သတင်း

စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်း အနီးကပ်တိုက်ခိုက်ခံရလို့ ၁၅ ဦးခန့်သေဆုံး (ရုပ်/သံ)

"အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ ဒီအကြိမ်နဲ့ဆိုရင် ၅ ကြိမ်ရှိပြီ။ မနေ့ကတော့ အဲ့ဒီစစ်ကြောင်းနဲ့ ၃ ရွာအကြားမှာ မနက် ၉ နာရီမှာ တိုက်ပွဲစဖြစ်ခဲ့တာ။ ကျနော်တို့ MRDA ရဲဘော်တွေက အဲ့ဒီစစ်ကြောင်းမလာခင် မီတာ ၃၀၀ အတွင်းမှာ နေရာယူထားတာ။ မီတာ ၁၀၀ အတွင်းရောက်လာမှ ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်ခဲ့တယ်။"

ပွင့်ဖြူမှာ စစ်ကောင်စီတပ်က မြန်မာဘီယာနဲ့ ရူဘီဆေးလိပ်ကို ဖိအားပေးရောင်းခိုင်း

"သူတို့(စကစနဲ့ရဲ)စစ်တဲ့အကြောင်းက မြန်မာဘီယာနဲ့ Ruby ဆေးလိပ် တင်မတင် လိုက်စစ်တာအစ်ကို။ မတင်တဲ့ဆိုင်တွေကို ဖမ်းတယ်၊ သတိပေးတယ်။ တင်ဖို့ဖိအားပေးတယ်။ ဒဏ်ငွေဆိုပြီးတောင်းတယ်ဗျ"

နတ်မောက်က စစ်ကောင်စီဂိတ်ကို ၈ လေးလုံးအထိမ်းအမှတ်အဖြစ် PDF က သွားပစ်

“ပုံမှန်ဆို အဲ့ဒီဂိတ်မှာ လူအင်အား ၂၀ ကျော် ၃၀ ကျော်လောက် ရှိတယ်။ ဂိတ်ထဲမှာ ရဲတွေရော စစ်သားတွေရော ရှိတယ်။ နေ့ရောညရောဖွင့်ထားပြီး လမ်းကြေးတွေကောက်နေတာ အာဏာသိမ်းပြီး ကတည်းက။ ဒီနေ့မနက်လည်း ကျနော်တို့က သူတို့ကို ၈ လေးလုံးအထိမ်းအမှတ်အနေနဲ့ ခြောက်လှန့်တဲ့သဘော သွားပစ်ခဲ့တာပါ ”

စစ်သားတွေ တပ်စွဲထားတဲ့ ရှိမ်းမကားရဲစခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရ

" ကျနော့်တို့ပစ်လိုက်တာမှာ သူတို့စခန်းပေါ် တည့်တည့်ကျတယ်။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ ၄ လုံးလောက်ပြန်ပစ်တယ်။ နောက်ပိုင်းကျတော့ သူတို့ဘက်က ပြန်ပစ်တာမရှိဘူး။ ထိခိုက်သေဆုံးမှုတော့ အတိအကျတော့မရသေးဘူး။ စုံစမ်းနေဆဲပါ။"

လက်ပံတန်းမြို့နယ်မှာ လေပြင်းကြောင့် နေအိမ်အဆောက်အဦ ၆၀ ကျော်ပျက်စီး

"မိုးက ရွာနေရာကနေ အသံတွေကျယ်လာတာ။ ပထမက လေယာဥ်သံထင်နေကြတာ။ ပြီးမှာ လေပြင်းတိုက်တာ သိပ်တောင်မကြာလိုက်ဘူး။ ၅ မိနစ်လောက်ပဲ ကြာမယ်။ တော်တော်ပြင်းတယ်။ မနက်ကျ အိမ်တွေတော်တော်ပျက်စီးသွားကြတာ"

ABSDF Column 3 လက်အောက်ခံ တပ်ရင်း ၂ ခုမှာ ကျင်းပခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနား

