သတင်း

ကြာအင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အသေများလို့ ရွာကို မီးတင်ရှို့ပြီး ရွာသား ၇ ဦးကိုသတ်

“ရန်သူက လက်နက်ကြီးနဲ့ ပစ်ပြီးမှ ပိုင်ပြီထင်ပြီး ကွင်းပြောင်ကနေ တက်လာကြတာ။ လယ်ကွင်းထဲက ဖြတ်တက်လာတော့ ဒီဘက်က တပြိုင်တည်း ဝိုင်းဆော်တော့ သူတို့(စကစ)ဘက်က အသေအပျောက်များတာပေါ့။ ၅၀ ကျော်လောက် သေတယ်လို့တော့ကြားရတယ်။ အတည်ပြုဖို့တော့ လိုသေးတယ်။ လက်နက်ကြီးကတော့ တော်တော်ကိုပစ်တာ အလုံး ၁၀၀ နီးပါးတောင် ရှိမလား မသိဘူး။” လို့ ဒေသခံရဲဘော်တဦးက ပြောပါတယ်။

ပဲခူးမှာ ရေကြီးနစ်မြုပ်လို့ ဒေသခံ ၁,၀၀၀ နီးပါး ပြောင်းရွှေ့နေရ

"ညကစပြီး ရေက တရိပ်ရိပ်နဲ့ စတက်တယ်။ မနက် ၃ နာရီလောက်မှာ ပိုများလာတယ်။ စိုးရိမ်ရေမှတ်ထက် ၄၀ စင်တီမီတာလောက်ကျော်နေပြီ။ ညကဆို ဖောင်တော်ဦးအနိမ့်ပိုင်းက လူတွေ စရွှေ့ကြတယ်။ ကျေးရွာတွေ ဘက်မှာလည်း ရေမြုပ်လို့ရွေ့ပြောင်းနေကြတယ်။ ခုမနက်ထိလည်း ရေက တက်နေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကြောင်းထိုးလို့ ဒီပဲယင်းမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တို့က ဒေသခံ ၂ သောင်းကျော် ထွက်ပြေးရပြန်

“သူတို့ ပဲယင်းကိုလာတဲ့လမ်းတလျှောက်လုံးလက်နက်ကြီးတွေရော၊ စက်လက်နက်တွေရောပစ်ဖောက်ပြီး ဝင်လာတာပါ။ ဖမ်းဆီးခံရတဲ့ရွာသားတွေတော့ မကြားမိသေးဘူး။ ရွာတွေထဲဝင်ပြီး ဘာတွေ ယူသွားလဲဆိုတာတော့ ကျနော်တို့လည်း ရွာနားမကပ်ရဲတော့ ဘာမှတိတိကျကျမသိရသေးဘူး။ အခုလက်ရှိ သူတို့တွေ နဘဲလှရွာထဲမှာရောက်နေတယ်”လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးကူညီသူတဦးက ပြောပါတယ်။

ချောင်းရေကြီးလို့ CDF-Asho နောက်တန်းစခန်းရေမြုပ်ပြီး သီးနှံစိုက်ခင်းတွေပျက်စီး

"မနက် ၃ နာရီဝန်းကျင်လောက်မှာ တပ်စိတ်က ရဲဘော်နှစ်ယောက် သူတို့အဆောင်အပေါ်ရေတက်လာတယ်ဆိုပြီး ကျနော့်အဆောင် ရုံးကို ရောက်လာကြပါတယ်။ မိုးကလည်း တညလုံး မပြတ်ရွာနေတယ်။ ၃ ခွဲလောက်မှာ အဆောင်အောက်ကြည့်လိုက်တော့ မြေပြင်နဲ့ နှစ်ပေကျော်ကျော်ရေတက်နေပြီ" လို့ CDF- Asho ဌာနချုပ်စခန်းတာဝန်ခံ ဆလိုင်းလီယိုက ပြောပါတယ်။

