သတင်း

စစ်ဘေးရှောင်တွေအတွက် ရေတွင်းတူးရာမှာ ကူဖို့သွားတဲ့ S&C အဖွဲ့ဝင်တဦးကို စစ်ကောင်စီက ဖမ်းဆီးထား

"အဖွဲ့သားတွေအဖမ်းခံရတာ ဒါကပထမဦးဆုံးအကြိမ်ပါ။ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ယင်းမာပင်ဘက်မှာ အဖမ်းခံရတာပါ။ လမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာ။ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေအနည်းငယ် ပါသွားပါတယ်"

မုံရွာမြို့ပေါ်မှာ အမျိုးသား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

"သူ့မှာ မယားနဲ့လသားအရွယ် ကလေးတယောက်ရှိတယ်။ သူတို့က အိမ်ငှားနေတာ သိပ်မကြာသေးဘူးလို့ သိရတယ်။ သူသေနတ်ပစ်ခံရတဲ့နေ့က အိမ်မှာ မယားနဲ့ ကလေးကလည်း ရှိတယ်လို့သိရတယ်"

NLD လွှတ်တော်အမတ်ဦးဝင်းမြင့်အောင် ကို PDF က ဖမ်းဆီးထိန်းသိမ်း

“ကျုပ်တို့သိရ‌သလောက်ဆိုရင် သူက လက်နက်ကိုင်တော်လှန်ရေးကို အားမပေးဘူး၊ စိုင်ပြင်မှာဆိုရင် ငြိမ်းချမ်းရေး တရားဟောတဲ့ပုံစံမျိုးတွေ ကြားရတယ်။ အဲ့တာတွေနဲ့ ပတ်သက်ပြီး သူ့ကိုစောင့်ကြည့်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်၊ အဲ့နောက်မှာတော့ ခုလိုဖမ်းဆီးထိန်းသိမ်းခံရတာ။ တကယ်လို့ စစ်ဆေးတွေ့ ရှိလာရင်လည်း NUG ရဲ့စည်းမျဉ်းဥပဒေအတိုင်းပဲ ပုဒ်မတပ်ပြီးတော့ တရားစွဲတာတွေ လုပ်လိမ့်မယ်လို့တော့ ယူဆပါတယ်"

ပေါင်းတည်မြို့နယ်မှာ ကျောင်းထိုင်ဆရာတော်တပါး ပစ်သတ်ခံရ

"ဘွဲ့အမည်တော့မမှတ်မိဘူးဗျ။ ကျုပ်တို့အရပ်က ကျောင်းထိုင်တဲ့ရွာကိုအစွဲပြုပြီး လက်ပံခုံဆရာတော် လို့ဘဲခေါ်တာ။ သူ လမ်းမှာပျံတော်မူတဲ့အကြောင်းကို ညကမှသိရတာ၊ ဘယ်သူမှဘုန်းကြီးဆီကိုအကြောင်း ကြားတာမျိုးတော့မရှိဘူး"

မတ္တရာမှာ ဖမ်းခေါ်လာတဲ့ သွေးသောက်အဖွဲ့ဝင် ၁ ဦး ထွက်ပြေးဖို့ကြိုးစားလို့ ရှင်းလင်းခဲ့ရတယ်လို့ ဆို

"သူ့ကိုမသတ်ဘဲခေါ်တာက အရှင်ဖမ်းဆီးရမိတဲ့ သုံ့ပန်းအပေါ်ထားရှိရမယ့်လုပ်ထုံးလုပ်နည်းနဲ့အညီ ခေါ်လာတာပါဗျ။ လမ်းမှာဆိုင်ကယ်ပေါ်ကနေ ဆိုင်ကယ်ကိုတံတိုင်းနဲ့ တိုက်အောင်လုပ်ပြီးခုန်ချတာ။ ဒါကြောင့် ဓားနဲ့ရှင်းလင်းခဲ့တာ။ အလောင်းကိုတော့ အဲမှာထားခဲ့တယ်"

မိုင်းဆွဲခံရတဲ့ စစ်တပ်က ဒေသခံ ၂ ဦးကိုသတ်ပြီး အိမ် ၁၅ လုံးနဲ့ ကား၊ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးသွား

"စကစက သူတို့လူမဟုတ်ရင် ပြည်သူကို ပြည်သူမှန်းမသိဘူး။ မြင်သမျှကို သတ်တော့တာပဲ"

ပေါက်မှာ ပျက်စီးနေတဲ့ ရေသွင်းမြောင်းတွေကို တနိုင်တပိုင်ပြုပြင်နေပြီး စက်အားနဲ့ပြင်မှ မိုးစပါးမီမယ်လို့ဆို

" စိမ့်စမ်းရေတွေကို မြောင်းကနေရေသွင်းစိုက်ရတာပါ။ မုန်တိုင်းမိုးကြောင့် ရေမြောင်းတွေပျက်ကုန်တယ်။ စရိတ်တွေကြီးလို့ တောင်သူတွေအနေနဲ့ ပြင်ဖို့ မတတ်နိုင်ကြဘူး။ ခုချိန်မှာစက်နဲ့ ကူညီပြီးပြင်ပေးနိုင်ရင် စပါးစိုက်ဖို့အဆင်ပြေနိုင်တယ်"

