သတင်းတို

CDM ပညာရေးဝန်ထမ်းတဦး အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခံရ

" ထောက်ပို့ပုဒ်မ၊ ဖောက်ခွဲရေးပုဒ်မ၊ လက်နက်အက်ဥပဒေ၊ အကြမ်းဖက်ဆက်သွယ်ရေးပုဒ်မ စုစုပေါင်း ထောင်ဒဏ် နှစ်၄၀ ချလိုက်တာပါ၊ အဓိကက နှစ်၄၀ ချတဲ့ သတင်းကို စကစက အမှောင်ချထားတာ"

နတ်မောက်မှာ စစ်အုပ်စုက နေအိမ်မီးရှို့ပြီး အိမ်ထောင်ဦးစီးအား ဖမ်းဆီးသွား

"စစ်ကား ၁ စီးနဲ့ တခါတည်း မီးသတ်ကားပါလာတယ်။ ကြိုပြီးကြံစီထားတဲ့သဘောမျိုးပေါ့၊ ဆိုင်ကယ်တွေလည်းနောက်ကနေ ရောက်လာတယ်ပေါ့၊ စိုင်ကောင်းရဲစခန်းက ရဲတွေလည်းပါတယ်၊ အဲဒီအိမ်ကိုဝင်ပြီးတော့ အိမ်ထဲကရှိတဲ့ပစ္စည်းတွေကို ထုခွဲရိုက်ပြီးတော့ အကုန်လုံး မီးရှို့ဖျက်ဆီးသွားတာပေါ့။ ဖုန်း ၅ လုံးနဲ့ ပိုက်ဆံ ၃ သိန်းကျော် ယူသွားတယ်။ အိမ်ထောင်ဦးစီး ဦးအောင်ထူးကိုလည်း ဖမ်းသွားတယ်၊ ဘာအကြောင်းပြချက်နဲ့ဖမ်းသွားတယ်ဆိုတာ ဘယ်သူမှမသိရသေးဘူး"

တွဲကား ၃စီးရှာမတွေ့လို့ အိမ်ခြေ ၃၀၀နီးပါး မီးရှို့ခံလိုက်ရပြီး စစ်ရှောင်ပြည်သူတွေ အကူညီလိုအပ်

" ခုနေမှာ ဝါးလုံးတလုံးတောင် ဝယ်နိုင်တဲ့ အခြေအနေမဟုတ်တော့ဘူး ၊ ကျနော်တို့ ချွေးနှဲစာနဲ့ဆောက်ခဲ့တဲ့ အိမ်၊ ဘယ်လိုလုပ် ဒီဟာကြီးကို ပြန်‌ဆောက်နိုင်မှာတုန်း၊ စားနပ်ရိက္ခာနဲ့ နေဖို့ထိုင်ဖို့နဲ့ ငွေရေးကြေးရေးလေး ရရင် အဆင်ပြေတာပေါ့ လောလောဆယ်"

ငဖဲမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီအထိနာလို့ လေယာဥ်ပစ်ကူခဲ့ရ

" ဧပြီလ ၇ရက်မှာ သူတို့ဘက်က ကျနော်တို့ အပေါ်မှာ အသာစီးရဖို့ အမျိုးမျိုးပေါ့ လက်နက်ကြီး လက်နက်ငယ်၊ အမြောက် ဒါတွေနဲ့ တိုက်ခိုက်တယ် လေယာဥ်တွေနဲ့ဆို အကြိမ်ကြိမ်ဝဲတယ် ၊ အဲ့နေ့မှာတော့ လေယာဥ်နဲ့ ပစ်ခတ်တာမျိုး မရှိဘူး၊ ကျနော်တို့ ကြံ့ကြံ့ခံပြီး အသာစီးရအောင် ခုခံနိုင်ခဲ့တယ်"

ပခုက္ကူမှာ မသန်စွမ်းအမျိုးသား ၁ ဦးအပါအဝင် ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်သတ်

“ ဆရာမအသက်က၂၈ ဝန်းကျင်ရှိတယ်၊ သူ့အဖေနဲ့ တောထဲက ခရမ်းချဉ်‌ခင်း စောင့်နေတာ စစ်သားတွေက ပစ်သတ်သွားကြတယ်။ သားဖနှစ်ယောက်လုံးပေါ့။ တစ်ယောက်က ရွှေအ၊ စကားမပြောတတ်၊ နားမကြားဘူး၊ ရွာအနောက်ဘက်ထန်းတောမှာ ထန်းတက်တာတွေ့တော့ ပစ်သတ်သွားကြတယ်၊ ရွာကလူတွေလည်း ပြေးနေရတော့ အခုမနက်မှသိရတယ်၊”

