သတင်း

ရှစ်လေးလုံး လူထုသပိတ်အကြို စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ

"ငွေကြေးဖောင်းပွမှု၊ လျှပ်စစ်မီးဖြတ်တောက်ခံရခြင်း၊ ကုန်စျေးနှုန်းအဆမတန်ကြီးမြင့်ခြင်း၊ ငတ်မွတ်ခြင်းတွေကနေ လွတ်မြောက်ဖို့အတွက် ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးကို ဘေးကရပ်ကြည့် လက်ခုပ်တီးအားပေးမနေတော့ဘဲ ပုံစံမျိုးစုံနဲ့ တော်လှန်ကြဖို့ တိုက်တွန်းပါတယ်"

ဆိပ်ခွန်မြို့ထဲမှာ တပ်စွဲနေတဲ့ စစ်ကြောင်းကို တိုက်ခိုက်လို့  ၅ ဦးသေပြီး PDF ၁ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ဆိပ်ခွန်မြို့ထဲကို လာရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံမဟာမတ်တပ်ဖွဲ့တွေက ခုခံတိုက်ခဲ့လို့ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိတယ်လို့ Shwebo Special Army - SBFA ရဲ့သတင်းပြန်ကြားရေးတာဝန်ခံ ကိုပိန်က ပြောပါတယ်။

စကျင်မြို့ပေါ် တောကြီးမြွေပွေးအဖွဲ့ လှည့်လည်ပြီးနောက် စစ်ကောင်စီက အလုံးအရင်းနဲ့ ပိတ်ဆို့စစ်ဆေး

"စကျင်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကား ၇ စီးနဲ့ မနက်၄နာရီကျော်မှာ ဝင်လာပြီး တပ်စွဲထားသလို အဲ့ဒီစစ်ကြောင်းက အင်အားခွဲပြီးတော့ စကျင်ရွာရဲ့မြောက်ဘက်မှာရှိတဲ့ မြွေပုံကန်ရွာအနီးက တောင်တန်းမှာလည်း တပ်စွဲထားပါတယ်။"

ပန်းတောင်းမှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

"သူက အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့သူ။ စိတ်ကလည်း ပုံမှန်အခြေအနေ မဟုတ်တော့ လုပ်မိလုပ်ရာလုပ်တာဖြစ်မယ်။ ပြီးတော့ သူကတအိမ်တည်းဆိုပေမယ့် မိသားစုက အပေါ်ထပ်မှာနေပြီး သူကအိမ်အောက်ထပ်မှာ တယောက်တည်းနေတာလို့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

သပိတ်ကျင်း တတက ၁၃ က စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ယာဉ်တန်း မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး

"မိုင်းဆွဲခံရလို့ ကားတစီးက ထိုးရပ်သွားတယ်။ ကျန်တဲ့ကားတွေလည်းရပ်ပြီး ထိခိုက်သေတဲ့သူတွေကို ကားပေါ်ပြောင်းတင်ပြီး ၃ မိုင်ကျေးရွာနားရောက်တော့ နာရေးကားနဲ့ပြောင်းတင်တယ်။ ပြီးတော့မှ ကြာအင်းစစ်ဆေးရုံဘက်ကို သယ်သွားတာကို သိရတယ်" ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကြာညပ်မှ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ချင်းတွင်းမြစ်ထဲ စစ်ကောင်စီ ဖလပ်ခွန် ၃ စီးနဲ့ စစ်သင်္ဘော ၂ စီး တိုက်ခိုက်ခံရ (ရုပ်/သံ)

"မနေ့က ကတည်းက ပခုက္ကူဘက်မှာရောက်နေတယ်လို့ကြားတာ။ ကျနော်တို့က ကြိုတင်စောင့်ပြီး ၂ ပွိုင့်ခွဲပြီးပစ်ခဲ့တာ၊ တဖက်ပွင့်တွေနဲ့ လက်လုပ် ၆၀ မမ၊ ၄၀ မမ ဂန်းငယ်တွေနဲ့ ဝိုင်းပစ်ခဲ့ကြတာ။ ကျနော်တို့ကို အဲ့ဘက်နယ် အထောက်ပြောတာက ၁၀ ကောင်သေတယ်လို့ ပြောတယ်" လို့ Myanmar's Royal Dragon Army-MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