ယင်းမာပင်တိုက်ပွဲမှာ ဒဏ်ရာရတဲ့ PDF တဦး ဆေးကုသမှုခံယူနေရင်း သေဆုံး

"တိုက်ပွဲက ဒီနေ့ထိ မပြီးသေးဘူးဗျ။ ဒီရဲဘော်က တိုက်ပွဲတိုက်ခိုက်နေချိန် သူ့အနားကို စကစ ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အစတွေထိမှန်ခဲ့တာ။ အဲ့တာကို ဆေးကုနေရင်း မနေ့ကကျဆုံးသွားတာ" လို့ Union Liberation Fornt - ULF V 02 မှ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်တန်က ပြောပါတယ်။

ပေါက်မြို့နယ်ထဲက ကျေးရွာမှာ ဗကသဦးဆောင်ပြီး ရှစ်လေးလုံးအထိမ်းအမှတ် သပိတ်စစ်ကြောင်းထွက်

ဩဂုတ် ၈ ရက် မ‌နေ့က မနက် ၇ နာရီက ဗကသများအဖွဲ့ချုပ်ရဲ့ ခွပ်ဒေါင်းအလံတော်ကို ကိုင်စွဲကာ ရွာအတွင်း သပိတ်စစ်ကြောင်း လှည့်လည်ခဲ့ပြီး လူထုကိုလည်း ၃၅ နှစ်ပြည့် ရှစ်လေးလုံးနေ့ အထိမ်းအမှတ်အကြောင်း ဟောပြောတာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

နတ်သံကွင်းနဲ့ ကျောက်တံခါးရှိ ကျေးရွာအချို့က ကုန်းလမ်းရေလမ်းကို အသုံးမပြုကြဖို့ KNU က အရေးပေါ်ထုတ်ပြန်

"စစ်ရေးအခြေနေအရ မမြင်နိုင်တဲ့ အခြေနေတခုမှာ ပစ်ခတ်မှုဖြစ်လာရင် ရောထွေးမှုတွေဖြစ်လာနိုင်တယ်။ ပြီးတော့ ဒီလမ်းပိုင်းတွေမှာဆိုရင် စကစ ဘက်က ပြည်သူတွေကို အမြဲတမ်း စစ်ဆေးနေတာဖြစ်တော့ စကစကို နည်းလမ်းတခုနဲ့ထိန်းချုပ်တာမျိုးလည်းဖြစ်ပါတယ်။ စကစ ဘက်က ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ ဖမ်းဆီးတာတွေ အတွက်လည်း တပ်လှန့်သတိပေးတာမျိုးဖြစ်ပါတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်က ၆၀ မမနဲ့ ပစ်ခတ်မှုကြောင့် ခင်ဦးနယ်မှာ ၅ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

ရေဦးတိုင်းရင်းဆေးရုံက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ အင်းပတ်ရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ မရမ်းအင်းကျေးရွာဘက်ကို ကျရောက်ခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အဲဒီအထဲကမှ အသက် ၁၃ နှစ်အရွယ်ယောင်္ကျားလေး ဟာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

၈၈၈၈ အထိမ်းအမှတ်အဖြစ် ရေစကြိုမြို့ နယ်က ပျူစောထီးရွာကို Rocket ၃ လုံးနဲ့တိုက်ခိုက်

"၃ လုံးပစ်တာမှာ ပထမတလုံးက ရွာရဲ့တောင်ဘက်ကျတယ်။ ဒုတိယတလုံးက ရွာအလယ်တည့်တည့် ကျတယ်။ တတိယတလုံးကတော့ စကစတွေ တပ်စွဲနေတဲ့ ရွာရဲ့မြောက်ဘက်ကို ကျသွားတယ်။ အထိအခိုက်ကျတော့ မသိရသေး" လို့ COBRA ONEONE တာဝန်ခံ ဗိုလ်မြွေဟောက်က ပြောပါတယ်။

