသုတ်သင်မယ်လို့ထုတ်ထားတဲ့စာအရ သူတို့ဘက်ကလည်း ရွာတွေမှာ လိုက်ပြီးသတိပေးကြေညာထားတယ် တောမတက်ကြဖို့ တောင်ပေါ်ကလူတွေလည်း အောက်မဆင်းကြဖို့ ဒါမျိုးတွေကြေညာထားတော့ သူတို့ခွေးဇာတ်ခင်းမယ်ဆိုတာ သိထားတော့ ရွာသူရွာသားတွေက ထွက်မှာမဟုတ်ဘူး အဲတော့သေချာတယ် လမ်းပေါ်ရှိတဲ့ကောင်တွေက ဒီကောင်တွေပဲအဲလိုမှတ်ယူတယ်"

စစ်ကောင်စီတပ်စွဲမယ့်နေရာမှာ CDF ကန်ပက်လက်က ကြိုတင်နေရာယူတိုက်ခဲ့လို့ ဗိုလ်ကြီးတဦးအပါ ၆ဦးသေဆုံး

" စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မနက်မှာရောက်လာပြီးမှ ကင်းပုန်းတွေချပြီးနေရာယူထားကြတယ်၊သူတို့နေရာယူထားတဲ့နေရာကို ကျနော်တို့လည်း ကြိုပြီးနေရာယူထားတဲ့နေရာကနေပစ်ခတ်တာလုပ်ပါတယ်၊စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် ၆ ဦးသေဆုံးပါတယ်"

အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်မယ်လို့ သတင်းထွက်ပြီး ပြည်မြို့မှာ အရင်ရက်တွေထက် လုံခြုံရေး ပိုတင်းကြပ်ထား

"စက်ဘီးသမားပါ မချန် အကုန်စစ်တာ ခါးတွေပါတွေ စမ်းတာ၊ စျေးရောင်းချိန်ဆိုတော့ အသွားအလာတွေ ကြန့်ကြာတာပေါ့"

စက်သုံးဆီဈေး မကြုံဖူးအောင် အမြင့်ဆုံးသို့ရောက်ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အခက်ကြုံနေ

"ဈေးနှုန်းကတော့ မကြုံဖူးအောင်ကို တက်လာတယ်ဆိုရမယ် တက်တာကတော့ နိုဝင်ဘာလလောက်ကတည်းက စက်သုံးဆီဈေးနှုန်းနဲ့ ဒေါ်လာဈေးနှုန်းကတက်နေတာ ဒေါ်လာဈေးနှုန်းတက်ခြင်းကျခြင်းနဲ့ စက်သုံးဆီဈေးနှုန်း တက်ခြင်းကျခြင်းက သက်ဆိုင်တယ်။ အရင်က တလီတာထည့်တဲ့သူက တလီတာထည့်ဖို့တောင် ခဲယဉ်းသွားပြီ အများအားဖြင့် တိုက်ရိုက်တန်းထိတာက ကုန်ကား ခရီးသယ်တင်ကားကြီးတွေနဲ့ ရန်ကုန်မှာဆို Taxi နှင့် ဆိုင်ကယ်ကယ်ရီသမား တွေပဲ အဲအကျိုးဆက်ကတော့ ခရီးသွားလာသူတွေနဲ့ ကုန်စည်စီးဆင်းမှုတွေမှာ အကျပ်ရိုက်လာလိမ့်မယ်"

ပြည်မှာ အိမ်ထောင်စုဇယားနဲ့ ယာယီနေထိုင်ခွင့်ကဒ်တွေပြုလုပ်ခိုင်းပြီး ငွေကြေးကောက်ခံနေ

"အိမ်ထောင်စုဇယားနဲ့ပါတ်သက်တာတွေ လာဘ်ပေးလာဘ်ယူ မှုတွေရှိတယ်ဆိုတာကြားတယ်။ အိမ်ထောင်စုဇယားလုပ်ရတဲ့အကြောင်း သိရသလောက်ကတော့ စစ်ကောင်စီက သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းတွေပြုလုပ်လို့ရအောင် အိမ်ထောင်စု၊ လူဦးရေ အခြေခံမဲစာရင်းအတွက် လုပ်တယ်လို့တော့ သိရတယ်။"

ယင်းမာပင်မှာ စစ်တပ်က ဒေသခံ ၈ ဦးကိုသတ်ပြီး၊ ၃ ဦးကို ဖမ်းဆီးသွာ

"၂၆ ရက်နေ့မှာ သူတို့ကလေယာဥ်နဲ့ပစ်တယ်၊ မပြေးနိုင်တဲ့သူတွေ ခြေထောက်ထိတဲ့သူတွေကျတော့ သူတို့ကဖမ်းပြီး ညှင်းပန်းနှိပ်စက်တယ်၊ ခေါင်းတည့်ပြီးပစ်သတ်တဲ့ လူလည်းရှိတယ်၊ ရင်ဘက်တွေလည်းပစ်ဖောက်တယ်၊ ခုကျနော်တို့စစ်တပ်ကပစ်သတ်သွားတဲ့အလောင်း ၈ လောင်းတွေ့ရပါတယ်ဗျ၊ ၈ လောင်းမှာ အမျိုးသမီး ၁ လောင်း အမျိုးသား ၇ လောင်းပါ"