တပခတိုင်းမှူး ရာထူးတိုးနဲ့ နေပြည်တော်ကိုပြောင်းရွှေ့၊ ပြည် ဒကစမှူး နေရာကိုလည်း အပြောင်းအလဲလုပ်

လေ့ကျင့်ရေးအရာရှိချုပ်ဟာ စစ်ဦးစီးလက်ရုံးဝန်ထမ်းတပ်တွေဖြစ်တဲ့ လေ့ကျင့်ရေးကျောင်း၊တပ်တွေကို ကွပ်ကဲရတာဖြစ်ပြီး ယခင် လေ့ကျင့်ရေးအရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ်ပြောင်းရွှေ့သွားတဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစတင်လို့ အဲ့ဒီလေ့ကျင့်ရေးအရာရှိချုပ် နေရာဟာ လစ်လပ်နေ တာဖြစ်ပါတယ်။

ပုလဲမှာ စစ်ရှောင်တွေဆီက ရိက္ခာနဲ့တိရိစ္ဆာန်တွေကို စစ်သားနဲ့ပျူတွေလုယူ

နှောရိုးရွာနဲ့ တမိုင်လောက်ဝေးတဲ့ ဇီးဖြူကုန်းရွာက စစ်သားနဲ့ပျူစောထီးအဖွဲ့ဟာ မနေ့မနက် ၈ နာရီလောက်မှာ တောစပ်တွေအနီးနေထိုင်နေရတဲ့ စစ်ရှောင်တွေဆီရောက်လာပြီး စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ တိရိစ္ဆာန်တွေကို လှည်းတွေနဲ့ ယူသွားခဲ့ကြတာလို့ ဆိုပါတယ်။

ယင်းမာပင်နယ်က PDF တပ်စိတ်မှူး ပစ်သတ်ခံရပြီး ရဲဘော်တဦးပါ အဖမ်းခံရ

"စစ်တပ်စစ်ကြောင်းက ကိုင်းတောရွာကနေစထိုးတော့ စစ်ကြောင်းကိုရှောင်ရင်း ထိပ်တိုက်တိုးတာဗျ။ ဖမ်းဆီးခံရတဲ့ရဲဘော်က အဆက်အသွယ်ပြတ်နေတယ်။ ကျဆုံးရဲဘော်ကိုတော့ မုံရွာနယ်ရပ်ကျေး ပြည်သူ့ကာကွယ်ရေးအဖွဲ့က အဲ့ဒီ (သြဂုတ် ၁) ညနေမှာပဲ သင်္ဂြိုဟ်ပေးခဲ့တယ်"

ရေဦးနယ်၊ တင်းတိမ်ရံစျေးနဲ့နေအိမ်တွေက ပစ္စည်းတွေကို စစ်တပ်ကခိုးယူ

" စစ်**တွေက တင်းတိမ်ရံရွာက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူဖို့ သီးသန့်ထွက်လာတာလို့ ခန့်မှန်းရတယ်။ ရွာထဲရှိတဲ့ နေအိမ်တွေနဲ့ စျေးကြီးထဲက ဆိုင်ခန်းတွေကို မွှေနှောက်ရှာဖွေပြီး သူတို့လိုချင်တာ ခိုးယူသယ်ထုတ်သွားတယ်"

ပေါက်နယ်က ပျူစောထီးကင်းတဲ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးဟုဆို

