သတင်းတို

စခန်းစီးနင်းခံရပြီး အမျိုးသမီးရဲဘော် ၂ ဦးအပါ ၄ ဦးနဲ့ ရွာသား ၂ ဦး အသတ်ခံရ

“မနက် ၅ နာရီ PT ဆင်းရမှာမို့ ၄ နာရီခွဲ ကင်းဖြုတ်လာတဲ့အချိန် ဝင်တာ၊ ၅ နာရီထိုးလို့ ခရာလည်းမှုတ်ရော တန်းဝင်စီး‌တာပဲ၊ ၄၀ မမ မှန်တဲ့ ‌ရဲဘော် ၂ ယောက်ကကျန်ခဲ့တယ်၊ မိန်းကလေးတွေက ပုန်းနေတာကနေ တွေ့ပြီးပါသွားတာ၊ အကုန်လုံးကို တခါထဲသတ်ပြီး မီးရှို့ထားခဲ့တယ်၊ PT ပြေးမယ့်အချိန် ဝင်တာဆိုတော့ ဂန်းအစစ်တွေကလွဲရင် ဘာမှမယူလိုက်နိုင်ဘူး”

ဒီပဲယင်းက စစ်ရှောင်မိသားစုတွေ နေထိုင်စားသောက်ရေး ခက်ခဲနေ

"နေထိုင်ရတာက လယ်တဲအဆင့်ပဲရှိမယ်။ ထန်းလက်မိုးထက်လက်ကာနဲ့ နေရတာ။ အချို့ ဝါးကြမ်းခင်းတောင်မရှိဘဲ မြေပြင်မှာအိပ်ကြရတာ။ တခါတလေ လာလှူတဲ့အလှူရှင်ရှိတတ်ပေမယ့် စစ်ရှောင်ကာလ တလျောက်လုံးနီးပါး ပျိုးနှုတ်ကောက်စိုက်နဲ့ ယာခင်းတွေမှာ နေ့စားလုပ်ကြတယ်။ မိုခါမုန်တိုင်းဝင်တော့ စပါးခင်းယာခင်းတွေပျက်ပြီး တောင်သူလည်းအဆင်မပြေတော့ သူတို့လည်း အလုပ်မရှိတော့ဘူးပေါ့"

ပခုက္ကူက ဆန်သယ်ယူတာကို စစ်တပ်ကဖမ်းဆီးသိမ်းနေလို့ ပေါက်ဒေသခံတွေ စားနပ်ရိက္ခာ ခက်ခဲလာ

"ပေါက်နဲ့ ပခုက္ကူကြားက ဘုရားတောင်မှာ စစ်တပ်ဂိတ်စခန်းရှိတယ်။ ပေါက်တောင်ပိုင်းကပစ္စည်းဆိုရင် သယ်တာလက်မခံဘူး။ ဆန်ဝယ်ရင် ငွေကြိုပေးရတော့ သိမ်းခံရရင် ငွေရောဆန်ပါဆုံးတယ်။ တချို့သူတွေကရွာထဲမှာရှိတဲ့ ဆန်ပဲဝယ်စားရတာလည်းရှိတယ် "

တိုက်ပွဲအပြီး ပျောက်ဆုံးခဲ့တဲ့ PDF ၂ ဦးကို ၂ ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့

"တိုက်ပွဲပြီးလို့ ပြန်ဆုတ်တဲ့အခါမှာ ဒီရဲဘော်နှစ်ယောက်က လူစုကွဲပြီးကျန်ခဲ့တာ။ သူတို့က နယ်ခံတွေလည်း မဟုတ်ကြဘူး။ စကစတွေက ရဲဘော်တွေကိုအရှင်ဖမ်းမိပြီးတော့ သတ်သွားတာ။ သူတို့ရဲ့အလောင်း Body မှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေတွေ့ရတယ်"

ရေဘေးသင့်တွေကိုထောက်ပံ့ခဲ့တဲ့ ပြည်သူမှပြည်သူ (photo news)