ထီးလင်းမှာ စစ်ကောင်စီတပ်ဖွဲ့ မိုင်းနင်းမိလို့ ၅ ဦးသေဆုံးတယ်လို့ ဆို

“ကျနော်တို့ကြားထားတာက ထီးလင်းဘက်ကို ယာဉ်တန်းတွေလာဖို့ရှိတယ်။ အဲဒါကို သူတို့က လမ်းကြောင်းရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးလုပ်ပေးတာ၊ အဲဒီမှာ ကျနော်တို့ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပေါက်ကွဲတာ၊ ထိခိုက်သေဆုံးတာတွေကိုတော့ အတွင်းသတင်းက ကျနော်တို့ ပြန်ကြားရတယ်”

PDF ထောင်တဲ့မိုင်းကို ဖြုတ်နေစဥ် ပေါက်ကွဲပြီး မိုင်းဖြုတ်ကျွမ်းကျင်သူနဲ့ နယ်ထိန်း ၁ ဦးသေ

“မိုင်းပြီးတယ်ဆိုတဲ့ ကိုကျော်ဆန်းက ဒဏ်ရာရပြီး မန္တလေးဆေးရုံကို အားချင်းပို့လိုက်ရတယ်၊ မနေ့ညက သေသွားတယ်လို့ သတင်းကြားသိရတယ်၊ သူနဲ့အတူပါလာတဲ့ ပခုက္ကူမြို့ပေါ်က ရဲနယ်ထိန်းက ပွဲချင်းပြီး သေသွားတယ်၊ ကိုကျော်ဆန်းနဲ့အတူပါလာတဲ့ စစ်သား ၁ ဦးက ပေါင်ပြတ်သွားတယ်”

ရွှေဘိုမှာ အမောင်းသင်နေတဲ့ကား မိုင်းထိလို့ အမျိုးသား ၂ ဦးဒဏ်ရာရ

"ကားက ဆိုင်းဘုတ်နားအရောက်မှာ ထကွဲတာလို့တော့ သိရတယ်။ ကားက မိုင်းပေါ် တက်ကြိတ်မိတာတော့ မဟုတ်ဘူး။ လမ်းဘေးထောင်ထားတဲ့ မိုင်းကနေ ထကွဲတာမျိုးပါ။ ကားပေါ်မှာက အမျိုးသား ၂ ယောက်ပါတယ်"

ကင်းလှည့်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

"ကနဦးက သူတို့ကားကို ၄၀ မမ နဲ့အရင်ပစ်တာ။ ပြီးမှ လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်တာ။ ပစ်ခံရတော့ သူတို့အဖွဲ့က ကားမောင်းပြေးတာ၊ ကမ္မရဲစခန်းနားမှာ ကားကရပ်သွားတယ်"

စစ်ရှောင်တွေရဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွား

“သူတို့တွေက မင်္ဂလာရေစဉ်ရွာကနေ ရုတ်တရက် လက်နက်တွေဖောက်ပြီး ဖြတ်ဝင်လာတာ။ သူတို့ဝင်လာတော့ စစ်ရှောင်တွေ အကုန်ထွက်ပြေးကြရတယ်။ ဖမ်းဆီးခံရတာတွေတော့ မရှိဘူး၊ အခုနောက်ပိုင်း စစ်**တွေက စစ်ရှောင်တွေပါ ပစ်မှတ်ထားလာကြတယ်။”

မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ်က စစ်အုပ်စု တိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်မှုတွေရှိ (ရုပ်/သံ)

"မြိုင်ကနေ မန္တလေးကိုထွက်တဲ့ မြိုင်မြို့အဝင်ဂိတ်ကို ဒရုန်းနဲ့ အီနာဂါချတာတို့ လက်နက်ငယ်နဲ့ ပစ်တာတို့ RPG နဲ့ထုတာတို့ လုပ်ခဲ့တာ၊ အခုကြားရတာက ** ၃ ကောင်သေပြီး ၄ ကောင်ဒဏ်ရာရတယ်၊ ဒဏ်ရာရတဲ့ ၄ ကောင်က မြိုင်ဆေးရုံမှာပါ၊ ဟိုက်ဂျက်ကားနဲ့ အလောင်းလာကောက်ပြီး သယ်သွားကြတယ်"

သာယာဝတီခရိုင်အတွင်း ပန်းပန်တဲ့ပရိုဖိုင်ချိန်းသူ ၄ ဦး အဖမ်းခံရ

"မွေးနေ့အကြိုပန်းပန်တဲ့ ဓါတ်ပုံနဲ့ ပရိုဖိုင်ချိန်းတာကို စစ်ကောင်စီတယ်လီဂရမ်ကတင်လိုက်လို့ ၁၉ ရက် ညနေကပဲ မိုးညိုရဲကလာဖမ်းတာ"

ကလေးမှာ လက်နက်ကြီးထိလို့ ၅ နှစ်အရွယ် ကလေးငယ်တဦး သေဆုံး

“မိသားစုတစုလုံး ထိခိုက်ခဲ့တာ၊ ယောက်ျားလေးတယောက် ဦးခေါင်းကြေမွ သေဆုံးတယ်၊ သေဆုံးက‌လေးရဲ့ မိခင်ဖြစ်သူလည်း ခြေတဖက်ဖြတ်ရတယ်၊ မောင်နှမတွေလည်း ဒဏ်ရာပြင်းတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10