သတင်း

စကားများရာမှ အမျိုးသားက လည်ပင်းညှစ်သတ်လို့ အမျိုးသမီး သေဆုံး

"ရန်ဖြစ်ကြတော့ ကောင်လေးက ကောင်မလေး လည်ပင်းကိုညှစ်တာ လေပြွတ်ပိတ်ပြီး သေဆုံးသွားတယ်"

စစ်ကောင်စီနဲ့ပျူစောထီးတွေက ရွာသားတွေကို ကင်းစောင့်ခိုင်းနေပြီး ကင်းမစောင့်နိုင်သူတွေက ငွေကျပ် ၁၂၀၀၀ ပေးနေရ

"ပစ်ခတ်မှုဖြစ်တုန်းက ရွာသားတွေသိလျက်နဲ့ မပြောဘူးဆိုပြီး ရွာသားတွေကို ဒုက္ခပေးချင်တာရယ်။ တဖက်မှာလည်း ကင်းလာမစောင့်နိုင်ရင် သူတို့အတွက် ငွေရတယ်ဆိုတဲ့ ပုံစံနဲ့လုပ်နေတာ"

တော်လှန်ရေးအမှန်တကယ်လုပ်ပြီး ငွေကြေးခက်ခဲတဲ့တပ်ဖွဲ့တွေကို RB16 သေနတ် ၄ လက်ထောက်ပံ့

"MGN 9 STAR တပ်ဖွဲ့ကို ၁ လက်၊ ဒေါင်းနီတပ်ဖွဲ့ကို ၃ လက်ပေးခဲ့ပါတယ်။ သူတို့အဖွဲ့တွေ ငွေခက်ခဲနေတာသိလို့ အလှူငွေမယူခဲ့ပါဘူး။ မဟာမိတ်မဟုတ်တဲ့ တခြားအဖွဲ့တွေကိုလည်း ထောက်ပံ့ပေးပါတယ်"

ဒု-ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ကို စစ်ကောင်စီကထုတ်ပယ်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒု-ဗိုလ်ချုပ်ကြီး ညိုစောနဲ့ အစားထိုးပြင်ဆင်ဖွဲ့စည်း

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင် ၉ ဦးနဲ့ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအတွက် ထုတ်ပယ်လိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီး ၂ ဦးနေရာမှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ စစ် ခေါင်းဆောင်ရဲ့ အကြံပေးအဖြစ်ခန့်ထားတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစောတို့ ၂ ဦးနဲ့ အစားထိုးလိုက်တာလည်း ဖြစ်ပါတယ်။

မုံရွာမြို့ အထက ၁ ကျောင်းအနီး စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ ပစ်ခံရပြီး ရဲ ၁ ဦးသေ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

အထက ၁ ကျောင်းအနီး ရဲနဲ့ပျူစောထီး အင်အား ၁၅ ဦး အထိုင်ချတပ်စွဲထားတဲ့ဂိတ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရေဦးနဲ့ ဒီပဲယင်းနယ်တွေကို စစ်တပ်က စစ်ကြောင်းထိုး

"ရွာထဲက ပြည်သူတွေကတော့ ကြိုရှောင်ထားတာမို့ ထိခိုက်မှုမရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ နှစ်မြို့နယ် ချုပ်စပ်ကရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူတွေ နေထိုင်ရာကျေးရွာတွေဘက်ကို စစ်ကြောင်း ထိုးလာတာပါ"

ပုလဲမြို့နယ်၊ တနယ်ရွာကို စစ်တပ်ကတပ်စွဲထား၊ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်သွား

"စစ်တပ်က စစ်ကြောင်းထိုးပြီး ပျူစောထီးတွေအတွက် ရိက္ခာလာရှာပေးတဲ့ သဘောပေါ့"

မြောင်မြို့နယ် ကင်းကျေးရွာက ပစ္စည်းတွေယူပြီးပြန်လာတဲ့ စစ်တပ်ကို PDF တွေ မိုင်းဆွဲတိုက်ခိုက်

“သူတို့ဖမ်းသွားတဲ့ ရွာသား ၅ ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်။ ရွာသားတွေကို သူတို့ပြောတယ်။ ထမင်းချက်ထား ငါတို့ပြန်လာခဲ့မယ်ဆိုပြီး ပြောသွားတယ်။ ကျနော်တို့မိုင်းဆွဲလိုက်တဲ့အချိန် သူတို့ဘက်က လဲကျသွားတာကို မြင်တွေ့ရတယ်။ နောက်ထပ်ကြားရတာကတော့ တယောက်တော့ သေသွားတယ်တဲ့”