စစ်ကောင်စီတပ်က စာသင်နေသော ကလေး ၉၀ နှင့် ဆရာ၊ဆရာမ ၁၀ ဦး၊ PDF ၂၀ ကျော်ကို ဖမ်းဆီးထား

"လေယာဉ်ကရွာအနောက်မြောက်ထဲမှာ ၁ စီး မြောက်ပိုင်းကနေ ၁ စီး စစ်သားတွေကိုခွဲချတာ၊အဲဒီကြားထဲမှာ ညှပ်ပူးညှပ်ပိတ် မိသွားကြတာ၊ လေယာဉ်တွေနဲ့ ‌ဗုံးတွေပစ်ကျဲလိုက်တော့ ကလေးတွေကကြောက်အားကြီးပြီး ဆရာမတွေကလည်း ၁၀ ယောက်လောက် ဘုန်းကြီးကျောင်းထဲမှာကလေးတွေကို စာသင်နေတာ၊ ကလေးတွေအန္တရာယ်ရှိတယ်ဆိုပြီး ဆရာမတွေက ဘုန်းကြီးကျောင်းအောက်ကမြေအောက်ခန်းထဲကိုပိတ်သွင်းလိုက်တာ၊အနောက်ဘက်ကစာသင်ကျောင်းထဲကနေ စစ်တပ်ကဝင်တာဆိုတော့ အကုန်ပိတ်မိပြီးဖမ်းဆီးခံလိုက်ရတာ၊မနေ့ညနေတုန်းကတော့ဘုန်းကြီးက ကလေးတွေဘာမှမလုပ်ဖို့ အသံချဲ့စက်နဲ့အော်သေးတယ်၊ ရွာထဲကနေထွက်ပြေးတဲ့ရွာသူရွာသားတွေကို စစ်တပ်က ကိုယ်အိမ်ထဲကိုယ်ပြန်ဝင်မဝင်ရင်ရွာမီးနဲ့ရှို့မယ်လို့ပြောတယ်၊ ကလေးတွေလည်းအကုန်ဖမ်းထားတာစစ်တပ်က၊"

စစ်ဘေးရှောင်နေရသော ဒီးမော့ဆိုနှင့်နန်းမယ်ခုံ ပြည်သူ ၁ သောင်းကျော် စားစရာနှင့်နေစရာအခက်ခဲဖြစ်နေ

"စစ်ဘေးရှောင်နေရတာကတော့ ခုလက်ရှိစစ်ကောင်စီစစ်တပ်က မြေပြင်ကော ဝေဟင်နဲ့ကော နေ့ကောညကောတိုက်တဲ့အခါကြတော့ ပြည်သူတွေနေလို့မရတော့ပါဘူး၊ အရင်အဲဒီးနားတဝိုက်မှာ ရွာခံတွေလည်းပြေးရတဲ့အပြင် စစ်ဘေးရှောင်တွေပါထပ်ပြေးနေရတာ၊ မနေ့ညက စစ်ဘေးရှောင်လိုက်ကြတာ မိုးလင်းလောက်မှပဲပြီးသွားတယ်၊ခုစစ်ဘေးရှောင်ရတာ သောင်းဂဏန်းလောက်ရှိပါပြီ၊ တချို့စစ်ဘေးရှောင်တွေကြတော့ ဆွေမျိုးအသိုင်းအဝိုင်းလည်းမရှိဘူး၊ ဘယ်နားသွားရမယ်ဆိုတာ သူတို့မသိရှာဘူး၊"

ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း မင်းသွေးသစ် အင်းစိန်ထောင်မှ လွတ်မြောက်၊ ကျန်းမာရေးမကောင်းဟု မိသားစုဝင်ပြော

"လွတ်ပါပြီ သူနဲ့အခုတွေ့နေတာပါ ကျန်းမာရေး သိပ်မကောင်းလာဘူး၊ ခါးနာတာ ၊ အစာအိမ်အူလမ်းကြောင်းပြဿနာနဲ့ မျက်စိပြဿနာတွေ ဖြစ်လာတယ်"

ချောက်မြို့မှာ အသက်မပြည့်သေးသူ ကလေးသူငယ် ၂၀ဦးနီးပါးဖမ်းဆီးခံရပြီးဆေးလိပ်မီးနဲ့ပါတို့ပြီး စစ်ဆေးခံနေရဟုဆို

