သတင်း

ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်ခိုးယူခံရမှု မကြာခဏဖြစ်ပွားနေ

"နေဝင်းခြံဝန်းထဲမှာထားတဲ့ ဆိုင်ကယ်တွေအခိုးခံရတာပါ။ ညအချိန်ခြံဝန်း တံခါးတွေ သော့တွေကိုဖျက်ဝင်ပြီးခိုးတာပါ။ ခိုးယူခံရတဲ့ဆိုင်ကယ်တွေက အကုန်လုံးယိုးဒယားဘီးတွေပါ။ ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်သူခိုးတွေ အတင့်ရဲလွန်းနေပါတယ်။ ဒါကကျနော်တိတိကျကျသိတဲ့ ဆိုင်ကယ်ကိုပြောတာ။ ကြို့ပင်ကောက်မှာ နောက်ထပ်ခြံဝန်းထဲမှာ ရပ်ထားရင်းပျောက်တဲ့ ဆိုင်ကယ်စီးရေ မနည်းတော့ဘူး"

ကနီမြို့နယ်က ကလေးငယ် ၃၀၀ ကျော်ကို သပိတ်အင်အားစုတွေက သံချဆေးတိုက်ကျွေး

“၂၀၂၂ ဒီဇင်ဘာလက ဆေးတိုက်ခဲ့တဲ့ရွာတွေကို အခုပြန်တိုက်တာပါ။ ၆ လတကြိမ် ကျနော်တို့ ပုံမှန်တိုက်မှာပါ။ အခုလိုတိုက်တာကလည်း ကျနော်တို့သပိတ်အဖွဲ့ရဲ့အစီအစဉ်နဲ့ တိုက်တာပါ။ ဘယ်အဖွဲ့က ညွှန်ကြားလို့လုပ်ခိုင်းလို့ လုပ်တာမဟုတ်ပါဘူး”

ဆွေမျိုးတွေကို သတ်သွားတယ်ဆိုတဲ့ ဗိုလ်မှူးရဲ့ မင်္ဂလာဆောင်ကို လက်နက်ကြီးနဲ့သွားပစ် (ရုပ်/သံ)

"ကျနော့်ရဲ့ သွေးရင်း သားရင်းတွေကို သတ်ဖြတ်ပြီးတော့ သူတို့ကျတော့ အောင်ပွဲခံသလို မင်္ဂလာတွေဆောင်ကြ၊ အတီး အမှုတ် ကတ်ဆက်တွေဖွင့်ကြဆိုတော့ တိုက်ခိုက်ခဲ့တာဗျ"

ညောင်ဦးက ကြံ့ခိုင်ရေးပါတီ ရပ်/ကျေးစည်းရုံးရေးမှူး အသတ်ခံရ

"လည်ပင်းလည်း လှီးခံထားရသလို သေနတ်နဲ့လည်း ပစ်သတ်ခံထားရတဲ့ အခြေနေရှိတယ်။ ဖမ်းပြီးစစ်မေးပြီးမှ သတ်လိုက်တာလားတော့ မသိဘူး။ သူက ရွာအခေါ်ဆိုရင်တော့ ဗိန္ဒောဆရာပေါ့၊ ဆေးကုတာတွေလည်းလုပ်တယ်။ ခုလည်း ဆေးကုရာကနေ အပြန်အသတ်ခံရတာဖြစ်နိုင်တယ်"

ညောင်ပင်ကြီးရှိ လူနေအိမ် ၁,၀၀၀ ကျော်ကို စစ်ကောင်စီက အကုန်မီးရှို့ဖျက်ဆီး

“စရှို့တဲ့နေ့တောင် မေ့နေပြီ၊ ပွဲဖြစ်တဲ့နေ့ကနေ ဒီနေ့ထိပါပဲ ရှို့နေကြတာ။ ကြားထဲမှာ ၃ ရက်လောက် မရှို့ဘဲထားသေးတယ်။ ဒီနေ့မှ ကနဦးပြန်ရှို့တာ၊ သူတို့စရှို့တုန်းက မလောင်ဘဲကျန်ခဲ့တဲ့ အကျန်တွေကို ထပ်ရှို့တာနေမှာ”

