ပေါင်းတည်မှာ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရလို့ စစ်သားတဦး သေဆုံး
"ဒီကောင်တွေ တယောက်လည်းသေရော ၆၀ မမရယ်၊ RPG ရယ်နဲ့ပစ်တာက ၁၀ ချက်လောက်ရှိမယ်။ လက်နက်ငယ်နဲ့ ရမ်းပစ်တာက အချက်ရေပေါင်းဆိုတာမနည်းဘူး။ တတောလုံးဆူညံသွားတာပဲ။ မိနစ် ၂၀ လောက်ကိုပစ်တာ"
"ဒီကောင်တွေ တယောက်လည်းသေရော ၆၀ မမရယ်၊ RPG ရယ်နဲ့ပစ်တာက ၁၀ ချက်လောက်ရှိမယ်။ လက်နက်ငယ်နဲ့ ရမ်းပစ်တာက အချက်ရေပေါင်းဆိုတာမနည်းဘူး။ တတောလုံးဆူညံသွားတာပဲ။ မိနစ် ၂၀ လောက်ကိုပစ်တာ"
“ကားတွေက ဂျမ်မာစနစ်တပ်ထားတဲ့ကားတွေ၊ ကားက ၄ ဘီးကားအသေးဘဲ။ မိုင်းဆွဲတာမှာ စကစ ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်။ မိုင်းဆွဲခံရပြီးတော့ ကားပေါ်ကရော၊ လမ်းမှာ ကင်းပုန်းဝပ်နေတဲ့ကောင်တွေရော လက်နက်ငယ်တွေနဲ့ မိုင်းကွင်းဘက်ကိုတောက်လျှောက်ပစ်တာ”
“လှမိုးကို သူ့ရဲ့နေအိမ်ထဲမှာ သေနတ်အတိုနဲ့ ၁ ချက်ပစ်ခဲ့ပါတယ်။ သူ့ဆီက ကာဘိုင် M1 ၁ လက်သိမ်းဆည်းယူခဲ့တယ်”
"စကစဘက်က စစ်ကူမလာနိုင်အောင် ဘုံသတောတံတားကို ချိုးခဲ့တယ်။ စခန်း ၂ ခုစလုံး သိမ်းနိုင်ခဲ့တယ်။ စကစဘက်က လေယာဥ် ၂ စီးနဲ့ ၆ ကြိမ် ဗုံးလာကြဲတယ်။ ခုလောလောဆယ်တော့ အခြေနေကို စောင့်ကြည့်နေရတယ်။ မနက် ၇ နာရီလောက်ထိ တိုက်ပွဲဖြစ်ခဲ့တယ်။ စခန်းသိမ်းနိုင်ပေမယ့် စကစဘက်က လေယာဥ်နဲ့လာလို့ မီးရှို့ဖျက်ဆီးတာတော့ မလုပ်နိုင်ခဲ့ဘူး။"
"စကစတွေက ဝမ်ပေါင်ကထွက်ပြီးတော့ ယင်းမာပင်ဘက်ကို ခြေလျင်သွားတာ။ လမ်းမှာ မိုးကြိုးပင်ရွာထဲဝင်ပြီးတညအိပ်တယ်။ မနက်လင်းတော့ ရွာကထွက်တဲ့အချိန်မှာ လမ်းမှာတွေ့တဲ့ဒေသခံတွေကို ဖမ်းခေါ်သွားတာ။ အဲ့ရွာကနေတဆင့် ရာဇကျော်ရွာကိုဝင်ပြီးတော့လည်း တွေ့တဲ့လူကိုဖမ်းခေါ်သွားတာ။ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ။ အခု စကစတွေနဲ့ဒေသခံတွေက ယင်းမာပင်နယ်ကို ရောက်သွားပြီ"
"အရင်မီးလောင်ခံရလို့ ပြန်ဆောက်ထားတဲ့ အိမ်အချို့လည်း မီးရှို့ခံရတယ်။ အိမ်ထဲကဘုရားတွေကိုလည်းဖျက်ဆီးသွားတယ်။ အဲရွာက ၄ ကြိမ်မြောက်မီးရှို့ခံရတာ၊ ခုတခါအိမ် ၆၅ လုံးမီးလောင်ခံရတယ်။"
“ရဲတွေဖမ်းတဲ့နေ့က ကျနော့်သေနတ်ကျကျန်ခဲ့တယ်။ သေဆုံးသွားတဲ့ တင်မောင်ဝင်းဟာ စစ်ကောင်စီ ဒေါက်တိုင်ပေါ့။ အဲဒီကောင်က အဲဒီလက်နက်ကို ရဲစခန်းကိုသွားပြီးအပ်လိုက်တယ်”
