မိုင်းဆွဲခံရတဲ့ စစ်အုပ်စုက နေအိမ် ၃၀ ကိုမီးရှို့ခဲ့
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကံသာကျွန်းအနီး မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျွန်းပေါ်ရှိ ဒေသခံနေအိမ် ၃၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆီက သိရပါတယ်။