သတင်း

ညောင်ပင်ဝန်းရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရလို့ စခန်းမှူးအပါအဝင် ၇ ဦးသေဆုံးဟုဆို (ရုပ်/သံ)

"ဒရုန်း ၇ စီးသုံးပြီး တိုက်တာ။ ဗုံးသီး ၁၄ လုံးကြဲပြီး တိုက်ခိုက်နိုင်ခဲ့တယ်။ စခန်းမှူးနေတဲ့ တဲထဲကို ဒဲ့ချနိုင်ခဲ့တယ်။ သူတို့ စုပြီးတော့ အရက်သောက်ဖဲရိုက်နေတဲ့နေရာကိုလည်း ကြဲချနိုင်ခဲ့တယ်။ သေဆုံးမှုက စခန်းမှူးအပါအဝင် ၇ ဦးသေဆုံးပြီး ဒဏ်ရာရတာလည်းများပါတယ်။ ဒဏ်ရာရ စာရင်းကိုတော့ မသိရသေးပါဘူး။"

အောင်လံမှာ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရလို့ ဒဏ်ရာပြင်းထန်

"သူမြို့က ပြန်လာတာကိုစောင့်ကြည့်ပြီး ရွာနားအရောက်လောက်မှာ ၄ ချက်လောက် ပစ်ခတ်ခဲ့တာ။ လက်မောင်းနဲ့ ခါးပိုင်းတွေမှာ သေနတ်ကျည်တွေထိခဲ့တယ်။ သေတော့မသေသေဘူး ဒဏ်ရာပြင်း ထန်ရသွားတယ်လို့ သိရတယ်"

စစ်ကိုင်းနယ်က ပျူစောထီးတွေပိုင်တဲ့ ကား ၂ စီးကို ဒေသခံ PDF တွေက မီးရှို့ဖျက်ဆီး

"မာလဲတောပျူရွာကကား ၂ စီး ဘုန်းကြီးကျောင်းအနီးမှာ ရပ်ထားတယ် သတင်းရလို့ သွားရောက်မီးရှို့ခဲ့တာပါ။ ကားပေါ်မှာဘယ်က ခိုးလားမှန်းမသိတဲ့ ဆိုင်ကယ်တွေရေခဲသေတ္တာတွေ ပန်ကာတွေပါတယ်။ အကုန်ရှင်းလင်းခဲ့ပါတယ်။ ဘာတခုမှမယူခဲ့ဘူး ပျူတွေ စစ်သားတွေ အသုံးပြုနေတဲ့ကားမို့ ဖျက်ဆီးခဲ့တာပါ။"

စစ်တပ်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခဲ့လို့ တပ်သား ၂ဦးသေဆုံးဟုဆို

“ကျနော်တို့နဲ့ အပြန်အလှန်ပစ်ခတ်ရင်း ရန်သူဘက်က ၂ ယောက်ကျသွားတာကို တွေ့ရပါတယ်။ ကျနော်တို့ပစ်ခတ်ချိန် ၃ မိနစ်လောက်ပဲကြာလိုက်တယ်။ သူတို့ ဂိတ်မှာက စုစုပေါင်း လူ ၃၅ ယောက်လောက်ရှိတယ်။ အဲဒီထဲမှာမှ အယောက် ၂၀ လောက်က တောင်ပေါ်မှာ ကင်းပုန်းဝပ်နေတာ။ ၁၀ လောက်ပဲ သူတို့ဂိတ်မှာ ကျန်ခဲ့တယ်။ Drone ဗုံးသီး ၂ နဲ့ ပစ်ချခဲ့တယ်။ ထိခိုက်တာတွေလည်းရှိနိုင်ပေမယ့် ရန်သူ့နယ်မြေထဲဝင်မရတော့ ဘယ်လောက်ထိ ထပ်ထိသွားလဲဆိုတာ မပြောနိုင်ပါဘူး။ ”