"လောလောဆယ်သိထားသလောက်က ရဲစခန်းကို ဝင်စီးတယ်။ ဝင်သိမ်းနိုင်လောက်တဲ့ အခြေနေလည်းရှိနေတယ်လို့ သိရတယ်။ စကစဘက်က အထိနာတော့ တိုက်လေယာဉ်တစီးနဲ့ ရဟတ်ယာဉ်တစီးနဲ့လည်း လာပစ်တာရှိတယ်။ မနက် ၉ နာရီကျော်လောက်မှာတော့ အခြေနေငြိမ်သက်နေတယ်။ စစ်တောင်းမြစ်ကူးတံတားကတော့ မိုင်းခွဲခံရလို့ ပြိုကျသွားတယ်လို့တော့ သိရတယ်"
"ရွာအရှေ့ဘက်ကုန်းပေါ်ကနေ အပိုင်စောင့်ပစ်တာ။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာမရှိသေးဘူး။ ကျနော့်ရဲဘော်က စနိုက်ပါရိုင်ဖယ်နဲ့ပစ်လိုက်တာ စစ်သားနှစ်ယောက်သေတယ်"
“စံတောင်ကုန်းပေါ်မှာ ကျနော်တို့ကအရင်နေရာယူထားတယ်။ သူတို့ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အရင်စပစ်တယ်။ ပြီးမှ ကျနော်တို့ပြန်ပစ်တယ်။ စစ်သားနှစ်ယောက် ရင်ဘတ်မှန်ပြီးလဲကျသွားတယ်။ ဒဏ်ရာရတာများပေမယ့် ၄ ယောက် ဒဏ်ရာရတာကိုပဲ အတည်ပြုပါတယ်"
"ဒေါင့်အင်းကုန်းရွာက ကိုအောင်ထွန်းဝင်း အိမ်ပေါ်ကိုကျပြီး သူ့အမျိုးသမီးရယ် သူ့သမီးတယောက်ရယ် အငယ်ဆုံးသားလေးရယ်ကို လက်နက်ကြီးကျည်စမှန်တာ အခု ဆွာဆေးရုံကိုပို့ထားတယ် အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး"
"တံတားက ထန်းတပင်ကနေ ဇရပ်ကြီး တောင်ငူဘက်ထိ ပေါက်တယ်။ ဇရပ်ကြီးမှာက စကစ ၇၃ တပ်ရင်းရှိတယ်။ အဲဒီကို စကစဘက်က ရိက္ခာပို့၊ တပ်အင်အား၊ တင့်ကားတွေပို့တာအစ ဒီလမ်းပိုင်းကို စကစ ဘက်က သုံးတာဆိုတော့ လမ်းကြောင်းဖြတ်တောက်တဲ့သဘော နေမယ်"
“ရွာထဲပိတ်မိနေလို့ ပြန်ထွက်ချင်နေတာကိုလည်း ကျနော်တို့သိတယ်။ ပျူရွာဘက်ကို စက်လှေနဲ့အေးအေးဆေးဆေး ဆုတ်ခွင့်ပေးတာကို နောက်ဆုံးစက်လှေပေါ်ကကောင်တွေက ရဲဘော်တွေရေခပ်နေတာကို သေနတ်နဲ့လှမ်းပစ်လို့ အဲ့မှာသူတို့(စကစ)ကို ဒရုန်းနဲ့ပစ်ချပြီး သေနတ်နဲ့လိုက်ပစ်ခဲ့တယ်"
"အဖေဖြစ်သူက ရေတွင်းနံရံကို ဘိလပ်မြေကပ်နေရာကနေ အလယ်လောက် ရောက်တော့ အောက်ဆီဂျင်ပြတ်လို့ ကျသွားတာကို သားက ဆင်းဆယ်ရင်း ၂ ယောက်စလုံး အောက်ဆီဂျင်ပြတ်ပြီး ဆုံးသွားတာ။ ဆေးရုံရောက်မှ ဆုံးသွားတယ်"
“သူတို့(စစ်ကောင်စီတပ်)ကို ရွာအပြင်လယ်ကွင်းတွေကြားမှာ မိုင်းဆွဲခဲ့ပါတယ်။ မိုင်းဆွဲလိုက်တော့ မိုင်းဘေးမှာ ကပ်ပြီးရှိနေတဲ့ စကစ ၂ ကောင် မသေရင်တောင် ဒဏ်ရာပြင်းထန်ဖြစ်မှာသေချာတယ်။ အသေအပျောက်ကတော့ ကျနော်တို့မသိရသေးပါဘူး ”