သတင်း

ကန်နီရွာက စစ်အုပ်စုကို ၂ ရက်ဆက် တိုက်ခိုက်ရာ သေဆုံးမှုရှိဟုဆို

“၂ ရက်ဆိုတာထက် ညအိပ်ပြီး တိုက်တာလို့ပြောရင် ပိုမှန်ပါတယ်။ လက်နက်ကြီးက ညတုန်းက တမင်မိုးချုပ်မှ ပစ်တာပါ။ မနက်ခင်းကို ဝင်ပစ်ချင်လို့။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေ လည်း ရှိတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်တာတွေ မရှိပါဘူး ” လို့ MRG တပ်ဖွဲ့ဝင် ကိုပေါင်မုန့်က ပြောပါတယ်။

တောင်ငူမှာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌ ၁ ဦး ပစ်သတ်ခံရ

"ကျနော်တို့ သိရသလောက်က သူက ကြံခိုင်ရေး ရပ်ကျေးဥက္ကဌ။ ကြံ့ဖွတ်ဆိုတော့ စကစနဲ့ ပတ်သက်မှုတော့ရှိတယ်။ ဘယ်လောက်ထိ ပတ်သက်ဆက်နွယ်လဲ ဆိုတာတော့ သေချာမသိရဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ယင်းမာပင်နယ်ကို စစ်ကြောင်းထိုးလို့ ဒေသခံ ၅,၀၀၀ ကျော် အိမ်မပြန်နိုင်သေး၊ အမျိုးသမီး ၁ ဦး သေဆုံး

“စစ်တပ်က ကျေးရွာ ၃ ရွာမှာဖြန့်ပြီး တပ်စွဲထားလို့ ရွာထဲပြန်မဝင်ရသေးဘူး။ တချို့လည်း ကနီနယ်ဘက်ကို ရှောင်တာရှိသလို စစ်ကြောင်းနဲ့ လွတ်မယ့်ရွာတွေဘက်ကိုသွားကြတာလည်းရှိတယ်။ စစ်ကြောင်းလာမယ် သတင်းရလို့ ည(ဩဂုတ် ၅ ရက်)ကတည်းက ကြိုရှောင်သူတွေလည်း ရှိတယ်“ လို့ ရဲဘော်မောင်တူးက ပြောပါတယ်။

ပုလဲနယ်မှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်

"ဒေသခံ အထိအခိုက်ရှိ၊မရှိတော့ မသိရသေးဘူး။ ဂျက်လေယာဥ်က လက်နက်ကြီးတွေနဲ့ ခဏအကြာ ပစ်သွားတာ။ ဗုံးကြဲတာမဟုတ်ဘူး။ အခုကပြန်သွားပြီ"

NUGရဲ့ တောင်ပိုင်းတိုင်း ရိုးမစစ်ကြောင်း ၂ က စစ်ကြောင်းရောက်ရာဒေသမှာ အကျိုးပြုတွေ လုပ်နေဟုဆို

"ကျနော်တို့က ၂၀၂၂ လောက်ကတည်းက ရွာတွေကို နယ်​မြေလုံခြုံရေးထွက်တိုင်း၊ ရွာတွေမှာ တပ်ချအခြေပြုတိုင်း သူတို့လိုအပ်တာတွေကို နိုင်သလောက်ဝိုင်းလုပ်ပေးခဲ့ပါတယ်။ ပြည်သူလိုအပ်တာကိုလုပ်ပေးမှ ပြည်သူကလည်း ကျနော်တို့အဖွဲ့တွေအပေါ် ပိုမိုယုံကြည်လာမှာပါ။ ပြည်သူယုံကြည်မှ ကျနော်တို့လုပ်ငန်းကလည်း ပိုအောင်မြင်လာမှာ"

