သတင်း

ကောလင်းက သက်တော်နဲ့ဝါတော်အကြီးဆုံး ကျောင်းထိုင်ဆရာတော်တပါး စစ်ရှောင်ရင်းပျံလွန်

ကောလင်းမြို့၊ လေသာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် သက်တော် ၉၈ နှစ် ဝါတော် ၇၈ ဝါရှိ ဦးစန္ဒိဝံသဟာ ဖေဖော်ဝါရီ ၁ ရက်က စတင် စစ်ရှောင်ခဲ့ရတာဖြစ်ပြီး စစ်ရှောင်နေစဉ် အတွင်းမှာပဲ ၉၆ ပါးရောဂါနဲ့ ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။

မြေလတ်ဗမာကာကွယ်ရေးတပ်က အပတ်စဉ် ၃ သင်တန်းဆင်းပွဲကျင်းပ

မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့ဟာ ပဲခူးတိုင်းထဲမှာ အဓိက စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲတွေမှာလည်း ပါဝင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှုမထမ်းမနေရဥပဒေကြောင့် ဝေါနယ်အတွင်း လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးမှု ပြဿနာ ရင်ဆိုင်နေရ

လက်ရှိမှာ လုပ်သားငှားရမ်းမရလို့ ပဲနဲ့ နွေစပါး အချိန်မှီမရိတ်သိမ်းနိုင်တာကြောင့် လေလွင့်ပျက်စီးတာတွေများနေသလို ကုန်ကျစရိတ်တွေလည်း များနေတာကြောင့် အကျိုးအမြတ် မကျန်ဘူးလို့ သိရပါတယ်။

မင်းလှတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနား(ရုပ်/သံ)

ရဲဘော်ကုလားဟာ မင်းလှမြို့နယ် ပဲခူးရိုးမက ခါချဉ်တောင်ကို တက်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်က တနေကုန်နီးပါး တိုက်ခိုက်နေချိန် ညနေ ၃ နာရီလောက်က တိုက်ပွဲမှာ စစ်ကောင်စီတပ်ကပစ်တဲ့ ကျည် ဦးခေါင်းထိမှန်ကျဆုံးခဲ့တာလို့ ပြောပါတယ်။

မုံရွာရှိ စစ်ဆေးရေးဂိတ်ကို TLWDF တိုက်ခိုက်၊ MA.3 သေနတ် ၂ လက်ရ

မုံရွာမြို့ပေါ် ခမရ (၁၆) တပ်ရင်းနားမှာ ပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်သားတွေကို ပြောက်ကျားစနစ်နဲ့ မနက် ၁၀ နာရီခန့်က တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိပြီး MA.3 အမျိုးစား သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ် လို့ ဆိုပါတယ်။

လူနာတင်ယာဥ်နဲ့ လာစွန့်ပစ်ခံရတဲ့ အသက် ၆၀အရွယ် အမျိုးသား ၁ ဦး သေဆုံး

"လာပစ်သွားတုန်းက အဲ့အမျိုးသားက မသေသေဘူး။ သူ့ကိုဆေးရုံတခုကနေ ခေါ်လာပြီး လာစွန့်ပစ်သွားတာလို့ သိရတယ်။ သူ့ကိုလည်း ပတ်ဝန်းကျင်ကလူတွေ ကူညီပေးဖို့ လုပ်တာတောင် (သူက) လက်မခံဘူး။"

လက်နက်နဲ့အလင်းဝင်တဲ့ စစ်သားကို ကလေးခရိုင်တပ်ရင်း ၆ က ကျပ်သိန်း ၅၀ ဆုချီးမြှင့်

ဟုမ္မလင်းမြို့အခြေစိုက် ခလရ ၂၂၂ တပ်ရင်းက အသက် ၂၉ နှစ်အရွယ် တပ်သား လှမျိုးထိုက်ဟာ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ကျည်ဆံ ၂၄၅ တောင့် လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ဇန်နဝါရီ ၃၀ ရက်နေ့က အလင်းဝင်တာလို့ ဆိုပါတယ်။

ပဲခူးရိုးပေါ်တက်လာတဲ့ စစ်ကြောင်းနဲ့ PDF တို့ တိုက်ပွဲဖြစ်လို့ နှစ်ဘက်သေဆုံးမှုရှိ