“ရေဘေးကိုလှူတာကတော့ ပထမဆုံးပါပဲ။ မီးဘေးလှူခဲ့တာတွေတော့ ရှိပါတယ်။ မနေ့က သွားရောက်လှူဒါန်းတဲ့ အချိန်မှာတော့ သွားရေးလာရေးက အဆင်ပြေပါတယ်။ နောက်ထပ်လည်း ကျေးရွာ ၁၄ ရွာကိုလှူဒါန်းဖို့ရှိပါတယ်။ သိန်း ၇၀ ကျော်လောက် ကုန်ကျပါတယ်။ လက်ရှိမှာ ရွာသားတွေကတော့ သူတို့ရဲ့နေအိမ်တွေကို ပြန်လည်သန့်ရှင်းပြီး နေနေကြပါတယ်”

ရေတာရှည်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး နေအိမ်မှာ ပစ်သတ်ခံရ

"သူ့ကိုရှင်းချိန် သူ့မိသားစုဝင်တွေ ရှိနေပေမယ့် ဘာမှ မလုပ်ခဲ့ဘူး။ ထွက်ပြေးလို့ ကျည် ၂ ချက်ပစ်ခဲ့တာ။ အိမ်နောက်ဖေးနားမှာ ဦးခေါင်းကျည်ထိပြီး သေသွားတယ်"

ကလေးတောင်ပိုင်းမှာ စစ်တပ်က အင်အားတိုးချဲ့ပြီး ခြေကုတ်စခန်း ထပ်တိုးဆောက်လုပ်နေ

“တောင်ပိုင်းကိုက စစ်ကြောင်းထိုးဖို့ရှိတယ်၊ သူတို့ မထိန်းချုပ်နိုင်တာကြာပြီလေ ၁နှစ်ကျော်ပြီ၊ အဲ့ဒါကြောင့် စစ်ကြောင်းထိုးချင်နေတာ၊ စိုးမိုးနယ်မြေ တိုးချဲ့ထိန်းချုပ်နိုင်ဖို့အတွက် တဖြည်းဖြည်းခြေကုတ်ယူပြီး ကပ်လာတဲ့သဘော"

ဘတ္ထရီအားသွင်းရာမှ မီးလောင်လို့ နေအိမ် ၁၈ လုံး ဆုံးရှုံး

"ဘတ္ထရီပေါက်ကွဲတော့ အိမ်နံရံကလည်း ကျူထရံကာဆိုတော့ မီးကူးသွားတယ်။ အများစုကတော့ ၁၀ ပေပတ်လည်တဲ အများဆုံးလောင်သွားတာပါ။ မီးဝိုင်းသတ်နေတဲ့အချိန် အရန်မီးသတ်တဦးလည်း ကျင်းအဟောင်းတခုထဲကျပြီး ဒဏ်ရာရသွားသေးတယ်။ စိုးရိမ်စရာတော့မရှိပါဘူး"

မြင်းခြံနဲ့ မလှိုင်နယ်တို့မှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိဟုဆို

"စစ်သားတွေက ကတောရွာကနေ လတလုပ်မြို့ဘက်ကိုပြန်လာတာ တစီးနဲ့တစီးက သိပ်မကွာဘဲ မိုင်ကွင်းထဲဝင်လာတာမှာဆွဲလိုက်တာ တစီးကလမ်းဘေးထိုးကျပြီးလဲသွားတယ် ၂ စီးကတော့ထိတယ်မလဲဘူး "

အရာတော်က စစ်ကောင်စီ လေ့ကျင့်ရေးတပ်ကို PDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်

“အဲဒီတပ်စခန်းက အရာတော်မြို့ရဲ့ အရှေ့ဘက်မှာရှိတာပါ။ အာဏာမသိမ်းခင်ကတည်းက အဲဒီစခန်းက ရှိနေတာပါ။ မနေ့က ကျနော်တို့ လက်နက်ကြီးတလုံးနဲ့သွားပစ်ခဲ့တာ။ ထိခိုက်ကျဆုံးမှုရှိတယ်လို့ သတင်းရပါတယ်။ အတိအကျကတော့ စုံစမ်းနေဆဲပါ”

