ပခုက္ကူမှာ မသန်စွမ်းအမျိုးသား ၁ ဦးအပါအဝင် ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်သတ်
“ ဆရာမအသက်က၂၈ ဝန်းကျင်ရှိတယ်၊ သူ့အဖေနဲ့ တောထဲက ခရမ်းချဉ်ခင်း စောင့်နေတာ စစ်သားတွေက ပစ်သတ်သွားကြတယ်။ သားဖနှစ်ယောက်လုံးပေါ့။ တစ်ယောက်က ရွှေအ၊ စကားမပြောတတ်၊ နားမကြားဘူး၊ ရွာအနောက်ဘက်ထန်းတောမှာ ထန်းတက်တာတွေ့တော့ ပစ်သတ်သွားကြတယ်၊ ရွာကလူတွေလည်း ပြေးနေရတော့ အခုမနက်မှသိရတယ်၊”