ပြည်မြို့မှာ နေအိမ်အတွင်း အနုကြမ်းစီးပြီး အမျိုးသမီးတဦးကို သတ်သွား

“ကျတော်တို့ရောက်တော့ လူနာကသေနေပြီ၊ နားထင်မှာ ကတ်ကြေးလို ချွန်တဲ့အရာနဲ့ထိုးထားတဲ့ ထိုးသွင်းဒဏ်ရာရယ်၊ လည်ပင်းအညိုမဲတွေရယ် ဒဏ်ရာ ၂ခုရှိတယ်၊ ပြီးတော့ အိမ်အပေါက်ဝနားကနေ နောက်ဖေး ရေချိုးခန်းထိ ဒရွတ်တိုက်ဆွဲသွားတဲ့ သွေးစီးကြောင်းအရာနဲ့ ဆံပင်တွေ တွေ့ရတယ်။”

ဖြူးက ပျူစောထီးဆိုသူ ရှင်းလင်းခံရ

"သူက PDF အသွားအလာတွေ စောင့်ကြည့်ပြီး စကစ ကို သတင်းပေးနေတာရှိတယ်။ သူ့ယောက္ခမကော သူကော ပျုစောထီးသင်တန်း တက်ထားသူဖြစ်တယ်။ အဲ့ဒါကြောင့်နေအိမ်မှာ အဖွဲ့တွေက သွားရှင်းလိုက်တာ"

မုံရွာ PDF တွေကို လူထုဆက်ဆံရေး ကျင့်ဝတ်အပါအဝင် စစ်ရေးမွမ်းမံသင်တန်းတွေ ပို့ချ

"ကျနော်တို့ PDF ဆိုတာ ပြည်သူကမွေးဖွားလာတဲ့ ပြည်သူ့ရဲဘော်တွေပါ။ လက်နက်ခဲယမ်းကအစ ပြည်သူက ဝယ်ပေးထားတာ။ ပြည်သူကို မျက်နှာမမူဘဲ ပြန်နှိပ်စက်တဲ့လုပ်ရပ်မျိုးကတော့ လက်မခံနိုင်ပါဘူး။ ဒါကလည်း အဖွဲ့ငယ်လေးတွေမှာ ဖြစ်နေတာတွေ့ရပါတယ်။"

ကန့်ဘလူနယ်က စစ်ရှောင်စခန်း ၂ ခုကို ကျွန်းလှအဖွဲ့က စားသောက်ကုန်နဲ့ အဝီစိရေတွင်း လှူဒါန်း

“ကျနော်တို့ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံစားသောက်ကုန်တွေကို လှူဒါန်းဖြစ်ပါတယ်။ အခုလို လှူဒါန်းရတာကလည်း လက်လှမ်းမီသလောက် ကူညီတဲ့သဘောပါ။ စစ်ရှောင်စခန်းမှာ လိုအပ်နေတဲ့ အခြေခံဆေးဝါးတွေလှူပေးခဲ့တယ်”

ပဒူကျေးရွာကို စစ်တပ်က ၂ လအတွင်း ၈ ကြိမ်မီးရှို့

“ပဒူက တိုက်နယ်အဆင့်မှာပါတော့ အိမ်ခြေကများတယ်။ အခုရွာကို မီးရှို့နေတာလည်း ပဒူရဲစခန်းမှာ ကျန်ခဲ့တဲ့ (စစ်ကောင်စီတပ်သား)တဝက်လောက်က နေအိမ်တွေကို မီးရှို့နေတာ”

ရွေဘိုမှာ စစ်ကူလာတဲ့စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိ

"ပန်းရံရွာကနေ စစ်သား ၁၂ ဦး ကားအသေးနဲ့လာတယ်။ ဇီးဖြူကုန်းရွာမြောက်ဖက် မူးဘောင်ပေါ်မှာ ကားကိုထားပြီး ခြေလျင်လျှောက်ပြီး ၆၀ မမ၊ ၄၀ မမရယ် သေနတ်တွေဖောက်လာတာ တည်သီးတော ပျူခေါင်းဆောင်မောင်ဆန်းအထိုင်ချနေကျ လင့်စင်(တဲ)နားလည်းရောက်ရော အသင့်ထောင်ထားတဲ့ မိုင်း ၅ လုံးနဲ့ဆွဲခဲ့တာ"