"ABSDF Column 3 ရဲ့ လက်အောက်မှာရှိတဲ့ တပ်ရင်း ၂ ရင်းမှာ ဒီအခမ် အနားကို ပြုလုပ်ခဲ့တာပါ။ ၈၈ စိတ်ဓါတ်ကို ကိုင်စွဲပြီး လက်ရှိနွေဦးတော်လှန်ရေးကို အားလုံးက တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ဟောပြောမှုအပြီးမှာ သံဃာတော်တွေကို နေ့လယ်ဆွမ်းလှူခဲ့ပါတယ်"

ဘုတလင်မြို့ မီးသတ်ဦးစီးဌာနက ဝန်ထမ်း ၂၀ ခန့်ကို ပကဖက ဖမ်းဆီးပြီး မီးသတ်ကား ၂ စီးပါယူဆောင်နိုင်ခဲ့

"သူတို့(မီးသတ်)က Non-CDM တွေဖြစ်လို့ ဖမ်းဆီးခဲ့တာ။ အခုတော့ အကုန်လုံးကို လွတ်မြောက်နေရာကို ပို့ဆောင်ထားလိုက်ပြီ။ ဒီအထဲက ၂ ယောက် ထွက်ပြေးသွားတယ်လို့ ကြားရပေမယ့် အတည်ပြုလို့ မရသေးဘူး"

မုံရွာ-အမြင့်လမ်းသပိတ်အဖွဲ့က ဦးဆောင်ပြီး ၃၅ နှစ်ပြည့် ရှစ်လေးလုံးအထိမ်းအမှတ်သပိတ်ပြုလုပ်

အဆိုပါသပိတ်ပွဲမှာ ခေတ်အဆက်ဆက်က အမြစ်မပြတ်နိုင်သေးတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို နွေဦးတော်လှန်ရေးမှာ အပြီးတိုင်ဖယ်ရှားပစ်ဖို့ လိုအပ်ကြောင်းနဲ့ အာဏာရှင်တွေဟာ လူပုဂ္ဂိုလ်သာပြောင်းလဲသွားမယ့ ပြည်သူအပေါ်အကြမ်းဖက်မှု၊ ပိတ်ပင်တားဆီးမှုတွေ စတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်တာချင်းကတော့ တူတူပဲဖြစ်တယ်လို့ ဆိုပါတယ်။

ခင်ဦးမှာ ကောက်စိုက်တောင်သူတွေက ရှစ်လေးလုံးနေ့အထိမ်းအမှတ်ဆန္ဒပြ

ဆန္ဒပြသူတွေဟာ ဒီကနေ့ သြဂုတ် ၈ ရက်၊ မနက် ၈ နာရီခန့်က လယ်ယာလုပ်ငန်းခွင် မှာ "NUG အစိုးရ - ဒို့အစိုးရ"၊ "ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး - ဒို့အရေး"၊ "၈၈ ကအချိုးတွေ ငါတို့ခေတ်မှာလာမချိုးနဲ့ မကြောက်ဘူးဟေ့" ၊"အညာဖက်ဒရယ် အောင်ရမည်" အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ လက်သုံးချောင်းထောင်ကာ ဆန္ဒပြခဲ့တာလို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ ယာယီအုပ်ချုပ်ရေးမှူးလုပ်နေသူ ပစ်ခတ်ခံရပြီး သေဆုံး

"ကျေးရွာအုပ်ကြီးက မျိုးဝင်း၊ သူက ရှောင်နေတာ။ ရွာမှာ မနေဘူး။ အဲ့တော့ သူက ယာယီအုပ်ချုပ်ရေးမှူးလုပ်နေတာ။ သူနေအိမ်ထဲမှာ ထိုင်နေချိန် ပစ်ခတ်ရှင်းလင်းခံရတာ"