“ကင်းတဲမှာ လက်နက်ကိုင်ထားတဲ့သူက ၅ ယောက် လက်နက်မပါတဲ့သူက ၃ ယောက်ပါ။ အဲ့ဒီ ကင်းတဲကို သူတို့ဆောက်လုပ်ထားတာ ၂ လကျော်ကျော်လောက်ရှိပြီ ။ သူတို့ဘက်ကလည်း ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ လက်နက်ကြီးတွေတော့ မပါဘူး။ သေဆုံးတာကိုတော့ အတွင်းသတင်းအရင်းအမြစ်က သိရတာပါ ”

ဖြူး အုတ်ဖြတ်တံတားမှာ စနိုက်ပါနဲ့ပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ဇူလိုင်လအတွင်း ၃ ဦးသေ

"ဒီနေ့က ဖြူးက စကစ အဖွဲ့တွေလည်း ကင်းလှည့်ရင်းရောက်နေတယ်။ ပုံမှန်ဆို တံတားအောက်မှာ စောင့်နေတဲ့ အင်အား ၅ ဦးလောက်ပဲရှိတာ။ အခုစနိုက်ပါနဲ့သွားပစ်တော့ သူတို့ဘက်ကလည်း ၄၀ မမနဲ့တချက်ပဲ ပြန်ပစ်တယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး"

NLD လက်ထက်တုန်းက ချေးထားတဲ့ သမချေးငွေကို စစ်တပ်က အတင်းအဓမ္မပြန်ဆပ်ခိုင်း၊ ငွေမရလျှင် လူဖမ်းကာ ငွေတောင်း

"ဒီနေ့ ဩဂုတ် ၅ ရက်နေ့လယ် အသရော်အုပ်စုက ချေးငွေချေးထားတဲ့သူတွေကို မြို့နယ်ရုံးကိုလာဖို့ ခေါ်တယ်။ ဖမ်းခံရမှာစိုးလို့ ဘယ်သူမှ မသွားကြဘူး။ ခုကာလက ငွေရေးကြေးရေးအဆင်မပြေ မဆပ်နိုင်ကြဘူး။ ဒါကို အကြွေးဆပ်ဖို့ သူတို့ဘက်ကလည်း နည်းပေါင်းစုံနဲ့ ဖိအားပေးနေကြတယ်။ ရုံးခေါ်ငွေတောင်း မပေးနိုင်သူတွေဖမ်း၊ ဖမ်းခံထိတော့ အပြင်က အတိုးကြီးနဲ့ချေး လူပြန်ရွေးရ။ ဒေသခံတွေက နလံမထူနိုင်ကြဘူး"

ပေါင်းတည်ရဲတပ်ဖွဲ့က အရပ်သားကို ရဲယူနီဖောင်းဝတ်ခိုင်းပြီး ပိုက်ဆံလိုက်တောင်းခိုင်း

“အရပ်သားဆိုပေမယ့် ရဲနဲ့ပေါင်းနေတော့ ရဲတွေဆီကမကောင်းတဲ့အကျင့်က အကုန်ရနေတာ။ ကားတွေ ဆိုင်ကယ်တွေကို ဓါးပြတိုက်သလိုတောင်းပြီး ရတဲ့ငွေကို စစ်သားပါရင်လည်း စစ်သားတွေကိုပါခွဲဝေယူကြတာ။ ဂိတ်တွေပိတ်တယ်သာပြောတာ ငွေတောင်းတာက ရပ်သွားတာမျိုးတော့မရှိဘူး”

ကျောက်ရစ်ရဲစခန်းကို PDFတွေ ဝင်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

“၃ ဦးသေတယ် ၁၀ ယောက်ကျော် ဒဏ်ရာရတာမှာ ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ဒီထိခိုက်သေဆုံးမှုကိုတော့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်ကနေ သိရတာပါ။ သူတို့နဲ့ ကျနော်တို့နဲ့က မီတာ ၁၀၀ ကျော်ကျော်လောက်ပဲ ကွာတယ်။ စစ်ကောင်စီဘက်က မင်းတို့ကောင်တွေ သတ္တိရှိရင်တက်ခဲ့ ဆဲဆိုတာတွေကအစ ကြားနေရတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10