မုံရွာ-ပုသိမ်ကားလမ်းမအတိုင်း မောင်းနှင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

“ဘယ်နေရာမှာမိုင်းဆွဲလဲ ဆိုတာကိုတော့ ပြောပြလို့မရပါဘူး။ ထိခိုက်မှုတွေတော့ရှိနိုင်တယ်။ ကျနော်တို့စုံစမ်းနေတုန်းပါ။ မိုင်းဆွဲလိုက်တော့ ပထမ ကားတစီးကို ထိသွားတယ်။ ကားမိုင်းထိပြီ မသေတဲ့သူတွေက လက်နက်ငယ်တွေနဲ့ ရမ်းပစ်တယ်”

ဖြူးမြို့ကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်တိုးမြှင့်၊ ခံစစ်ပြင်ဆင်ခြင်းဖြစ်ဟု ပကဖသုံးသပ်

"သူတို့ဘက်က ဘာသတင်းရထားလဲတော့ မသိဘူး။ စစ်ရေးဗျူဟာ ပြောင်းလာတယ်လို့ ပြောရမယ်။ ခု ရက်ပိုင်းမှာ အင်အား ၅၀၀ လောက်ထပ်ဖြည့်လာတယ်။ လမ်းဟောင်းတလျှောက်မှာရှိတဲ့ သူတို့ စစ်ဆေးရေးဂိတ်တွေကို ဖြုတ်လိုက်ပြီးတော့ စစ်တောင်းမြစ်နဲ့ ပဲခူးရိုးမကြားကို တပ်စွဲနေရာတွေလုပ်ပြီး ကာလိုက်တဲ့ သဘောလုပ်နေတယ်"

ရေစကြိုမြို့က စကစ တပ်စွဲထားတဲ့နေရာ စနိုက်ပါအပါ လက်နက်ငယ်အချို့နဲ့ပစ်ခံရ

"ကျနော်တို့ အပြန်အလှန်ပစ်ခတ်ခဲ့တာ မိနစ် ၂၀ လောက်ကြာခဲ့တယ်။ ကျနော်တို့ဘက်က ပြန်ဆုတ်တဲ့အချိန်မှာ သူတို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိပါတယ်။"

မီးဘေးစစ်ဘေးရှောင် ပြည်သူတွေကို ထောက်ပံ့ဖို့ သီးနှံတွေဝယ်ယူသလို မြေငှားရမ်းပြီး ထပ်မံစိုက်ပျိုး

"အရင်ဦးဆုံး ၃ ဧကစိုက်မယ်။ ကွင်းဆင်းလုပ်နေကြပြီ။ စိုက်လက်စကျောက်ဖရုံခင်းနဲ့ ခရမ်းခင်းကို ငွေချေလိုက်ပါတယ်။ အသီးတွေလည်း ခူးပြီးပြီ။ အပြတ်ဝယ်လိုက်တဲ့ သဘောပါ။ အခုခရမ်းအပင် ၈၀၀ ကျော်စိုက်ထားပါပြီ"

သရုပ်ဆောင်ဒေါင်းနဲ့ ပြည်သူတွေက စစ်ရှောင်တွေကို စားသောက်ကုန် လှူဒါန်း (Photo News)

ဆန်အိတ် ၂၀၊ ဆီပိဿာချိန် ၃၀၊ ငါးသေတ္တာဗူး ၃၃၀နဲ့ ကြက်သွန်ပိဿာချိန် ၁၀၀ ပါဝင်ပြီး ညောင်ပင်ကြီးအုပ်စုက စစ်ရှောင်စခန်း ၇ နေရာကို အလှူရှင်ကိုယ်စား အညာပစ်တိုင်းထောင်လေးများအဖွဲ့က သွားရောက်လှူဒါန်းခဲ့တာ