ယင်းမာပင်ဘက်ကတိုက်ပွဲတခုမှာ PDF တဦးဒဏ်ရာရပြီး ပျူစောထီးတဦးအရှင်ဖမ်းမိ

"ထိခိုက်ထားတဲ့ရဲဘော်နောက်မှာလည်း သေနတ်နဲ့အဖော်တွေပါတယ်ရှင့်။ သူတို့က မျှားခေါ်သလိုမျိုးပဲ။ ပျူနှစ်ယောက်က ကင်းပုန်းထဲက ထွက်လာတယ်။ အဲ့နှစ်ယောက်ထဲက ပထမတယောက်ဖမ်းမိပြီး သေနတ်ဒင်နဲ့ရိုက်လိုက်တဲ့ချိန်မှာ နောက်တယောက်က ထွက်ပြေးသွားတာ။ ထိတွေ့တိုက်ပွဲတော့ မဖြစ်ခဲ့ဘူး"

ဝမ်ပေါင်ကုမ္ပဏီ ပြန်လည်ပတ်ရန်ကြိုးပမ်း ဝက်မှေးရွာနဲ့ အနီးနားကျေးရွာတွေကို အင်အားသုံးပြီး ခြံစည်းရိုးခတ်နေ

"အဓိကကတော့ စစ်တပ်ရဲ့ရိက္ခာလမ်းကြောင်းကိုဖောက်တာ ထင်တယ်။ အခုဖောက်လိုက်တဲ့လမ်းက ညောင်ပင်ကြီးဆိပ်ကမ်းကနေ ကုမ္ပဏီကိုတည့်တည့်သွားလို့ ရသွားပြီ။ ကြေးနီတွေသယ်ဖို့ဆိုတာကတော့ လုပ်လိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းထားတာပေါ့။ ဒီကုမ္ပဏီနားက မီးတိုင်ကို ကာကွယ်ရေးတပ်တွေ ဖျက်ဆီးထားတာတောင် ပြန်ပြင်မယ်လို့ကြားတယ်"

ရေတာရှည်မှာ စစ်ကောင်စီသတင်းပေးဆိုသူ ရာအိမ်မှူး ပစ်သတ်ခံရလို့ သေဆုံး

"သူ့ကို ဒေသကာကွယ်ရေးအဖွဲ့တခုက နေအိမ်မှာ ဝင်ရှင်းတာ။ ထွက်ပြေးလို့ လိုက်ပစ်ခဲ့ရသေးတယ်လို့ သိရတယ်။ ပစ်ခံရလို့ နေရာမှာ သေဆုံးသွားတယ်"

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်း ၊ မလွတ်မြောက်ခြင်းအပေါ် လက်နက်ကိုင်တော်လှန်ရေးသမားများ၏ အမြင်သဘောထား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာမည်ဆိုပါက လက်ရှိ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်နှင့် နိုင်ငံရေးအခင်းအကျင်း မည်သို့ဖြစ်လာနိုင်မည်နည်း၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကြား ပွတ်တိုက်မှုများဖြစ်ပေါ်လာနိုင်မည်လား စသည့်မေးခွန်းတချို့ကို အညာဒေသတွင်း အခြေစိုက် ကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်တပ်ရင်း၊ Bo Tiger-ဗိုလ်ကျားကြီးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) စသည့်တပ်ဖွဲ့၊ တပ်ရင်းများအပါအဝင် နွေဦးတော်လှန်ရေးကို လေ့လာစောင့်ကြည့်နေသူတို့နှင့် မြေလတ်အသံသတင်းဌာနက မေးမြန်းခဲ့ပါသည်။

ကျွန်းလှမြို့နယ်၊ ကြာတကံရွာကို စစ်အုပ်စုက ဒုတိယအကြိမ်မီးရှို့

“ကျနော်တို့ ကြားတာက ပြီးခဲ့တဲ့ ၂ ရက်လောက်က ကျွန်းလှမှာ ပျူအချင်းချင်းပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒီထဲမှာ ပျူတယောက်က ကြာတကံရွာဘက်ကိုပြေးလာလို့ သူတို့တွေက ကြာတကံရွာကိုလာပြီး မီးရှို့တယ်လို့တော့ ထင်တာပဲ။ ထွက်ပြေးလာတဲ့ ပျူမှာ ကာဘိုင်တလက်နဲ့ စက်လတ်ကျည် တွေပါလာတယ်တဲ့။ အခုကြာတကံရွာက နေအိမ် ၄၀ ကျော်လောက် မီးထဲပါသွားပြီတဲ့”

