သတင်း

နွားထိုးကြီးမှာ စစ်ကောင်စီသတင်းပေး လောင်းကစားဒိုင် ၁ ဦး ပစ်သတ်ခံရ

"သူတို့သွားတဲ့ကားမှာ သူနဲ့သက်ကြီးပိုင်း လူကြီးတွေပါတယ်။ သူ့ကိုပဲ ခေါ်ချပြီး ရှင်းလိုက်တာ။ ကျန်သူတွေကိုတော့ ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးလိုက်တယ်"

ပေါက်မှာ စပါးသိမ်းချိန် မိုးဆက်တိုက်ရွာလို့ ပလဖရဲဘော်တွေက ကူညီလုပ်ကိုင်ပေး

"စပါးသိမ်းချိန် မိုးရက်ဆက်ရွာတော့ မိုးမိကုန်တယ်။ တောင်သူတွေအဆင်ပြေမှ ရိက္ခာဖူလုံမှာလေ။ ဆုံးရှုံးတာ နည်းအောင် ကူညီပေးရတာပါ"

ပုလဲမှာ ပျောက်ဆုံးနေတဲ့ အမျိုးသားတဦးကို သေဆုံးလျက်ပြန်တွေ့

"မောင်လေးပျောက်လို့ လိုက်ရှာနေကြတာ။ မနက်က တောကျောင်းအရှေ့နားမှာ တွေ့တော့ သေနေပြီလေ။ ဒဏ်ရာဒဏ်ချက် တော့မရှိပါဘူး"

လက်ပံတန်းက အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

"သေနတ်နဲ့ လေးချက်ပစ်သတ်ခဲ့တာပါ" လို့ ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုတံခွန် ကပြောပါတယ်။

ဝက်လက်ကို စစ်ကူသွားတဲ့စစ်ကား PDF က ကြားဖြတ်တိုက်လို့ အသေအဆုံးများနဲ့ နောက်ပြန်ဆုတ်သွား

“မိုင်းဆွဲလိုက်တော့ ဝုန်းဒိုင်းတွေကြဲပြီး အော်ဟစ်သံတွေနဲ့ ဆူညံသွားတာပဲ။ အမှောင်ထဲဆိုတော့ မမြင်ရပဲ အသံတွေတော့ ကြားနေရတာ”

ကြံ့ခိုင်ရေးအမတ်ဟောင်း ပျူစောထီးခေါင်းဆောင်အပါ ၅ ဦးကို ဖမ်းမိပြီးနောက် ပြန်ခုခံသူ ၂ ဦးကို ရှင်းလင်း

"ဒီလူတွေက ခြေထောက်မှာဒဏ်ရာတွေရပြီး မပြေးနိုင်လို့ ဖမ်းမိခဲ့တာ။ အဲဒီထဲက ၂ယောက်က ပြန်လည်ခုခံတိုက်ခိုက်လို့ ပစ်သတ်လိုက်ရတယ်”

မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၃၀,၀၀၀ ကျော် စစ်ရှောင်နေရ

"လူဦးရေကများတော့ အနီးနားကျေးရွာတွေကနေ အလှူခံပြီး စားစရာသောက်စရာရော နွားစာကအစ စီစဥ်ပေးထားရပါတယ်။ စားနပ်ရိက္ခာအကူအညီတော့ လိုအပ်နေပါတယ်"

ပဲခူးမြို့မှာ တန်ဆောင်တိုင် မီးထွန်းပွဲတော်လုပ်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

"ခုတွေ့ရသလောက်ကတော့ မီးတွေ လိုက်ဆင်နေတာရှိတယ်။ ဆိုင်ခန်းတွေတော့ မတွေ့ရသေးဘူး။ စတုဒိသာကျွေးဖို့ မဏ္ဍပ်တွေတော့ လုပ်နေတာရှိပြီ။ ကျန်တာတော့ ထွေထူးမတွေ့ရသေးဘူး။ သူတို့ဘက်ကတော့ ပဲခူးက သာယာအေးချမ်းနေတယ်ဆိုတာရော ပြချင်လို့ လုပ်နေတာပါပဲ"

