မတ္တရာ၊ ညောင်အုပ်ကျေးရွာက ဒေသခံနှစ်ဦးထပ်မံ အသတ်ခံရ
"ဒီနေ့(ဇူလိုင် ၂၆) မနက်ရတဲ့သတင်းအရတော့ စစ်တပ်က ရွာထဲမှာ အပိုင်းသုံးပိုင်းခွဲပြီး နေရာသုံးခုမှာ တပ်စွဲထားတယ်။ ရွာအရှေ့ပိုင်းမှာ လူနှစ်ယောက်ထပ်သတ်ခံထားရတယ်လို့ သတင်းရတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၏ ပြည်ထဲရေးဌာန ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ အမည်မဖော်လိုတဲ့ မြို့နယ်ရဲမှူးက ပြောပါတယ်။