”မနေ့က တိုက်ခိုက်မှု လေးကြိမ်အတွင်းမှာ ‌** တွေကို အသားစီးယူပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူတို့က ရှေ့ကို တိုးလာလိုက်၊ ကျနော်တို့ တိုက်လိုက်၊ သူတို့ လမ်းကြောင်းကို ကြိုပြီး မိုင်းထောင်လိုက်၊ လက်နက်ငယ်တွေနဲ့ ပစ်ကြနဲ့။ **တွေ အထိနာတဲ့ ပွဲပဲ“

ပြည်မြို့က စစ်မှုထမ်းဥပဒေထောက်ခံပွဲမှာ ကျူးကျော်ဆိုသူတွေကို ခြိမ်းခြောက် တက်ရောက်ခိုင်းခဲ့

"သူတို့က တခြားသူတွေမြင်နေသလို တပ်ထောက်ခံတွေမဟုတ်ဘူး၊ ခြိမ်းခြောက်ပြီး ခေါ်သွားတာ။ အဲလိုမှမလိုက်ရင် သူတို့နေနေတဲ့နေရာတွေကနေ ဖယ်ပေးရမယ်လို့ ပြောထားတယ်။ နောက်သူတို့ကို တချို့ကတပ်ထောက်ခံတွေလို့ ထင်တာ တိုက်ခိုက်ခံရမှာတွေကိုလည်း စိုးရိမ်ကြတာပေါ့။"

ပြည်သူတရပ်လုံး စစ်မှုထမ်းဥပဒေကို မလိုက်နာကြဘဲ တော်လှန်ရေးမှာ ပါဝင်ကြဖို့ KNU တိုက်တွန်း

လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံး အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ မပါဝင်ဘဲ တော်လှန်ရေးမှာ ပါဝင်ဖို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ KNU ဗဟိုက တိုက်တွန်းလိုက်ပါတယ်။

ပုလဲမှာ စစ်တပ်ကစစ်ကြောင်းထိုးလို့ ပြည်သူတွေ ထွက်ပြေး၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်မှာ အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

PDF တွေ သိမ်းယူထားတဲ့ ရွှေပြည်အေးမြို့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွား

“လေကြောင်းတွေနဲ့ပါ ပစ်နေတာ၊ အဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက ပြန်ခုခံနေတယ်၊ ထိခိုက်ပျက်စီးမှု အခြေအနေအတိကျတော့ မသိရဘူး။ ဇီးတောရွာဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။”

ကျောက်ကြီးမှာ လူ ၆ ဦး အသတ်ခံရ

" ၆ ယောက်စလုံး လည်လှီးသတ်ဖြတ်ခံရတာ။ လမ်းဘေးမှာ သတ်ဖြတ်ခံထားရတာကို လမ်းသွားလမ်းလာတွေက တွေ့ရတာ။ သေချာဖမ်းဆီးစစ်မေးပြီးမှ လည်လှီးသတ်သွားပုံပဲ"

စစ်ကောင်စီနဲ့လိုက်သွားရတဲ့ ပျူစောထီးရွာသားတွေ ထွက်ပြေးလွတ်မြောက်လာ ပုလဲပအဖထံ ခိုလှုံခွင့်တောင်း

"ယင်းမာပင်က စာသင်ကျောင်းမှာ ပိတ်မိနေကြတယ်။ ယာဥ်တန်းကရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတာကြာပြီ။ စစ်တပ်က စားသောက်ဖို့ မလုပ်ပေးနိုင်ကြဘူး။ ဆွေမျိုးတွေခေါ်ရင်လိုက်သွားလို့ရတယ် ပြောထားတော့ ထွက်လာသူတွေဖြစ်တယ်"

ပေါင်းတည်က စစ်ကောင်စီသတင်းပေးဆိုသူကို PPDF က ရှင်းလင်း

“သူ့အိမ်သွား ဝိုင်းတာမှာ မတွေ့လို့ ညောင်နီပင်ရွာနားက နွားစားကျက်မှာ နွားကျောင်းနေတာကို တွေ့ပြီး ရှင်းပစ်ခဲ့တာ“

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10