ပဲခူးအနောက်ခြမ်းမြို့နယ်တွေမှာ ရိုးမအတွင်းဖြတ်သန်းသွားလာခွင့် PDF ပိတ်ပင်

"ဒီအသိပေးချက် ထုတ်ပြန်ရတာကလည်း ပြည်သူတွေအတွက် ဖြစ်ပါတယ်။ ခုထုတ်ပြန်ချက်က ပြည်သူတွေ အကျိုးစီးပွားထိခိုက်လာနိုင်ပေမယ့် မလွှဲသာတဲ့အတွက် နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ရွှေဘို လူမှုကယ်ဆယ်ရေးအသင်းဥက္ကဌ ဖမ်းဆီးခံရ

"သူကို တောင်ဘက်မုခ်အဝင်နားလောက်ကနေ ဖမ်းသွားတာလို့ သိရတယ်။ သူက အရင်က ဆေးတပ်ကထွက်ထားတယ်လို့ သိရတယ်။ ဘာကြောင့် ဖမ်းခံရတယ် ဘယ်သူဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး"

မြိုင်က ပကဖစခန်းတခု မီးရှို့ခံရပြီး ရဲဘော်တဦးနဲ့ ပြည်သူတဦးပါ ပစ်ခတ်ခံရပြီးသေဆုံး

“စစ်ရှောင်တွေကိုကူညီဖို့ ကျနော်တို့ ရဲဘော် ၂ ယောက်ကိုချန်ထားတာ။ အဲဒီမှာ စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်လာတော့ ရဲဘော်သောကြာက လည်ပင်း အဓိကထိတာပါ။ ဒဏ်ရာကတော့ လေးနေရာလောက်ထိတယ်”လို့ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မင်းလှမြို့နယ် ပဲခူးရိုးမအစပ်က ဒေသခံတွေ မြို့နားကျေးရွာတွေဆီ ပြောင်းရွှေ့

“တောင်ပေါ်ကနေ ဆိုင်ကယ်တွေနဲ့ ပဲ၊ နှမ်းတွေကို ပါနိုင်သလောက်သယ်လာပြီး စိန်ကန့်လန့်ကို ပြောင်းလာပြီး ရောင်းချနေတာ။ ဆိုင်ကယ် ၂ စီးပါသူကလည်း တစီးရောင်းပြီး စားရေးသောက်ရေးဖြေရှင်းနေကြတယ်။ ငွေတတ်နိုင်သူတချို့ကဆို စိန်ကန့်လန့်ရွာမှာ အိမ်တွေလိုက်ဌားနေကြတာ။ ပြောင်းလာတဲ့လူဦးရေက အတိအကျမသိရဘူး။ ရာဂဏန်းတော့ရှိမယ်။ တချို့က တောတိုက်တွေထဲမှာနေကြတာ“ လို့ ဒေသခံတဦးက ပြောပါတယ်။

"ပုဂံပြည်ဘီလူးတပ်" အမည်ကိုသုံးပြီး ညောင်ဦးဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းမှုတွေရှိနေ

စက်တင်ဘာလ ၂၃ ရက်ကစပြီး ညောင်ဦး - ကျောက်ပန်းတောင်းကားလမ်း၊ ကျောက်ပန်းတောင်း -လက်ပံပြားကားလမ်း စတဲ့ကားလမ်းပိုင်းတွေက ဘေးတလျှောက်ရှိ စားသောက်ဆိုင်၊ ထန်းရည်ဆိုင်ပိုင်ရှင်တွေကို ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေတောင်းခံနေတာလို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်သားတဦး ၅ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံး

"သူပြုတ်ကျချိန် အနားမှာကျန်တဲ့ အလုပ်သမားတွေလည်း မရှိဘူးလို့သိရတယ်။ သူတယောက်တည်း ရှိနေချိန် ဘယ်လိုပြုတ်ကျသွားမှန်း မသိလိုက်ကြဘူးတဲ့။ သူက အထွေထွေလုပ်သားလို့ပဲ သိရတယ်"

ဝေါမှာ နင်းမိုင်းထိလို့ အမျိုးသားတဦး ခြေထောက်ပြတ်

"စကစ ထောင်ထားတဲ့ မိုင်းထိတာက သေချာတယ်။ မိုင်းထိတာနဲ့ ခြေကျင်းဝတ်ကနေ ပြတ်ထွက်သွားတာ။ နင်းမိုင်းထိတာလို့တော့ သိရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10