မြေသြဇာစျေးတက်ပြီး လုံလောက်အောင်မသုံးနိုင်လို့ နွေစပါးထွက်နှုန်း ကျဆင်းနိုင်

"ဓါတ်ဆားစျေးက အရမ်းတက်သွားတာ တအိတ် ၉၀,၀၀၀ ဝယ်ရတယ် အရင်က ၃အိတ်စာပေါ့ မဝယ်လို့လည်းမရဘူး သူ့ကိုမှ မသုံးနိုင်ရင် စပါးမထွက်ဘူး လယ်သမားတွေ အခုနှစ်ဓါတ်ဆား သိပ်မကျွေးနိုင်ဘူး စပါးထွက်နှုန်းပါထိခိုက်မယ်"

ပြည်မြို့မှာ သင်္ကြန်ကျင်းပဖို့ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေဆီက စစ်ကောင်စီ ပိုက်ဆံလိုက်တောင်းနေ

" လုပ်ငန်းရှင်တွေကိုအဓိကကောက်တယ်၊ ၅သောင်းကနေ ၁ သိန်း လုပ်ငန်းအလိုက်ပေါ်မူတည်ပြီးတောင်းတယ်၊ ရွှေကူရပ်ကွက်မှာလည်းထိုနည်းတူ အေးဓါးပြလုပ်တောင်းတယ် "

ပြည်ခရိုင်တွင် အကြမ်းဖက်ဥပဒေနှင့် ၅၀၅(က)တို့ ဖြင့်ဖမ်းဆီးတရားစွဲထားသူ ၁၂၅ ဦးရှိပြီး အပြင်းထန်နှိပ်စက်ခံထားရ

"အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပတ်သက်တာတွေပဲများနေတယ်။ ဆွဲသမျှအဲဒါနဲ့ပဲစွဲနေတာများတယ်။ တချို့ပုဒ်မတွေကြတော့ နှစ်နဲတော့မြို့နယ်ကကိုင်တာတွေလဲရှိတယ်။ တချို့ကတိုက်ပွဲမှာမိလာတာ။ တချို့က ထောက်ပံ့၊ ဖုန်းပေါ်မှာလှုတာတွေလည်းပါတယ်။"

ရိက္ခာလာပို့တဲ့ စစ်အုပ်စုကို ပြည်ခရိုင် PDF ကြားဖြတ်တိုက်ခိုက်လို့ ၂ဦးသေဆုံး

" ပေါင်းတည်မြို့နယ် လဲပင်ရွာကို သိမ်ကုန်းက ရိက္ခာသွားပို့တဲ့ စကစ တပ်ဖွဲ့ကို အပြန်မှာ စောင့်ပြီးတိုက်ခိုက်တာပါ လောလောဆယ် စကစ ၂ဦးသေတယ်လို ကနဦးသိရပါတယ်"

ငဖဲမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၂၀ဦးနီးပါး သေဆုံး

" မှောက်ပြီးတော့ လုံးဝကို ပြန်မထနိုင်တာ ကျနော်တို့ရေတွက်ကြည့်တာ အယောက် ၂၀ ရှိပါတယ် ၊ ဒါပေမယ့် သူတို့ဘက်က အင်အားများတော့ ကာပစ် ပစ်ပြီး အလောင်းတွေကို ခြေထောက်ကနေ ဆွဲတာတွေ လက်ကဆွဲတာတွေ ရရာဆွဲပြီး အလောင်းတွေ ပြန်ကောက်သွားပါတယ်၊ တိုက်ပွဲက တော်တော်လေး ပြင်းထန်ပါတယ်၊ မိုင်းကွင်းထဲကို တည့်တည့်ကျသွားတာဆိုတော့ သူတို့ လုံးဝကို မလှုပ်တော့ပါဘူး၊ ကျဖို့ရာခိုင်နှုန်းအရမ်းများပါတယ် "

ပဲခူးရိုးမပတ်လမ်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၄ဦး မိုင်းထိသေဆုံး

