သတင်း

ဆင်မြီးဆွဲမှာ အငြိမ်းစားရဲတဦးနဲ့ နယ်ထိန်းခေါင်းဆောင် ပစ်ခတ်ခံရပြီး အငြိမ်းစားရဲသေဆုံး

"အငြိမ်းစားရဲအရာရှိကတော့ ဆုံးသွားတယ်။ နယ်ထိန်းခေါင်းဆောင်ကတော့ ပြည်ဆေးရုံတင်သွားတယ်။ သေလား၊ မသေလားတော့မသိဘူး။ ဖုန်းဆက်ပြောလို့သိရတာ အသေးစိတ်တော့ မသိရဘူး"

အုတ်တွင်းမှာ အရိပ်ရပင်၂၀၀ ကျော်ကို ပရဟိတအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းစိုက်ပျိုး

"သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းဖို့အတွက် ပြည်သူတွေ သစ်တောသစ်ပင်ကို တန်ဖိုးထားစေချင်တယ်။ ကျေးရွာစိမ်းလန်းစိုပြေဖို့ကိုလည်း တစိတ်တပိုင်းအထောက်ကူဖြစ်အောင်စိုက်ပျိုးဖြစ်တာပါ။ နောက်ထပ်လည်း သစ်ပင်တွေ ထပ်မံလှူဒါန်းစိုက်ပျိုးသွားမှာပါ" လို့ Save The Trees အဖွဲ့မှ ကိုကျော်သူရ က ပြောပါတယ်။

ငါန်းဇွန်ပကဖစခန်း စီးနင်းခံရလို့ ရဲဘော် ၁၂ ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းခံရ

“စခန်းက ငါန်းဇွန်နဲ့ မြစ်ပဲခြားတာ။ စစ်တပ်က သင်္ဘောကို ခပ်လှမ်းလှမ်းမှာကမ်းကပ်ပြီး တခါတည်း စစ်ကြောင်းထိုး စီးလိုက်ပုံရတယ်။ အဲ့နေရာက ကင်းကိုအပြည့်ဝမချနိုင်ရင် အဆင်မပြေတဲ့နေရာဘဲ။ စကစက ရဲဘော်အကုန်လုံးကို ပစ်သတ်ပြီးမှ တဲပေါ်ကိုတင်ထားတာ။ ခေါင်းပစ်ခံရတဲ့သူတွေက အရှင်မိတာ။ ကျန်တဲ့သူတွေက သူတို့(စကစ) အဝေးက ပစ်ထားတာတွေ”

ရာဇဂြိုလ် တံတားပေါ်က ကား ၁ စီးပြုတ်ကျလို့ လူ ၇ ဦးသေဆုံး

ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကလေးမြို့နယ်၊ ရာဇဂြိုလ်ကျေးရွာဘက်မှ တွန်းဇံမြို့နယ်၊ ရှာလ်ထောဇန်ရွာဘက်သို့ မောင်းလာတဲ့ အိမ်စီးကား ၁ စီးဟာ ဘီးချော်ကာ တံတားအောက်ကို ပြုတ်ကျသွားပြီး အသက် ၅၀ အရွယ် ယာဥ်မောင်း ဦးမာန်ခင်း အပါအဝင် ၇ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပဲခူးရိုးမမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး (ရုပ်သံ)

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကာ မိနစ် ၂၀ ဝန်းကျင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ပြီးနောက် သေဆုံးစစ်သားအလောင်းကို မီးရှို့သွားခဲ့သလို အနီးဝန်းကျင်းက ယာတဲ ၃ လုံးကိုလည်း မီးရှို့သွားသေးတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆားတောင်မှာ ဖုန်းလာဝယ်တဲ့ PDF ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

“သူတို့ ၂ ယောက်က အရပ်ဝတ်နဲ့ဖုန်းသွားဝယ်တာ။ သူတို့မှာ Gun အစစ်တလက်နဲ့ လက်လုပ်တလက် ပါသွားတယ်။ အလောင်းကိုတော့ ပြန်ရတယ်၊ လက်နက်တွေတော့ ပြန်မရခဲ့ဘူး” လို့ အမေ့သား Local PDF တပ်ဖွဲ့ (စစ်ကိုင်း)ခေါင်းဆောင် ကိုဘိုလေးက မြေလတ်အသံကို ပြောပါတယ်။

NUG ကြားကာလသင်ကြားရေး ဆရာ၊ဆရာမတွေကို YFC အဖွဲ့က ရိက္ခာထောက်ပံ့

မြောင်မြို့နယ်ရှိ ရွာ ၃ ရွာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပညာရေးဝန်ကြီးဌာနရဲ့ ကြားကာလ ပညာသင်ကြားရေးမှာ စာသင်ပေးနေတဲ့ ဆရာ/မ ၃၄ ဦးကို ဇွန်လ ၂၃ ရက်မှာ ရိက္ခာထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

