ဝက်လက်နယ်က ရဲစခန်းတိုက်ပွဲမှာ ရဲ ၇ ဦးသေပြီး ရဲစခန်းကိုပါမီးရှို့နိုင်ခဲ့
အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ကြာမြင့်ခဲ့သလို ရဲတပ်သား ၇ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။