"ဖမ်းခံရတဲ့အခါမှာ ကလေးတွေကို ပါးတွေရိုက် ကန်ကျောက်ပြီးတော့ ယောင်္ကျားလေးတွေ ဘာတွေဆိုရင် အင်္ကျီတွေ ဘာတွေချွတ်ပြီးဒီတိုင်းကို ပစ်ထားတယ် ၊ နောက်တခုက ဦးဆောင်လှုပ်ရှားသူလို့ ယူဆထားတဲ့ ကလေးရဲ့ အမျိုးသားလိင်အင်္ဂါကို ဆေးလိပ်မီးနဲ့တို့ပြီး လူမဆန်စွာ စစ်ဆေးနေတယ်လို့ သိရပါတယ်"

နတ်တလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေ

"မနေ့ကလည်းတိုက်ပွဲဖြစ်သေးတယ်။ နတ်တလင်း PDF က ကြေညာတယ်။ ဒီနေ့လည်းထပ်ဖြစ်နေပြန်ပြီ အကျိုးအကြောင်းကိုတော့ မသိရသေးဘူး မနေ့ကအထိနာလို့ ဒီနေ့စစ်ခွေးတွေ ပြန်တိုက်တာနေမယ်"

နတ်တလင်းမှာ စစ်ကောင်စီက အသက်မပြည့်သေးတဲ့ မိန်းခလေးနဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးနေ

"ခလေးသူငယ်အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ လူငယ်တွေကြား မလုံခြုံမူတွေဖြစ်နေတယ်။ တိမ်းရှောင်ကြတာတွေ မိဘတွေ စိတ်ပူကြတာတွေ ဖြစ်နေတယ်"

ဒလန် Channel တခုကသတင်းပေးပြီးနောက် ရှစ်တန်းကျောင်းသူမိန်းကလေးအပါ ၂၀ ကျော်ဖမ်းဆီးခံရပြီး နေအိမ် ၅ လုံးချိတ်ပိတ်ခံရ

"မြိုင်မြို့ပေါ်မှာ နေ့စဉ်ရက်ဆက် မတရားသဖြင့်နှိပ်စက်ဖမ်းဆီးနေတယ်။ ၁၂ ရက်နေ့က မြိုင်မြို့ပေါ် ကို နေပြည်တော်က အထူးတပ်ဖွဲ့ကဆိုပြီး စစ်ကောင်စီတပ်သား ၃၀ ခန့်လာတပ်စွဲပြီး ပုံထဲမှာပါတဲ့သူတွေကို အကုန်လိုက်ဖမ်းတာပဲ အာဏာသိမ်းကာစက Gz ဆိုပြီး ဂီတာတွေတီးနေကြတော့ CDM တွေထောက်ပံ့တယ်ဆိုပြီး ကောင်မလေးနှစ်ယောက် ဖမ်းတော့ကြတော့ အိမ်က အသက်မပြည့်သေးတဲ့ ၈ တန်းကျောင်းသူကိုပါ ခေါ်သွားတာ အဲတာ ၁၄ ရက်နေ့ညက နောက်တယောက်ကိုကြတော့ သူ့အကိုပါခေါသွားတာ သူတို့က တက္ကသိုလ်ကျောင်းသူတွေပါ။ တညထဲ ၄ ယောက်ပေါ့"

ပြည်အကျဥ်းထောင် မှ နိုင်ငံရေးအကျဥ်းသားမပါဘဲ ရဲပြေးနှင့်စစ်ပြေးများအပါ ပြစ်ဒဏ်ချခံနေရသူ ၁၃ ဦးလွတ်

"ဒီနေ့လွတ်တာကတော့ ရဲအက်တို့ စစ်စည်းကမ်းတို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သူတွေ အခြားသူတွေလည်းပါတယ်။ နိုင်ငံရေးအကျဉ်းသားကတော့မပါဘူး၊ ဒီရက်ထဲမှာကို အမိန့်ချထားတဲ့ ၅၀၅(က) တွေ ရှိတယ်။ သူတို့ကို ပါလာမယ်ထင်တာ အခုထိတော့ မပါသေးဘူး"

ပြည်ထောင်စုနေ့ကျင်းပဖို့ ပြင်ဆင်နေတဲ့ စဉ့်ကိုင်ထွေအုပ်ရုံး မိုင်းခွဲခံရလို့ ညစာစားပွဲကိုဖျက်သိမ်းလိုက်ရဟုဆို

“ နေ့လည်ဘူဖေးကျွေးပြီး၊ ညကိုအရက်သောက်ကြဖို့ မန္တလေးကမှာထားတဲ့ ဟာတွေကို မလုပ်ရဲတော့လို့ အဆုံးခံလိုက်တယ်၊ ပွဲပျက်ပြီးမလုပ်ဖြစ်တော့ဘူးလို့ သိရတယ်၊ မနက်ကတော့ လူအနည်းငယ်နဲ့လုပ်သွားတယ်၊ “

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10