ရေနစ်ပျောက်ဆုံးခဲ့တဲ့ လူငယ် ၃ ဦးထဲက ၂ ဦးကို သေဆုံးလျက်ပြန်တွေ့

"သူတို့က ရပ်ကွက်ကြီး ၆ မှာနေတာ။ အဝတ်အစားဝယ်မယ်ဆိုပြီး ညီအမ ၂ ဦးနဲ့ သူတို့ရဲ့ သူငယ်ချင်းကောင်လေး ၁ ဦးက မြို့ထဲကို စက်ဘီးနဲ့လာကြတာ။ အပြန်ကြတော့ မြို့ရှောင်လမ်းကနေ ပတ်ပြန်ရင်းက ရေတွေ့လို့ ဆင်းကူးကြတာနေမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲက အောင်မြင်စွာပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သပြေခက်နဲ့ ကြိုဆို

“ရန်သူစစ်ကြောင်း ပြန်ဆုတ်ခွာပြီး တာဝန်ကျရာနေရာကနေ ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုတာပါ၊ ရန်သူ စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခံရတော့ သူတို့မှာ သေဆုံးသူ၊ ဒဏ်ရာရသူတွေရှိလာတော့ ရှေ့ဆက်မသွားတော့ဘဲ ပျူရွာထဲ ပြန်ဝင်သွားတယ်” လို့ ကိုပြည့်ဖြိုးကျော်က မြေလတ်အသံကို ပြောပါတယ်။

ပုသိမ်ကြီးမှာ မိုင်းလာဖြုတ်တဲ့စစ်သားတွေ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးမှုရှိ ဟုဆို

"ခြေထောက်ပြတ်တဲ့ ၂ ကောင်လုံး ဗိုလ်အဆင့်ရှိတယ်လို့ မြေပြင်ကင်းထောက်တွေက ပို့လာတယ်။ ခြေထောက်ပြတ်တဲ့ကောင်တွေလည်း သေဖို့များတယ်" လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေး တပ်ဖွဲ့) တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ငမြားကြီးရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၆ ဦး‌ သေဆုံးဟု ဆို (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်း ၈ နာရီလောက်က စစ်သားနဲ့ရဲ အင်အား ၃၀ လောက်နဲ့ တပ်စွဲနေတဲ့ ငမြားကြီးရဲစခန်းကို ဒရုန်း ၃ စီးနဲ့ ဗုံး ၁၂ လုံးကြဲချခဲ့လို့ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူး ဆရာလေးက ပြောပါတယ်

ခင်ဦးနယ်မှာ စစ်တပ်ကလက်နက်ကြီးပစ်ပြီး ရွာကိုဝင်လို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

"စစ်ကြောင်းကရွာနားကို ရုတ်တရက်ရောက်လာတော့ ရွာသားတွေလည်း အလျင်အမြန်ပြေးကြတာ။ အဲ့ဒီမှာစစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိလို့ အမျိုးသမီးတယောက်သေပြီး ၈ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရသူတွေရဲ့အခြေအနေကို အသေးစိတ်မသိသေးဘူး"

ဝက်လက်မှာ စစ်တပ်မီးရှို့လို့နေအိမ်ဆုံးရှုံးသွားတဲ့ အိမ်ထောင်စု ၁၀၀ ကို ငွေ ၂၅ သိန်းထောက်ပံ့

ဝက်လက်မြို့နယ်မှာ မေလ ၁၇ ရက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒေသခံဦးရေ ၅၀၀ ကျော်ရှိတဲ့ အိမ်ထောင်စု ၁၀၀ အတွက် တအိမ်ထောင်လျှင် ကျပ် ၂၅,၀၀၀ နှုန်းနဲ့ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၅ သိန်း ကူညီပေးခဲ့တယ်လို့ ဝက်လက်မြို့လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုလွင်မိုးသန့်က မြေလတ်အသံကို ပြောပါတယ်။

လုံခြုံ‌ရေးယူနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ဒဏ်ရာရသူများပြား (ရုပ်/သံ)

"မြောက်ယမားတံတားအနားမှာရှိတဲ့ ရဲခွေးတွေကို မနက်ပိုင်း ၇ နာရီခွဲမှာ ပတ်လည်မိုင်းဆွဲလိုက်တာ ရဲခွေးတကောင် သေလုမြောပါးဖြစ်သွားတယ်၊ ကျန်တဲ့ရဲခွေးတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အချိန် ရှေ့ထွက်မိုင်း ၂ လုံးဆက်တိုက် ဆက်ခွဲလိုက်တယ်၊ ရဲခွေး ၇ ကောင် ထိခိုက်ဒဏ်ရာရတယ်၊ အဲ့ဒီ ၇ ကောင်ထဲက ၃ ကောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်၊ အဲဒီ ရဲတွေကို မြန်မာယန်စီ ကုမ္ပဏီရဲ့ လက်အောက်မှာရှိတဲ့ မိုင်းမြို့ ဆေးရုံကို ပို့လိုက်ရတယ်"

ပြည်မှာ ဧရာဝတီမြစ်အတွင်း ကန်တော့ပွဲရေမျှောရာမှ အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံး

"သိုက်ပွဲမျှောတာတဲ့။ ရေကလည်း တက်ထားတာသိပ်မကြာသေးတာကို သူကလည်းဆင်းတာ။ ရေနည်းနည်းနက်တဲ့အထဲရောက်ပြီး လူပါမြုပ်သွားတာတဲ့။ လေး၊ ငါးခါလောက်ပေါ်လိုက်မြုပ်လိုက် ဖြစ်သေးတယ်လို့ သိရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10