စစ်တပ်က စစ်ကြောင်းထိုးလို့ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်က ဒေသခံသောင်းချီထွက်ပြေးနေရ

"အခု မိုးကရွာနေတယ်ဗျ။ ဒေသခံတွေက မိုးပြင်ထဲထွက်ပြေးနေရတာ။ စကစတွေက နေအိမ်တွေကို မီးရှို့မှာကြောက်လို့ ပြေးနေရတာ။ ကားလမ်းမတွေမှာ နွားလှည်းတွေ၊ လယ်ထွန်စက်တွေ၊ ဆိုင်ကယ်တွေနဲ့ အထုပ်အထမ်းတွေယူပြီးတော့ ထွက်ပြေးနေကြတာ။ ကားလမ်းမမှာ ပြည့်ကျပ်နေတယ်ဗျ။ လက်နက်ကြီးပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်"

ပုဂံဘုရားများထဲက ထင်ရှားတဲ့ ဗူးဘုရား မိုးကြိုးထိမှန်လို့ ထိခိုက်ပျက်စီးခဲ့

"ပုဂံမှာညကရွာတဲ့မိုးနဲ့မှ ၄ ကြိမ်ပဲ ရွာသေးတာ။ ညကမိုးကတော့ မိုးကြိုးတွေပါပစ်တာ။ ဗူးဘုရားကိုလည်း မြစ်ထဲပစ်တဲ့ မိုးကြိုးစက်ကွင်း ထိသွားတယ်။ ပျက်စီးမှုတော့ရှိတယ်။ "

မကွေးတိုင်းထဲက ရေနံမှော်တွေကို စစ်ကောင်စီဘက်က ထပ်မံပိတ်သိမ်းခိုင်းလို့ ပြောင်းရွှေ့နေရ

"၃ ရက်နေ့ကစပြီး အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့လာပြီး နလဲ ရေနံမှော်လမ်းဘေးက ရေနံတူးနေတဲ့ နေရာတွေကို အင်အားနဲ့လာဖျက်သွားတယ်။ အဲနောက်မှာ ခုလုပ်နေတဲ့ ရေနံမှော်တွေကို ဖျက်ရမယ်ဆိုပြီး ပါးစပ်ကနေ ပြောသွားတာ။ စာထုတ်တာမျိုးလဲ မရှိဘူး။ ကျနော်တို့က ပြည်သူဆိုတော့ ကြောက်တာပေါ့။ သူတို့ဖျက်ဆိုလို့ ဖျက်နေရတယ်။ ပြည်သူကို မွဲအောင်လုပ်နေတာလို့ မြင်တယ်"

မုံရွာမှာ အလံနက် လွှင့်ခဲ့သူ ဗိုလ်ဒဿ (ရုပ်/သံ)

အာဏာမသိမ်းခင်တုန်းက ဗိုလ်ဒဿဟာ ကျောင်းသားတယောက်ဖြစ်သလို ဓာတ်ပုံဆရာတယောက်လည်းဖြစ်ပါတယ်။ အာဏာရှင်ကို မကြိုက်လို့ ဓာတ်ပုံဆရာဘဝကနေ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ သူရွေးချယ်ခဲ့တာပါ။ သူကျဆုံးချိန်မှာ အသက် ၂၃ နှစ်အရွယ် လူပျိုတယောက်ဖြစ်ပြီး မိဘတွေနဲ့ ဆွေမျိုးတွေ ကျန်ရစ်ခဲ့ပါသေးတယ်

ပုလဲက စစ်အုပ်စုစခန်း တိုက်ခိုက်ခံရလို့ ၁၀ ဦးထက်မနည်း သေဆုံးဟုဆို

"လက်နက်ကြီး တပ်ပေါင်းစုအနေနဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ။ သူတို့စခန်း တိုက်ခံရတော့ စကစဘက်က လေကြောင်းအကူအညီတောင်းလို့ လေကြောင်းပစ်ကူလာလို့ ပြန်ဆုတ်ခဲ့ကြတယ်။ လေယာဥ်ကတော့ တစီးဘဲလာပစ်တာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10