မုံရွာ-အရာတော် လမ်းမကြီးပေါ်က ၈ လေးလုံးနေ့ အကြိုသပိတ် (photo news)

ဩဂုတ် ၇ ရက် ဒီနေ့ မနက်ပိုင်းက “မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း”၊ “ဥပဒေကို စစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ဘုရားမတည်နဲ့” စတဲ့ ဘန်နာတွေကိုင်စွဲပြီး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ဝင်ငွေဖြတ်တောက်ဖို့ ပဲခူးရိုးမပေါ်ကို ကုန်တင်ယာ​ဉ်တက်ရောက်ခွင့် PDF ပိတ်ပင်

"အဓိကက ဆိုင်ကယ်နဲ့ အိမ်စီးကားကလွဲရင် ၆ ဘီး၊ ၁၂ဘီးအကုန်ပါတယ်။ ဒီကုန်ကားတွေ မီးသွေး၊ သစ်မှောင်ခိုကားတွေပေါ့။ ဒီနယ်ရဲ့ စကစ ဝင်ငွေလမ်းကြောင်းက ဒါတွေကအဓိကဖြစ်နေတာ"

စစ်တပ်က မီးရှို့ခဲ့တဲ့ မြောင်မြို့နယ်က ရွာ ၂ ရွာကို စားသောက်ကုန်တွေထောက်ပံ့

“ရွှေပေါက်ပင်ရွာနဲ့ လုံခြုံရေးအရအမည်ဖော်လို့မရတဲ့တရွာကို လှူဒါန်းခဲ့တာပါ။ အဲ့ဒီ ၂ ရွာကမီးဘေးသင့်သူတွေ လက်ရှိနေတာက နေအိမ်မီးလောင်ပြင်ကိုရှင်းပြီး ယာယီထန်းလက်မိုးတဲတွေနဲ့ နေကြတယ်"

ကျေးရွာ ၇ ရွာက စစ်မီးသင့်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးတွေထောက်ပံ့

"ပြည်တွင်းပြည်ပ အလှူရှင်တွေရဲ့ထောက်ပံ့မှုနဲ့ ကျနော်တို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့က သွားရောက်ပြီးတော့ ဆေးဝါးကုသမှုပေးခဲ့တာ၊ ကျန်းမာရေးစောင့်ရှောက်မှုသွားလုပ်တာမှာ ဆေးသင်တန်းတက်ထားတဲ့သူတွေတင်မဟုတ်ဘဲ CDM ပြုလုပ်ထားတဲ့ ဆရာ ဆရာမတွေကိုယ်တိုင်ဦးဆောင်ပြီးတော့ ဆေးဝါးကုသမှုတွေပေးကြတာပါ၊"

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ မော်တော်ရေယာဉ် ၃ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

"လက်နက်ခဲယမ်း သယ်လာတဲ့မော်တော်ကိုတော့ ချင်းတွင်းမြစ်ကြောင်း ပေါင်းဝရွာထိပ်မှာ ရှေ့ထွက်ပြောင်း ၁၁ ပြောင်းနဲ့ ပွိုင့် ၃ ပွိုင့်ခွဲပြီး တိုက်ခိုက်ခဲ့တာ၊ နောက်တပွိုင့်ကကျတော့ ရွှေကုန်းရွာထိပ်မှာ လက်နက်သယ်လာတဲ့ သင်္ဘောကို ကာဗာပေးနေတဲ့ စစ်သင်္ဘောကို ရှေ့ထွက်ပြောင်း ၁၀ ပြောင်းနဲ့ တိုက်ခိုက်ခဲ့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10