" သူတို့တက်လာတဲ့ လမ်းကြောင်းမှာ ပဒေသာရှေ့ထွက်မိုင်းဆွဲပြီး ဝိုင်းပစ်တာပါ၊ ပြန် ဆုတ်သွားပါတယ်၊ ကျနော်တို့ဖက်ကလည်း အင်အားမမျှတော့ လျှပ်တပြတ် တိုက်ခိုက်ပြီး ပြန်ဆုတ်တာပါ မျက်မြင် ၄ယောက်ကျသွားပါတယ်၊ မိုင်းဆွဲတဲ့အချိန်ပါသွားတာပါ"

တပတ်အတွင်း နိုင်ငံတဝှမ်း တိုက်ပွဲ ၁၁၂ ကြိမ်နဲ့ ဗုံးပေါက်ကွဲမှု ၅၁ ကြိမ်ဖြစ်ပွား

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲအရေအတွက် ၃၀ ကျော်နဲ့ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး၊ ကရင်ပြည်နယ်မှာတော့ အနည်းဆုံး ၁၄ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြည်ခရိုင်တွင် အကြမ်းဖက်ဥပဒေနှင့် ၅၀၅(က)တို့ ဖြင့်ဖမ်းဆီးတရားစွဲထားသူ ၁၂၅ ဦးရှိပြီး အပြင်းထန်နှိပ်စက်ခံထားရ

"ရိုက်နှက်တာကတော့ပြောမနေနဲ့တော့ ၅၀၅ လိုအမှုတောင်ရိုက်စစ်တာပဲ အကြမ်းဖက်ဆိုတော့ ဗျင်းတာပေါ့ဗျာ။ မိန်းကလေးတောင်မလွတ်ဘူး။ တရက်ထက်တရက်လည်း ဖမ်းဆီးတာကတအားဖြစ်နေတာ တရားရုံးတွေမှာနိုင်တောင်မနိုင်ဘူး တချို့အမှုတွေဆို ရုံးတင်ထားတယ် မစစ်နိုင်လို့ ပြန်ပြန်ချိန်းနေရတယ် ရဲစခန်းတွေမှာကလည်း အမှုဖွင့်ထားတာကော ဖမ်းထားရော များတော့ ကင်းပတ်ရတာ၊ လုံခြုံရေးယူရတာ၊ တခြားအမှုအခင်းဖြစ်လို့ သွားရတာ။ အထက်ကအရေးပေါ်ဆိုပြီး ခိုင်းတာတွေ တရားရုံးတွေကအမှုတွေမှာ တရားလိုလုပ်တာ သက်သေထွက်ဆိုရတာနဲ့ မနိုင်တော့ဘူးမအားရဘူး"

ရိက္ခာလာပို့တဲ့ စစ်အုပ်စုကို ပြည်ခရိုင် PDF ကြားဖြတ်တိုက်ခိုက်လို့ ၂ဦးသေဆုံး

" ပေါင်းတည်မြို့နယ် လဲပင်ရွာကို သိမ်ကုန်းက ရိက္ခာသွားပို့တဲ့ စကစ တပ်ဖွဲ့ကို အပြန်မှာ စောင့်ပြီးတိုက်ခိုက်တာပါ လောလောဆယ် စကစ ၂ဦးသေတယ်လို ကနဦးသိရပါတယ်"

CDM ကျောင်းဆရာ/ဆရာမများအား ချေးငွေများပြန်ဆပ်ရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေ

"လက်ရှိအနေနဲ့ ဆရာ ဆရာမ တွေကြုံနေတာကခေတ်ကောင်းစဥ် ကမ္ဘာ့ရတနာဘဏ်ကနေ ချေးငွေတွေ ချေးကြတယ်။ လစာထုတ်ရင်ပေး ဆိုတဲ့ပြီ အုပ်စုလိုက်အဖွဲ့လိုက် လစာရဲ့ ၃ဆ ၅ဆ အဲ့လိုတွေပါ။ စကစ အာဏာသိမ်းလို့ ပြည်သူ့အာဏာ ပြည်သူ ပြန်ရဖို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်နေတဲ့ ဆရာဆရာမတွေက အခုချိန်ကြပ်တည်းနေကြပြီး တချို့ကမနည်းရုန်းကန်နေရတဲ့အချိန် အတင်းတောင်းနေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10