တမူးမှာ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ချ အလင်းဝင်

"တိုက်ပွဲ တနေရာမှာပေါ့။ ဒီတပ်သား၂ ယောက်က ပုန်းနေရာကနေ ကျွတ်ကျွတ်အိတ်ကို အလံဖြူပုံစံလုပ်လို့ ထောင်ပြီး လက်နက်ချ အလင်းဝင်ခဲ့တာ"

တန့်ဆည်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၄ ခုကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

“အပြန်အလှန်ပစ်ခတ်ချိန် သူတို့ဘက်က ဒဏ်ရာရတဲ့သူတွေ အော်ပြီးပြေးတဲ့သူတွေကို မျက်မြင် တွေ့ခဲ့တယ်။ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ တယောက်ကျသွားတယ်။ လောလောဆယ် စစ်ရေးအခြေအနေက တင်းမာနေဆဲမို့ သိမ်းဆည်းရမိတာတွေကိုတော့ တိတိကျကျပြောလို့ မရသေးဘူး”

ပခုက္ကူမှာ လက်နက်ကြီးထိလို့ အမျိုးသမီးတဦးသေဆုံး

သေဆုံးသူမှာ ဒေါ်ခိုင်မာချို ၃၈ နှစ်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ဒီညနေ ၄ နာရီလောက်က အိုင်ကြီးကျေးရွာ ဆိုင်းဘုတ်အနီးရှိ သူရဲ့ယာခင်းထဲမှာ တယောက်တည်း ပေါင်းသင်မြက်ရှင်းနေချိန် လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာမှာ ပျူစောထီးတွေက ရွာကိုဝင်စီးကာ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားပြီးနောက် ပစ်သတ်ခဲ့

"ရွာသားတွေကို သတ်တာက သူတို့စက်ထဲကနေ ပြောက်ကျားယူနီဖောင်းတစုံတွေ့တယ်ဆိုပြီးတော့ ဖမ်းခေါ်ပြီး ရွာအထွက်နားမှာ လေးယောက်စလုံးကို ပစ်သတ်သွားတာ။ ပြောက်ကျားယူနီဖောင်း တကယ်တွေ့ မတွေ့တော့ မသိရဘူး။ ရွာကို သူတို့စိတ်ကြိုက်မွှေပြီးမှ ၄ နာရီကျော်လောက်မှာ တောပုဘက် ပြန်ထွက်သွားတယ်"

တိုက်ပွဲပြင်းလာနိုင်လို့ လူထုကို စစ်ရေး အသိ၊ သတိနဲ့ ဘေးအန္တရာယ်လျော့ချနိုင်ရေးပညာပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီရဲ့ စစ်ရေးကပိုပြီးတင်းမာလာနိုင်တဲ့ အခြေအနေ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့အတွက် ပြည်သူလူထု ဘေးကင်းလုံခြုံဖို့ အရေးကြီးလာတာကြောင့် ခုလိုပြုလုပ်ခဲ့တာလို့ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ ဗျူဟာမှူး သခင်ဒေါင်းညိုက ပြောပါတယ်။

ပေါင်းတည်မှာ Non CDM ဆရာ၊ ဆရာမ ၂ ဦးအပါ ရွာသား ၃၀ ကျော်ကို စစ်ကောင်စီဖမ်းဆီး

“ဖမ်းထားတဲ့ ၃၀ ကျော်ကို ရွာထဲက အိမ်သုံးလုံးမှာ ခွဲပြီး စစ်နေတယ်။ အဲ့ဒီအထဲက ရွာသား ၅ ဦးကိုတော့ ဖုန်းထဲမှာမသင်္ကာစရာတွေ့တယ်ဆိုပြီး သတင်းပြန်ကြားရတယ်။ ရွာထဲဝင်မရတော့ တဆင့် စကားပြန်ကြားရတာပေါ့”

ဂန့်ဂေါမြို့နယ် ကန့်သက်ကျေးရွာကစစ်ရှောင်တွေ စားနပ်ရိက္ခာအရေးအပေါ်လိုအပ်နေ

အဲဒီစစ်ရှောင်စခန်းမှာ သံဃာတပါးအပါအဝင် ဒေသခံ ၃၀၀ နီးပါးရှိပြီး တနေ့ကို ဆန် ၃ တင်းခွဲခန့်ကုန်ကျပြီး လက်ရှိဆန်လက်ကျန်က တပတ်စာအတွက်တောင် မလုံလောက်တော့ဘူးလို့ Western Chindwin Association(WCA)ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10