ဒီပဲယင်းမှာ ကျေးရွာပကဖ ၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်ဖြတ်၊ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွား
"ကိုနိုင်လင်းကို ဦးခေါင်း၊ လက်တဖက်၊ ခြေနှစ်ဖက်ဖြတ်ထားခဲ့တာ။ ခန္ဓာကိုယ်ပဲကျန်တယ်။ လက်တဖက်ကို (အိမ်က ဝါး)ထရံမှာ ချိတ်ဆွဲထားခဲ့တယ်"
"ကိုနိုင်လင်းကို ဦးခေါင်း၊ လက်တဖက်၊ ခြေနှစ်ဖက်ဖြတ်ထားခဲ့တာ။ ခန္ဓာကိုယ်ပဲကျန်တယ်။ လက်တဖက်ကို (အိမ်က ဝါး)ထရံမှာ ချိတ်ဆွဲထားခဲ့တယ်"
အဲ့ဒီစစ်ကြောင်းဟာ တောင်ရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြည်သူတွေကို ဖမ်းဆီး ရိုက်နှက်နေတာကြောင့် စက်တင်ဘာလ ၃၀ ရက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၁၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြတာပါ။
"စစ်ကြောင်းထိုးဖို့ တန်းစီပြီး၀င်လာချိန် မြို့အ၀င်နားမှာပဲ စောင့်ပြီးတော့ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေများတယ်။ သေနိုင်တယ်"
"ပခုက္ကူ ဆင်ဖြူရှင်တံတားဘက်ကလာတာ စစ်သင်္ဘော ၂ စီး၊ ဖလက်ခွန် ၆ စီး၊ ဘေးတွဲ ၁ စီးနဲ့ဆို ၉ စီးပါ။ ကျနော်တို့ကြည့်တာတော့ ဆီတွေလို့ ထင်ရတယ်။ သူတို့ဘက်ကလည်း စက်လှေအတွင်းထဲက လှမ်းပစ်ကြတယ်။ တချို့ကျလည်း သဲအိတ်တွေနဲ့ ဘန်ကာလုပ်ပြီး ထိုင်လိုက်လာတာ။ လက်နက်ခဲယမ်းတွေလည်း ပါလိမ့်မယ်ထင်တယ်။"
"ပုံမှန်ရေကြီးရင် အလွန်ဆုံး ၂ ပေလောက်ပဲ။ ၅ ပေလောက်အထိ ရေတက်လာတာ။ နှစ်ပေါင်း ၆၀ လောက်မှာ အဆိုးဆုံးရေကြီးမှုပဲ။ သေဆုံးသူအလောင်းတော့ ပြန်ရပြီ"
အဲဒီလိုဖျက်ဆီးခဲ့လို့ ကသာမြို့နယ်ထဲက ချောင်းဝ၊ မိုးတားကြီး၊ မြေနု၊ မိုးတားလေး၊ ရွှေပြည်သစ်၊ မဲဟင်း၊ မင်းလယ်၊ ခတက်ချောင်၊ မင်္ဂလသုခ၊ သာစည်၊ နလယ်အင်း၊ ပေါမနဲ့ နတ်လှိုင်ကျေးရွာတွေမှာ စက်တင်ဘာလ ၃၀ ရက် ဒီနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မိုးရေထဲမှာ ပြေးရတာဖြစ်ပြီး လမ်းတွေမှာ ဗွက်ထနေတာကြောင့် ဆိုင်ကယ်လည်း အသုံးပြုမရဘဲ ခြေလျင်ပြေးနေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မိုင်းဆွဲခံရတဲ့ စစ်ကြောင်းထဲက အနည်းဆုံး ၅ ယောက်နဲ့ ၁၀ယောက်ကြားသေဆုံးနိုင်တယ်။ အတိကျတော့မသိရဘူး။ မိုင်းဆွဲခံရပြီး နာရီဝက်အကြာမှာ အလောင်းတွေကို တံတားဘက်ကနေ ဖောကားတစီးနဲ့လာသယ်သွားတာကိုမြင်လိုက်ရတယ်။"
"အားလုံးပေါင်း ၁၅ ယောက်သေဆုံးကိုတော့ အတည်ပြုထားနိုင်တယ်။ ဆေးရုံပေါ်မှာ ကျန်သေးတယ်ဆိုတော့ သေဆုံးမှုက ဒီထက်ပိုနိုင်တယ်" လို့ Chindwin Attack Force တပ်ရင်း ၄ သတင်းနဲ့ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။
"ခုခေတ်ကုန်စျေးနှုန်းအရဆိုရင် အနည်းဆုံး စပါးတင်းတရာကို ကျပ် ၁၅ သိန်းအထက်ရမှ နည်းနည်းအဆင်ပြေရုံရမယ်။ အဲ့ဒီအောက်ဆိုရင် လူပင်ပန်းခတောင်မရတဲ့ အခြေအနေပါ။ စိုက်စရိတ်ခ အရင်ကထက် နှစ်ဆပိုကုန်လာတော့ မလွယ်ဘူး"
"ကျနော်တို့ရှိနေတာ ဒီကောင်တွေသိလို့လာဝိုင်းတာ။ အဲ့မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်တာကော မိုင်းမိတာ၊ စနိုက်ပါမိတာကော စကစဘက်က ၄၀ လောက်ကျမယ်" လို့ ဒေသခံ PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။
”စစ်ကောင်စီစစ်ကြောင်းကထောင်ထားတဲ့ မိုင်းကွင်းကနေ မဖြတ်ဘဲ ရိုးချောင်းလေးထဲဖြတ်ဆင်းသွားတာကို ကျနော်တို့ ၂ ဖွဲ့က ဝိုင်းပစ်တာမှာ စစ်သား ၂ ယောက်ကိုယာတဲထဲ ဆွဲသွင်းသွားတာကို မြင်လိုက်ရတယ်။ သေမသေမသိရဘူး။ "
ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၀၀ ခန့်ဟာ မြောင်းသစ်ကျေးရွာဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ပြည်သူတွေကို အကာအကွယ်ယူထားတဲ့ သဘောမျိုးဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။
မြေလတ်ဒေသအတွင်းက တပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက သတင်းအချို့ကို ကောက်နုတ်တင်ဆက်ပေးထားပါတယ်။
စက်တင်ဘာ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကလေးမြို့၊ မြို့လှရပ်ကွက်က နေအိမ်တလုံးထဲ ကျရောက်သွားပြီး ထမင်းချက်နေတဲ့ ၂၇ နှစ်အရွယ် မခင်မာစိန် (ခ) မပဲလှော် ထိမှန်သေဆုံးသွားသလို အိမ်နားနီးချင်းဖြစ်တဲ့ ဦးမြဖေ ၅၈ နှစ်နဲ့ ဦးလူမင်း ၆၇ နှစ် တို့ကိုလည်း ခြေထောက်ထိမှန်သွားတယ်လို့ ဆိုပါတယ်။