စစ်အုပ်စုတပ်စွဲထားတဲ့ တိုးလ်ဂိတ်နဲ့ ရဲသင်တန်းကျောင်းဂိတ်ကို ဒရုန်းနဲ့ဗုံးချ၊ ၂ ဦးသေဆုံးဟုဆို

“အဲ့ဒီနေရာ ၂ ခုကို တပွိုင့်ကို ဗုံးသီး ၄ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်။ တိုးလ်ဂိတ်ကိုဗုံးချတာမှာ တပ်မ ၃၃ စစ်သားတွေရှိတဲ့ ဂိတ်ဘန်ကာပေါ်ကိုကျလို့ ၂ ယောက်သေတယ်”

လက်ပံတန်းက စတိုးဆိုင်တခု ဖောက်ထွင်းခံရပြီး ငွေသိန်း ၂၀၀၀ ခန့်နဲ့ ရွှေ ၃ ပိဿာနီးပါး ပါသွား

“ဆိုင်ရှင်တွေက လက်ပံတန်းမှာ အရမ်းချမ်းသာကြတဲ့သူတွေ။ တခြားဟိုတယ်တွေလည်းပိုင်တာရှိတယ် ။ စတိုးဆိုင်က အပေါင်ဆိုင်နဲ့တွဲဖွင့်ထားတာ။ ဆိုင်ရော၊ အိမ်ရောတွဲထားတာပေါ့။ ညသန်းခေါင်ကျော် ဝင်ပြီး ဖောက်ထွင်းသွားတာ ဆိုင်ကလူတွေလည်း တယောက်မှမနိုးဘူး”

နတ်သံကွင်း တိုက်ပွဲကြောင့် ထွက်ပြေးရသူတွေထဲ ဒေသခံပြည်သူ ၄၅၀၀ ​ကျော် နေရပ်မပြန်နိုင်သေး

"တိုက်ပွဲစဖြစ်ကာစက ထွက်ပြေးတဲ့ ပြည်သူတွေက သောင်းကျော်မယ်။ ခုတော့ အခြေအနေလည်း အနည်းငယ်ငြိမ်သက်နေပြီဆိုတော့ အချို့ကျတော့ မြို့ပေါ်ပြန်လာနေကြပြီ။ ရွာတွေဘက်လည်း ပြန်သူတွေရှိနေပြီ။ စဖြစ်တုန်းကတော့ မြို့ပေါ်ကသူတွေတောင် ပြေးကြရတယ်။"

လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီ ထွက်ပြေးနေရ (ရုပ်/သံ)

"အင်အား၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ယင်းမာယင်မြို့၊ အင်ကြင်းတောင်ကျေးရွာထဲ တပ်စွဲထားရာကနေ ထွက်လာပြီး စစ်ကြောင်းထိုးရာ လက်ရှိမှာ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်အစပ်မှာရှိတဲ့ ဖိုးတောင်နဲ့ မတောင့်တကျေးရွာအကြားကို ရောက်ရှိကာ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် အခုလိုထွက်ပြေးနေကြရတာဖြစ်တယ်"

မြေလတ်ပြောက်ကျားအဖွဲ့က ရိက္ခာအတွက် ကိုယ်ထူကိုယ်ထစိုက်ခင်းတွေ စိုက်ပျိုး

“အခုလိုစိုက်ပျိုးထားတာက ၂ လလောက်ရှိပါပြီ၊ အခုလို စိုက်ပျိုးရတာကလည်း ဝမ်းရေးအတွက် တဖက်တလမ်းက အဆင်ပြေအောင်လို့ပါ။ ကန်စွန်းတို့အပြင် အခြားအပင်တွေလည်း စိုက်ပျိုးထားတယ်။ ရေတိုက်စားလိုက်တော့ အကုန်ပျက်စီးကုန်တယ်။ ကျန်ခဲ့တဲ့ အခင်းလေးတွေက ရေလွတ်ရာမှာရှိနေလို့သာ ကျန်ခဲ့တာ။ မဟုတ်ရင် စိုက်ခင်းတွေ အကုန်ပျက်စီးကုန်မှာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10