တမူး-ကလေး ကားလမ်းပိုင်းမှာ ဂိတ်ကြေးပေးဆောင်ရတာများလို့ ကုန်ကားသမားတွေ အခက်ခဲကြုံနေရ

“ပကဖမှာ ဆောင်ပြီးသားမို့ NLAမှာ ချလန်သွားပြရင် အကျုံးမဝင်ဘူး၊ သူတို့ကျ ပကဖနဲ့မဆိုင်ဘူးတဲ့၊ အကုန်ထပ်ဆောင်ရတာ၊ ဘာမှမပါဘူးဆို ၂ သောင်းတဂိတ်၊ ၅ သောင်းတဂိတ်ဆောင်ရတယ်၊ ကုန်ပါရင် ကွမ်းသီး၊ ဘိလပ်မြေ၊ အရက်၊ ဆေးလိပ် အကုန်တောင်းတော့ တော်တော် အဆင်မပြေဘူးဗျ၊ ခရီးတခုကို အနည်းဆုံး ၅ သိန်းလောက်ကုန်တယ်။”

ကန့်ဘလူမြို့နယ် ကျေးရွာတရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီမီးရှို့

"စစ်တပ် တပ်စွဲထားတာက ညောင်ကန်သာရွာနဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့ ညောင်ကုန်းတောင်ပေါ်ကနေလာပြီး မီးရိူ့သွားတာ။ ပြီးတော့ စားစရာရိက္ခာတွေလည်း လာယူသွားတာပေါ့။ ရက်စွဲနဲ့သာ တိတိကျကျမမှတ်မိတာ၊ ညောင်ကန်သာရွာကို မကြာခဏပစ္စည်းတွေဝင်ပြီး ယူတာပေါ့"

မြောင်မြို့က ရဲစခန်း၊ ထွေအုပ်နဲ့ စုပေါင်းရုံးတွေ တပြိုင်တည်းဝင်တိုက်ခံရ( ရုပ်/သံ)

ဇွန်လ ၂၁ရက် မနက် ၅နာရီခွဲလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၁နာရီကျော်ကြာမြင့်ကာ PDF တပ်ပေါင်းစုတွေဘက်က လက်နက်ကြီး၊ငယ် အပါအဝင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်

စစ်တပ်က လက်နက်ကြီး နေ့တိုင်းပစ်နေလို့ ခရီးသွားတွေနဲ့ဒေသခံတွေ ကျည်ထိမှာ စိုးရိမ်နေရ

"နဘားလမ်းဆုံမှာက ထမင်းဆိုင်တန်းရှိတယ်။ အင်းတော်ကိုဖြတ်မယ့် ကားတွေက ညနေ ၆ နာရီနောက်ပိုင်း နဘားလမ်းဆုံရောက်လာရင် အဲမှာပဲ ကားတွေက ညအိပ်ရတာများတယ်။ စကစ က လက်နက်ကြီးတွေ ပစ်နေတော့ ထမင်းစားတာတောင်မှ ကမန်းကတန်းစားပြီး ကျည်လွတ်မယ်ထင်တဲ့ နေရာမှာ နေနေကြရတာ။ ဘယ်အချိန် ကိုယ့်အနား လက်နက်ကြီးကျလာမလဲဆိုတာ စိုးရိမ်နေရတယ်"

စစ်အုပ်စုက စစ်ရှောင် ၁၀ ဦးကို ဓါးစာခံအဖြစ်ဖမ်းပြီး ၂ ဦးကိုပြန်လွှတ်ခဲ့

“သူတို့ (စစ်ကောင်စီ)က ဇွန်လ ၉ ရက်နေ့ကတည်းက ပုလဲနယ်ထဲကိုဝင်လာတာ၊ ဒီနေ့မှာ ပြန်ထွက်တာ၊ ပြန်ထွက်ချိန် ညောင်ပင်စောက်ကျေးရွာအတိုင်းသွားတော့ တောတွေထဲမှာ တောအလုပ်လုပ်နေကြတဲ့ ပြည်သူတွေကိုတွေ့ပြီ ဖမ်းခေါ်သွားတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10