အုတ်ဖြတ်ရဲစခန်းနဲ့ အုတ်ဖြတ်တံတားဂိတ် တိုက်ခိုက်ခံရ

“အုတ်ဖြတ်ရဲစခန်းနောက်ကနေ ကြာအင်းဘက်ကို ပစ်ကူပေးနေတဲ့နေရာကို ကြဲတာ၊ လက်နက်ကြီးက တောအုပ်ထဲကနေ ပစ်ပေးနေတာ၊ အဲ့နေရာကို ဒရုန်းနဲ့ ကြဲပေးတာ၊ ကြာအင်းဘက်ကို အာရုံစိုက်နေချိန် အုတ်ဖြတ်ဂိတ် ပစ်ခံရတာ”လို့ ဒေသခံရဲဘော်တဦိးက မြေလတ်အသံကို ပြောပါတယ်။

၈၈ တုန်းက မပြီးပြတ်သေးတဲ့ တိုက်ပွဲကို ဆက်လက်တိုက်သွားမယ်လို့ HUNDRED ပြောက်ကျားတပ်ဖွဲ့ပြော

“ကျနော်တို့ရဲ့ရှေ့က တော်လှန်ရေးသမားတွေ ၈၈ မှာ တော်လှန်ခဲ့တဲ့ မပြီးသေးတဲ့တော်လှန်ရေးကို ကျနော်တို့ အဖွဲ့တွေအနေနဲ့ တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့အကြောင်းကို အများပြည်သူသိအောင် လှုပ်ရှားမှုတခုအနေနဲ့ လုပ်တာပါ”

GZ Special Task Force ရဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ လှုပ်ရှားမှု

အခမ်းအနားမှာ ဦးဆောင်သူတွေရဲ့ တော်လှန်ရေးအတွေ့အကြုံနဲ့ ရဲဘော်တွေရဲ့ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပြီး တပ်ဖွဲ့ဦးဆောင်သူ ကိုGZ က ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

နတ်တလင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၂ ဦးသေ

“သေတဲ့စစ်သား ၂ ဦးကိုတော့ အဲ့ဒီနေ့ညနေက ကွင်းကျယ်ရွာမှာ သေနတ်ပစ်ဖောက်ပြီး သဂြိုဟ်တယ်။ အဲ့ဒီစစ်ကြောင်းက အခုအချိန်(ဩဂုတ် ၈ ရက်) အထိ ကွင်းကျယ်ရွာထဲမှာပဲ ရှိနေတယ်လို့ပြောပါတယ်"

ရေစကြိုက ပြည်သူ့အခြေပြုကျောင်းတခုမှာ ရှစ်လေးလုံးအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

အခမ်းအနားမှာ လူဦးရေ ၄၀၀ နီးပါးတက်ရောက်ခဲ့ပြီး ရှစ်လေးလုံးသမိုင်း အကြောင်းအရာတွေကို အဓိကထား ဟောပြောခဲ့ကာ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေ သမိုင်းအကြောင်းအမှန်သိရှိကာ အာဏာရှင်တော်လှန်ရေးမှာ သွေးမအေးစေလိုတဲ့ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကန်နီရွာကစစ်အုပ်စု ၆ ရက်ဆက် တိုက်ခိုက်ခံရပြီး ၇ ဦးဒဏ်ရာရ (ရုပ်/သံ)

"ကန်နီရွာကို ၂ ရက်နေ့ မနက် ၈ နာရီခွဲကနေ နေ့ရောညရောပစ်တာ၊ ၇ ရက်နေ့အထိ ဒရုန်းနဲ့ဗုံးသီး ၂၈ လုံးကြဲချပြီး ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ တွေနဲ့ အချက်ပေါင်း ၇၀၀ ကျော်နဲ့ ပစ်ခဲ့တာ၊ ထိခိုက်ဒဏ်ရာရတာက ၇ ဦးလောက်ရှိတယ်၊ ပျူစောထီးတွေ ထိတာများတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10