စစ်ကောင်စီသတင်းပေးဆိုသူ ကြံခိုင်ရေးပါတီဝင် အသတ်ခံရပြီး နေအိမ်မီးရှို့ခံရ

"လုပ်တဲ့အဖွဲ့က ရွာသားတွေကို ဦးမြဝင်းခေါင်းကိုပြပြီး အာချောင်ရင် ခုလိုဖြစ်မယ်ဆိုပြီး ပြောဆိုခဲ့တယ်။ သူက တောလည်ထွက်ပြီး PDF စခန်းတွေစုံစမ်း စကစ သတင်းပေးလုပ်တယ်။ PDF ပစ္စည်းတွေ တွေ့ရင်လည်း စကစထံအပ်တာမျိုး လုပ်လေ့ရှိတယ်"

၈၈၈၈ အရေးတော်ပုံနေ့မှာ နှစ်သောင်းကျပ်တန် ငွေစက္ကူကို မီးရှို့ပြီး ဆန္ဒပြ

လက်ပံတောင်းဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုက ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဂုဏ်ပြုတာ၊ ဆေးအနီရောင်တွေကို လမ်းမကြီးပေါ်မှာ ပက်ဖြန်းကာ စစ်တပ်ထုတ်ကုန် ငွေကျပ်နှစ်သောင်းတန်တွေကို ပြည်သူတွေအနေနဲ့ အသုံးမပြုကြဖို့ တိုက်တွန်းတဲ့အနေနဲ့ မီးရှို့တဲ့အစီစဥ်ကို ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ အဲ့ဒီသပိတ်အင်အားစုကော်မတီဝင် ကိုမျိုးမျိုးက ဆိုပါတယ်။

ယင်းမာပင် PDF က လက်နက်ဝယ်နိုင်ဖို့အတွက် သီးနှံစိုက်ခင်းများ တိုးချဲ့စိုက်ပျိုး

"ရဲဘော်ရဲမေ အင်အားကများတယ်။ တပ်တစ်ခုအနေနဲ့ စားနပ်ရိက္ခာ အလုံအလောက်ရှိမယ်ဆိုရင် ပြည်သူတွေဆီကနေ ရိက္ခာအလှူမခံရတော့ဘူး။ အလှူမခံရရင် ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ လျော့စေနိုင်ပါတယ်။ လက်နက်ခဲယမ်းဝယ်ဖို့ အားထည့်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးခဲ့တာပါ"

စကျင်ရွာထဲ ဈေးဝယ်ထွက်တဲ့ တောကြီးမြွေပွေးအဖွဲ့ကို စစ်တပ်ရှာဖွေ၊ ၂ ယောက်ဖမ်းမိဟုဆို

"နှစ်ယောက်စလုံးက ကျွန်တော်တို့ တပ်ဖွဲ့က မဟုတ်ပါဘူး။ ဒေသခံတွေလည်း မဟုတ်ဘူး။ သက်သက်လုပ်ထားတဲ့ပုံတွေဖြစ်မယ်"

ကနီ ယင်းမာပင်နယ်စပ်တိုက်ပွဲမှာ PDF ရဲဘော်၂ဦးသေဆုံးပြီး စစ်အုပ်စုဘက်လည်းသေဆုံးမှုရှိ (ရုပ်/သံ)

"ကင်းထောက်ပေးရင်းနဲ့ ဆုတ်လမ်းမရှိတော့သလို ဖြစ်သွားတာ။ ခွေးတွေက ပစ်ခတ်တာခံလိုက်ရတယ်။ အလောင်းကို ပြန်ကောက်ဖို့ဟာ ကပ်လို့မရတဲ့အတွက် ပြန်မကောက်နိုင်ခဲ့ဘူး။ နောက်ထပ်ရဲဘော်တဦးကလည်း အပြန်အလှန်ပစ်ခတ်ရင်းနဲ့ ကျခဲ့တာ။ လက်နက်တော့ ပြန်ရခဲ့တယ်။ အလောင်းတော့ပြန်ကောက်လို့ မရခဲ့ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10